ပင်မစာမျက်နှာများ

News


 

လှိုင်သာယာဖိနပ်စက်ရုံမှာ အလုပ်သမား ၈ဝဝကျော် ၁ဝရက်ကြာ ဘာကြောင့်ဆန္ဒပြနေလဲ

လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုချက်ကို အလုပ်ရှင်ကလိုက်လျောခဲ့ပေမယ့် လှိုင်သာယာက Master Sports Myanmar ဖိနပ်စက်ရုံမှာ ၁ဝရက်မြောက်တဲ့အထိ အလုပ်သမားတွေ ဘာကြောင့်ဆန္ဒပြနေကြတာလဲ။
စက်မှုဇုန် ၃မှာရှိတဲ့ ကိုရီးယားပိုင် ဒီစက်ရုံမှာရှိတဲ့ အလုပ်သမားပေါင်း ၈ဝဝကျော်လုံး ဆန္ဒပြဖို့ကြိုးစားတဲ့အခါ နှုတ်နဲ့ရော လက်နဲ့ပါ ကျူးလွန်တဲ့ မြန်မာဝန်ထမ်း ကြီးကြပ်ရေးမှူးကို ဖယ်ပေးဖို့ တောင်းဆိုချက် အခုထိ စက်ရုံမှူးက မလိုက်လျောသေးတာကြောင့် ဆန္ဒပြပွဲက ဖေဖော်ဝါရီ ၂၅ရက်နေ့အထိ ဆက်လက်ပေါ်ပေါက်ဆဲဖြစ်ပါတယ်။
ကိုယ်ထိလက်ရောက် စော်ကားမှုဟာ ရာဇဝတ်မြောက်တယ်ဆိုရင် တရားစွဲခွင့်ရှိတယ်။ ဒါပေမယ့် အလုပ်ရှင်ခန့်ထားတဲ့သူကို ဖြုတ်ပေးဖို့ကတော့ အလုပ်ရှင်ရဲ့ စီမံခန့်ခွဲခွင့်ဖြစ်တာကြောင့် နောက်နောင် ဒီလိုပြဿနာတွေမဖြစ်အောင် တာဝန်ခံဖို့သာ လုပ်ပေးနိုင်တယ်လို့ လှိုင်သာယာ အလုပ်သမားအရေး ညှိနှိုင်းဖြန်ဖြေရေးရုံးက ဆိုပါတယ်။
အလုပ်သမားတွေကို ကိုယ်ထိလက်ရောက် စော်ကားတယ်လို့ စွပ်စွဲခံနေရတဲ့ ကြီးကြပ်ရေးမှူး မလဲ့လဲ့ဝင်းကတော့ ဒါဟာ တစ်ဖက်သတ်ပြောဆိုချက်တွေသာဖြစ်တဲ့အကြောင်းနဲ့ သူ့အနေနဲ့ တာဝန်ရှိသူတွေရှေ့ နှစ်ဖက်ပြေပြေလည်လည်ဖြစ်တာကိုပဲ လိုလားတယ်လို့ ဆိုပါတယ်
Master Sports Myanmar ဖိနပ်စက်ရုံဟာ အားကစားဖိနပ်တွေ ချုပ်လုပ်ပြီး ကိုရီးယားနိုင်ငံကို တင်ပို့နေတဲ့ ကိုရီးယားပိုင်စက်ရုံဖြစ်ပြီး ၂ဝ၁၃ မေလမှာ စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမားပေါင်း ၈၃ဝလောက်ရှိပြီး လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြမှုဟာ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပါတယ်။

အနည်းဆုံးအခကြေးငွေနှုန်းထားတွင် အလုပ်ရှင်၊ အလုပ်သမား တောင်းဆိုချက် ကွာဟလျက်ရှိ

အနည်းဆုံးအခကြေးငွေနှုန်းထား ပြဋ္ဌာန်းနိုင်ရန် မြေပြင်ကွင်းဆင်းစစ်တမ်းကောက်ခံရာတွင် အလုပ်ရှင်အလုပ်သမား တောင်းဆိုဖော်ပြချက်များနှင့် ကွာဟလျက်ရှိကြောင်း မြန်မာဖွံ့ဖြိုးမှုအရင်းအမြစ်အဖွဲ့ (MDRI) အကြီးတန်းသုတေသနပညာရှင် ဒေါက်တာအောင်သူငြိမ်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က အနည်းဆုံးအခကြေးငွေဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် ခေတ်ကာလနှင့်လျော်ညီသည့် နှုန်းထားသတ်မှတ်နိုင်ရန် အစိုးရက ပညာရှင်များနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းလေ့လာမှုများကို အောက်တိုဘာလပိုင်းက စတင်ကာလုပ်ဆောင်ခဲ့သည်။ ထိုသို့ ကွင်းဆင်းလေ့လာမှုတွင် လက်ရှိ လုပ်သားများရရှိနေသည့် လုပ်ခလစာနှင့် အသုံးစရိတ်တို့ကို အသေးစိတ်ရရှိရန် ဆန္ဒပြမှုအများဆုံးဖြစ်ပွားလျက်ရှိသည့် အဓိကမြို့သုံးမြို့ဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် ပဲခူးကို နှစ်လကျော်ကြာ ဦးစားပေးစစ်တမ်းကောက်ခံခဲ့သည်။

အဆိုပါစစ်တမ်းကောက်ခံမှု ရလဒ်တို့ကို နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) တို့ထံ ယခုလဆန်းပိုင်းက တင်ပြထားပြီး အကြံပြုချက်များကို ရယူသွားမည်ဖြစ်သည်။ ထိုသို့ ရရှိလာမည့် အကြံပြုချက်များအပေါ် လေ့လာသုံးသပ်ပြီးပါက အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်ရေး အမျိုးသားကော်မတီအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

““တချို့လုပ်သားတွေရဲ့ ကုန်ကျစရိတ်အပိုင်းတော့ တွက်ချက်ပြီးသွားပြီ။ ကုန်ကျစရိတ် နှုန်းထားပိုင်းတော့ မပြောသေးဘူး။ အငြင်းပွားမှုတွေ ဖြစ်လာမှာစိုးတယ်။ သူတို့တောင်းဆိုတဲ့ နှုန်းထားနဲ့တော့ ကွာခြားမှုရှိတာတော့ တွေ့ရတယ်””ဟု ဒေါက်တာအောင်သူငြိမ်းကပြောသည်။

လက်ရှိတွင် အနည်းဆုံးအခကြေးငွေနှုန်းထားအပေါ် အလုပ်သမားများက တစ်ရက်လျှင် အနိမ့်ဆုံးငွေ ကျပ် ၅၆၀၀ မှ ၇၀၀၀ ထိ ပေးရန် တောင်းဆိုဆန္ဒပြုလျက်ရှိသော်လည်း အလုပ်ရှင်ဘက်က ၎င်းတို့ကို ငွေကျပ် နှစ်ထောင်ထိသာ ပေးနိုင်ကြောင်း အပြန်အလှန်ပြောဆိုဆွေးနွေးလျက် ရှိသေးသည်။

ယင်းစစ်တမ်းကောက်ခံရာတွင် အငြင်းပွားမှုအများဆုံးဖြစ်ပွားလျက်ရှိသည့် လုပ်ခစား (CMP) လုပ်ငန်းမှ အလုပ်သမားများကို အဓိကထား၍ ကောက်ခံခဲ့ပြီး အဆိုပါကောက်ခံရရှိခဲ့သည့် နှုန်းထားများ အမျိုးသားကော်မတီအဖွဲ့သို့ ရောက်ရှိရန် အချိန် ကြန့်ကြာဦးမည်ဖြစ်သည်။

အရပ်သားအစိုးရလက်ထက်တွင် လုပ်ခလစာ နည်းပါးစွာရရှိသည့်အပြင် အလုပ်သမားအခွင့်အရေး နစ်နာလျက်ရှိသော စက်မှုဇုန်ရှိ အလုပ်သမားများသည် ၎င်းတို့ရပိုင်ခွင့်များကို အလုပ်ရှင်ထံ တိုက်ရိုက်တောင်းဆိုမှုများ ပြုလုပ်လာခဲ့ကြသည်။ ထို့နောက် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများဖြစ်ပွားလာခဲ့ပြီး ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

တော်ဝင်လုပ်သားများကို ကြားကာလနစ်နာကြေး ကျပ်သိန်းနှစ်ရာကျော် ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ

ရိုက်နှက်မှုများ ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ တော်ဝင်မိသားစု သစ်အချောထည် စက်ရုံလုပ်သား ၁၇၅ ဦးကို အလုပ်ခန့်ရန် ပျက်ကွက်ခဲ့၍ ကြားကာလ နစ်နာကြေး ကျပ်သိန်းနှစ်ရာကျော် ပေးမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် ခရိုင်မှူး ဦးအောင်ခင်က ပြောကြားသည်။

အလုပ်ပြောင်းရွှေ့ ခံရသည့် အဆိုပါ လုပ်သားများကို အလုပ်ပြန်ခန့်ရန် ခုံသမာဓိ အဖွဲ့က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့သော်လည်း စက်ရုံက ခုံသမာဓိကောင်စီထံ အယူဝင်ခဲ့သည်။

ခုံသမာဓိအဖွဲ့ နည်းတူ အလုပ်သမားများကို အလုပ်ပြန်ခန့်ရန် ခုံသမာဓိကောင်စီက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ချက် ချခဲ့ပြီး ခုံသမာဓိအဖွဲ့နှင့် ကောင်စီတို့ ဆုံးဖြတ်ချက် ကြားကာလကို အလုပ်ဆင်းရက် အဖြစ် သတ်မှတ်ကာ ကြားကာလ နစ်နာကြေး ပေးရခြင်းဖြစ်သည်။

အလုပ်ရှင်က သတ်မှတ်အချိန် အတိုင်း နစ်နာကြေးပေးခြင်း မရှိကြောင်း၊ နစ်နာကြေး ပေးရမည့် ပမာဏမှာ ၆,၆၄၅,၀၀၀ ကျပ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပျက်ကွက်ခဲ့သည့် ၁၁ လ အတွက် ကျပ် ၂၀ တိုးဖြင့် တွက်ချက်ပေးရ၍ ကျပ်သိန်း နှစ်ရာကျော်သွားခြင်းဖြစ်ကြောင်း ဦးအောင်ခင်က ဆိုသည်။

ယင်းသို့ ပေးလျော်ရန် နစ်နာကြေး ကျပ်သိန်းနှစ်ရာကျော်ကို အလုပ်ရှင်က အင်းစိန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားပြီး ဖြစ်ကြောင်း၊ နစ်နာကြေး လာရောက်ထုတ်သူ လုပ်သားများသည် မှတ်ပုံတင်မိတ္တူနှင့် ရပ်ကွက်ထောက်ခံစာ ယူကာ ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဌာနမှ ဦးစီးမှူး ဦးမျိုးမြင့်ထွန်းထံတွင် စာရင်းပေးကာ ထုတ်ယူနိုင်ကြောင်း ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လုပ်သားများကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

လုပ်သားများ သဘောမပါဘဲ အလုပ် ပြောင်းရွှေ့ခံရသဖြင့် တော်ဝင်လုပ်သား ၂၀၀ ကျော် အလုပ်မပြောင်းရွှေ့ရန် အပါအဝင် လုပ်သားများ တောင်းဆိုသည့် အချက်ငါးချက် အနက် အလုပ်ပြန်ခန့်ရန် အပါအဝင် အချက်လေးချက်ကို အလုပ်ရှင်က လိုက်လျောရန် ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်ချခဲ့ရာ အလုပ်ရှင်က မလိုက်နာဘဲ ခုံသမာဓိကောင်စီကို ဆက်လက် အယူခံဝင်ခဲ့သည်။
ယင်းအပြင် ခုံသမာဓိ အဖွဲ့ ဆုံးဖြတ်ချသည့် နေ့မှ ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက် ချသည့်နေ့ အထိကို အလုပ်ဆင်းရက် အဖြစ် သတ်မှတ်ကာ ရက် ၃၀ အတွင်း လုပ်ခပေးရန် ဆုံးဖြတ်ခဲ့သည်။
8.1.1
သပိတ်စခန်းဖွင့် ဆန္ဒပြနေသည်ကို နိုဝင်ဘာ ၂၁ ရက် ည ၁၁ နာရီက တွေ့ရစဉ်(ဓာတ်ပုံ-မင်းသိန်းနိုင်)
ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်ရှိ E-LAND Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမား ၇၀၀ ကျော်သည် အခြေခံလစာ တိုးတောင်းသည့်ကိစ္စ အဆင်မပြေသောကြောင့် စက်ရုံရှေ့တွင် သပိတ်စခန်း ဖွင့်လှစ်ကာ ဆန္ဒပြလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက် တွင် စက်ရုံရှိ အလုပ်သမားများ အခြေခံလစာ နည်းပါးပြီး စားဝတ်နေရေး ခက်ခဲလာမှုကြောင့် လစာတိုးပေးရန် စက်ရုံတာဝန် ရှိသူများကို အလုပ်သမား ၇၀၀ ကျော်ခန့်က လက်မှတ်ထိုး တင်ပြခဲ့သော်လည်း ပယ်ချခဲ့သဖြင့် အလုပ်သမားခေါင်းဆောင် အဖွဲ့က ရွှေပြည်သာမြို့နယ် လေဘာရုံးသို့ အကူအညီတောင်း တင်ပြခဲ့ကြောင်း သိရသည်။
ထိုသို့တင်ပြပြီး ရွှေပြည်သာမြို့နယ် လေဘာရုံး၌ သုံးရက်ကြာမြင့်ခဲ့ကာ ''ဥပဒေနဲ့ မညီဘူး။ ဒါလူမှုရေးကိစ္စ'' ဟု ပြန်လည်ပြောဆိုခဲ့ပြီး ရှင်းမပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အလုပ်သမားခေါင်းဆောင် အဖွဲ့မှ ဦးဆောင်၍ပင် မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့အား စာတင်ပြ၍ ကြားဝင်ဖြေရှင်းပေးရန် အောက်တိုဘာ ၂၆ ရက်တွင် တောင်းဆိုတင်ပြခဲ့ပြီး တစ်ပတ်ခန့် အကြာတွင် အဆိုပါမြို့နယ် အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ခုံသမာဓိရုံးအား လွှဲပေးပြီး ဖြေရှင်းခိုင်းသော်လည်း ခုံသမာဓိရုံးမှ သုံးရက်အကြာတွင် မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ကိုပင် ပြန်လည်လွှဲပြောင်း ဖြေရှင်းခိုင်းခဲ့ကြောင်း သိရသည်။
ထို့နောက် အလုပ်သမား ၇၀၀ ကျော် ခန့်သည် နိုဝင်ဘာ ၁၂ ရက်တွင် စက်ရုံရှေ့၌ စတင်ဆန္ဒပြခဲ့ကြပြီး နိုဝင်ဘာ ၁၇ ရက်အထိ အလုပ်မဆင်းတော့ဘဲ အလုပ်ရှင်နှင့် တွေ့ဆုံပြီး တိုက်ရိုက်စကားပြောရန် ခွင့်တောင်းခဲ့ရာ အလုပ်ပိုင်ရှင်မှာ ကိုရီးယားသို့ သွားနေကြောင်းပြောပြီး အလုပ်ရှင် ပြန်ရောက်မှသာ ရှင်းပေးမည်ဟု စက်ရုံတာဝန်ရှိသူများက ပြောခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၈ ရက်တွင် အလုပ်သမား ၆၀၀ ကျော်ကို ထုတ်ပယ်သည့် အလုပ်ထုတ်စာအား စက်ရုံထဲတွင် ကပ်ကာ ကြေညာခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်တွင် စက်ရုံရှေ့၌ သပိတ်စခန်းဖွင့်ကာ စတင်ဆန္ဒ ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''၀န်ထမ်းတွေရဲ့အခြေလစာကတော့ ကျပ် ၃၃၀၀၀ ပါ။ ဒါ့အပြင် အထည်လိုင်စင်ခ၊ နှစ်ကြာမြင့်ကြေး၊ ရက်မှန်ကြေးတွေနဲ့ ပေါင်းရင်မှ လစာက ကျပ်ခုနစ်သောင်းကျော်၊ ရှစ်သောင်းလောက်ပဲ ရတာပါ။ ၀န်ထမ်းအကုန်လုံး စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် အခြေခံလစာကိုကျပ် ၃၀၀၀၀ ထပ် တိုးတောင်းတာပါ။ သူတို့က သဘောမတူဘူး။ နောက်ဆုံး ကျွန်တော်တို့ အလုပ်သမားတွေရဲ့ သဘောအရ တစ်သောင်းလောက်ပဲ တိုးပေးပါ။ ပြီးတော့ အလုပ်မဆင်းဘဲနေတဲ့ ခြောက်ရက်ကို လစာမဖြတ်ဘဲ အပြည့်ပေးဖို့ တောင်းဆိုတယ်။ သူတို့က လစာကျပ် တစ်သောင်းတိုးပေးဖို့ပဲ သဘောတူတယ်။ အလုပ်မဆင်းတဲ့ ခြောက်ရက်လစာကို မပေးဘူးဆိုလို့ ဆန္ဒပြတာပါ။ ကျွန်တော်တို့ တောင်းဆိုတာကို မပေးသရွှေ့ ဆန္ဒပြတာကို လုံးဝမရပ်ပါဘူး။ အရှိန်မြင့်သွားဖို့ပဲရှိတယ်'' ဟု အလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းက နိုဝင်ဘာ ၂၁ ရက်ညပိုင်းက ပြောကြားသည်။
ဆက်လက်၍ စက်ရုံအလုပ်သမား တစ်ဦးဖြစ်သူ မစန်းစန်းမော်က ''ကျွန်မက ဘိုကလေးကပါ။ မိဘတွေက ကျန်းမာရေး မကောင်းပါဘူး။ လယ်လုပ်ပါတယ်။ ရန်ကုန်ကိုအထင်ကြီးပြီး လာလုပ်တာ။ အခုလိုဖြစ်တော့ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး'' ဟု ပြောကြားခဲ့သည်။
ယင်းကိစ္စအား E-LAND Myanmar အထည်ချုပ်စက်ရုံ အထွေထွေမန်နေဂျာ မသိင်္ဂီကိုဖုန်း အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းဖြေကြားခြင်း မရှိခဲ့ပါ။

ကလေးလုပ်သား ခိုင်းစေမှုပပျောက်ရေး အိုင်အယ်အို က ဒေါ်လာ သန်းချီ အကူအညီပေးရန် အသင့်ဖြစ်နေ
==========================================
ကျော်ဇေယျ ၊ စိုင်းဟန်
==========================================
ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ။ ။မြန်မာ နိုင်ငံရှိ ကလေးလုပ်သားခိုင်းစေ မှုပပျောက်ရေး အတွက် အကူ အညီပေးရန် အပြည်ပြည်ဆိုင် ရာအလုပ် သမားအဖွဲ့ချုပ် (အိုင် အယ်လ်အို)က အသင့်ရှိနေပြီး အစိုးရခွင့်ပြုချက်ရပါက စတင် လုပ်ဆောင် မည် ဖြစ်ကြောင်း မြန် မာအခြေစိုက်ရုံးခွဲမှ သိရသည်။

ယခုစီစဉ်နေသည့် ကလေး လုပ်သားခိုင်းစေမှုပပျောက်ရေး၊ ကလေးများ၏လုပ်အားကိုထုတ် ယူမှု လျှော့ချရေးလုပ်ငန်းများ ကို ဆောင်ရွက်ရန်အတွက် ဆွစ်ဇာ လန်နိုင်ငံ၏ ငွေကြေး ကူညီ မှုအာ မခံချက်ရရှိထားပြီး အမေရိကန် နိုင်ငံမှအကူအညီပေးရန် အလား အလာရှိကြောင်း မြန်မာနိုင်ငံအ ခြေစိုက် အိုင်အယ်လ်အိုရုံးမှ ရုံး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

''ကလေးလုပ်သားပပျောက် ရေးအတွက် အမေရိကန်ဒေါ်လာ သန်းချီပြီး ဆွစ်ဇာလန်နိုင်ငံက ကူ ညီမယ့်အစီအစဉ်က ခိုင်မာနေပြီ။ ဒီလုပ်ငန်းစဉ်ကို အမေရိကန်နိုင်ငံ ကလဲ ပါဝင်ကူညီဖို့ရှိတယ်ဆိုတာ သိရပါတယ်''ဟု နိုဝင်ဘာ၂၁ ရက်က အိုင်အယ်လ်အို ရုံးမှအဖွဲ့ ဝင်တစ်ဦးက ပြောခဲ့သည်။

ကလေးအလုပ်သမား ပ ပျောက်ရေးအတွက် ငွေကြေးမည် မျှသုံးစွဲမည်ဆိုသည့် အသေးစိတ် အချက်အလက်ကို ထုတ်ဖော်ပြော ကြားခြင်းမရှိခဲ့သော်လည်း အစိုးရ ခွင့်ပြုချက်ပေးပါက အိုင်အယ်လ် အိုဘက်မှ စတင်လုပ်ဆောင်ရန် အသင့်ဖြစ်နေကြောင်း သိရသည်။

ကျောင်းဆရာ ဆရာမများအတွက် တစ်နှစ်စာ လစာငွေ ကုန်ကျစရိတ် ကျပ် ၄၄ ဒသမ ၄ ဘီလျံ ၈ ရက်၊ ၈ နာရီ၊ ၃၁ မိနစ်စာ ဓာတ်ငွေ့ရောင်းရသော ဘဏ္ဍာငွေနှင့် ညီမျှဟုဆို

AddThis Social Bookmark Button
မြန်မာနိုင်ငံရှိ ကျောင်းဆရာ ဆရာမများ၏ တစ်နှစ်စာ လစာငွေ ကုန်ကျစရိတ် ကျပ် ၄၄ ဒသမ ၄ ဘီလျံသည် ၈ ရက်၊ ၈ နာရီ၊ ၃၁ မိနစ်စာ ဓာတ်ငွေ့ရောင်းရသော ဘဏ္ဍာငွေနှင့် ညီမျှကြောင်း အောက်တိုဘာ ၃၁ ရက် သင်္ဂဟဟိုတယ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးများအတွက် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး အလုပ်ရုံဆွေးနွေးပွဲတွင် ယူနီဆက်ဖ်မြန်မာ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၂-၂၀၁၃ ခုနှစ် ဘတ်ဂျက်တွင် ပညာရေး သုံးစွဲငွေမှာ ပညာရေး ၀န်ကြီးဌာနသို့ ခွဲဝေသတ်မှတ် ပေးခြင်းဖြင့် တိုင်းတာပါက ကျပ် ၇၅၂၀၆၆ သန်းရှိပြီး ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများ အတွက် စုစုပေါင်း သုံးစွဲငွေ ကျပ် ၆၈၃၃၃၆၂ သန်း၏ ၁၁ ရာခိုင်နှုန်း ဖြစ်သည်။ ၀န်ကြီးဌာနများနှင့် ဦးစီးဌာနများအတွက် စာရင်းရှင် သုံးစွဲငွေ၏ ၁၅ ဒသမ ၂ ရာခိုင်နှုန်းနှင့် ငွေလုံးငွေရင်း သုံးစွဲငွေ၏ ၆ ဒသမ ၇ ရာခိုင်နှုန်းမှာ ပညာရေးအတွက် သုံးစွဲကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပညာရေး သုံးစွဲငွေမှာ ဂျီဒီပီ၏ ၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် စုစုပေါင်း နိုင်ငံတော် အစိုးရ အသုံးစရိတ်၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ဘတ်ဂျက်ပါ သုံးစွဲငွေကို ပေါင်းထည့် ထားသော်လည်း အပြည့်အ၀ အကောင်အထည် ဖော်သည့်တိုင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးကြောင်း...


ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိန်းက ''Social Budget, Social Investment ဆိုတာတွေက ၀န်ကြီးဌာန သုံးခုပေါင်းကို ခေါ်လိုက်တာ။ ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုပ်ပေးရမှာ။ နောက်လာမည့် ဘတ်ဂျက်တွေမှာ လိုအပ်တဲ့ အတိုင်းတိုးဖို့ တောင်းခံရမယ်။ Plan ပါရမယ်။ ဘာလုပ်မယ်ဆိုတဲ့ Plan မပါဘဲနဲ့ ပိုက်ဆံတစ်ရာ လိုချင်ပါတယ် ပြောလို့မရဘူးလေ။ အဲ့ဒီတစ်ရာကို ဘယ်လိုသုံးမလဲ ဆိုတာကို Plan ပါမယ်။ ဒါပေမဲ့ ခုနကပြောသလို အခြားနိုင်ငံတွေနဲ့ စာရင်နည်းနေ သေးတာပေါ့။ သက်ဆိုင်ရာ ၀န်ကြီးဌာနက စရမှာပေါ့။ ငွေတွေက အဟောသိကံ ဖြစ်ကုန်ပြီလေ။ Plan ပါရင်တော့ Plan အတိုင်း လုပ်မလုပ် စစ်ဆေးလို့ရမယ်။ စစ်ဆေးဖို့ လုပ်တာကတော့ သက်ဆိုင်ရာ ၀န်ကြီးဌာန လုပ်တယ်။ ပြီးတော့မှ စာရင်းစစ်ချုပ်ရုံးက လုပ်တယ်ပေါ့နော်။ ဒီထက် လုပ်နိုင်တဲ့ ယန္တရား တစ်ခုရှိရင် ပိုကောင်းတာပေါ့'' ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပညာရေး သုံးစွဲငွေမှာ ဂျီဒီပီ၏ ၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် စုစုပေါင်း နိုင်ငံတော် အစိုးရ အသုံးစရိတ်၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ဘတ်ဂျက်ပါ သုံးစွဲငွေကို ပေါင်းထည့် ထားသော်လည်း အပြည့်အ၀ အကောင်အထည် ဖော်သည့်တိုင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မူလတန်းသင် ဆရာ ၃၆၀၀၀ မျှရှိပြီး စာသင်ကျောင်း ရာခိုင်နှုန်း ၆၀ ၌ ဆရာမလုံလောက်ဘဲ ကျောင်းဆရာ သုံးယောက်မှ အတန်းငါးတန်းမျှ၍ သင်ကြားနေရကြောင်း ယူနီဆက်ဖ်၏ ထုတ်ပြန်ချက် စာတမ်းများအရ သိရသည်။

 Myanmar Handsome အထည်ချုပ်စက်ရုံ အလုပ်သမားများမှ တောင်းဆိုချက် လေးချက် ညှိနှိုင်းမရသရွေ့ ဆက်လက် သပိတ်မှောက် သွားမည်ဟုဆို

AddThis Social Bookmark Button
8.1.1
Myanmar Handsome အထည်ချုပ်စက်ရုံ ရှေ့တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ် စက်ရုံမှ သပိတ်မှောက် အလုပ်သမား ၃၀၀ ကျော်မှာ ဒုတိယနေ့အဖြစ် ဆက်လက် သပိတ်မှောက်ခဲ့ကြပြီး အလုပ်သမားများဘက်မှ တောင်းဆိုသည့် တောင်းဆိုချက် လေးချက်အား ညှိနှိုင်းမရသရွေ့ ဆက်လက် တောင်းဆို သပိတ်မှောက် သွားမည်ဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင်များက The Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
အဆိုပါ သပိတ်စခန်းကို ယင်းစက်ရုံ ရှေ့တွင် အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကာ (၁) အကြောင်းမဲ့ အလုပ်ဖြုတ်ခဲ့သည့် ကိုစည်သူမင်းအား အလုပ်ပြန်ခန့်ပေးရေး၊ (၂) ယခင်ချုပ်ဆိုထားသည့် စာချုပ်ပါ အခွင့်အရေးအတိုင်း အပြည့်အ၀ ရရှိရန် (၃) စီစီတီဗွီ ကင်မရာများအား လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် နေရာများတွင်သာ တပ်ဆင်ထားရှိရေးနှင့် ညှိနှိုင်းဆဲ ကာလအတွင်း လုပ်အားခနှင့် အလုပ်သမား အခွင့်အရေးများ အပြည့်အ၀ပေးရန် စသည့် အချက်လေးချက်အား တောင်းဆိုလျက် ရှိကြောင်း သိရသည်။
အလုပ်သမား ခေါင်းဆောင် မနုနုလွင်က ''ကျွန်မတို့ သပိတ်မှောက်တယ် ဆိုတာကကို စည်သူမင်းကို အငြိုးအတေးထားပြီး အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ် လိုက်တာကို ပြန်ခန့်ပေးဖို့ရယ် စက်ရုံဝင်းထဲမှာ တပ်ဆင်ထားတဲ့ စီစီတီဗွီ ကင်မရာတွေကို အလုပ်နဲ့ သက်ဆိုင်တဲ့ နေရာတွေမှာပဲ တပ်ဆင်ဖို့ အဓိက တောင်းဆိုတာပါ'' ဟု ဆိုသည်။
အခြားသပိတ်မှောက် အလုပ်သမား တစ်ဦးဖြစ်သူ မဖြူစင်ကလည်း ''အလုပ်သမား ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ကိုစည်သူမင်းကို အိမ်သာသွားတာ ကြာတယ်ဆိုပြီး အပြစ်မရှိ အပြစ်ရှာတယ်။ နောက် စူပါနဲ့ စကားများပြီး သူ့ကိုလက်မှတ် ထိုးခိုင်းပြီး အလုပ်ထုတ် လိုက်တဲ့အတွက် ပြန်ခန့်ပေးဖို့ အောက်တိုဘာ ၂၈ ရက်ကစပြီး စက်ရုံထမင်းစား ဆောင်ထဲမှာ သုံးရက်ဆန္ဒပြ တောင်းဆိုတာ မရတဲ့အတွက် အပြင်မှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုရတာပါ'' ဟု ပြောကြားခဲ့သည်။
ထို့အပြင် ယင်းစက်ရုံ၌ အလုပ်သမားများအား စောင့်ကြည့်ရန် အတွက် စီစီတီဗွီ ကင်မရာများအား မိန်းကလေးအိမ်သာ ကော်ရစ်တာအထိ တပ်ဆင်ထားပြီး ယင်းကင်မရာ မှတ်တမ်းများကို စောင့်ကြည့်ရန် အတွက် တရုတ်အမျိုးသား တစ်ဦးအား ငှားရမ်းတာဝန် ပေးထားကြောင်း စက်ရုံအလုပ်သမားများက ပြောကြားသည်။

ခွင့်ပြုချက်မဲ့ အဆောက်အအုံများအား ဆောက်လုပ်သည့် ကန်ထရိုက်အပြင် ဆောက်လုပ်မှုတွင် ပါဝင်သော ပန်းရန်အလုပ်သမားများကိုပါ တရားစွဲဆိုရန် စီစဉ်နေဟု ထုတ်ပြန်

ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်သည့် ကန်ထရိုက်အပြင် ယင်းအဆောက်အအုံများကိုပါ ဆောက်လုပ်ပေးသည့် ပန်းရန် အလုပ်သမားများကို တရားစွဲဆိုရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်တီ၊ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က ပြောကြားသည်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေအရ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ပါက ဆောက်လုပ်သည့် ကန်ထရိုက်မှာ လိုင်စင်မရှိ၍ မြေရှင်ကိုသာ တရားစွဲဆို၍ ရကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် အသစ်ပြန်လည် ရေးဆွဲထားသော "ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ"တွင်မူ ခွင့်ပြုချက်မဲ့ အဆောက်အအုံများအား ပြန်လည်ဖျက်သိမ်း၍ ကန်ထရိုက်ကို အရေးယူနိုင်သည့်အပြင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုတွင် ပါဝင် အားပေးကူညီသည့် ဆောက်လုပ်ရေး ပန်းရန် အလုပ်သမားများကိုပါ တရားစွဲဆို အရေးယူနိုင်သည့်အချက် ပါဝင်ကြောင်း သိရသည်။
အဆိုပါ ဥပဒေ ပြဋ္ဌာန်းပြီးဖြစ်သော်လည်း နည်းဥပဒေလိုအပ်နေပြီး လက်ရှိ နည်းဥပဒေ ရေးနေကာ ရေးဆွဲပြီးပါက စတင်တရားစွဲဆိုနိုင်မည် ဖြစ်ကြောင်း ဦးမောင်မောင်ဇော်က ပြောကြားသည်။
ယင်းသို့ ဆောက်လုပ်ပေးသည့် ပန်းရန် အလုပ်သမားများကိုပါ တရားစွဲဆိုခြင်းမှာ အလုပ်သမားများမှာ အလုပ်အကိုင် အခွင့်အလမ်းအရ လုပ်ရခြင်းဖြစ်၍ ယင်းမှာ မသင့်လျာ်ကြောင်း ဝေဖန်မှုအချို့ ရှိနေသည်။ သို့ သော် ထိုသို့ပြုလုပ်ရန် စီစဉ်ခြင်းမှာ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ လျော့နည်းသွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လက်ရှိ ရန်ကုန်မြို့တော်တွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အဆောက်အအုံ ၁၁၅၇ လုံးရှိနေပြီး အရှေ့ပိုင်းခရိုင်တွင် ၆၀၂ လုံး၊ အနောက်ပိုင်းခရိုင်တွင် ၉၉ လုံး၊ တောင်ပိုင်းခရိုင်တွင် ၁၂၄ လုံးနှင့် မြောက်ပိုင်းခရိုင်တွင် ၃၃၂ လုံးတို့ဖြစ်ကြောင်း၊ ခွင့်ပြုချက်မဲ့ အဆောက်အအုံအများဆုံးမှာ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပြီး အလုံး ၅၀၀ ကျော်ရှိနေသည်။

ထိုင်းနိုင်ငံနယ်စပ် တစ်လျှောက်တွင် စင်တာ ငါးခုဖွင့်ပြီး ပတ်စ်ပို့အနီပေးရန် စီစဉ်

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား များကို နိုင်ငံကူးလက်မှတ် (ပတ်စ် ပို့အနီ) ပြုလုပ်ပေး ရန် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် နေရာငါးခု တွင် ချက်ချင်းအပြီးဆောင်ရွက် ပေးနိုင်သည့် စင်တာ(One Stop Service Center)များ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း မြန်မာ သံအမတ်ကြီး ဦးတင်ဝင်း က ပြောသည်။...

အောက်တိုဘာ ၁၁ရက်နှင့် ၁၂ရက်များတွင် နှစ်နိုင်ငံအစိုးရ ချင်း တွေ့ဆုံဆွေးနွေး မှု တစ်ခု ပြု လုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲကို နှစ် နိုင်ငံစလုံးမှ အလုပ်သမားဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ တက် ရောက်ခဲ့သည်ဟု ဦးတင်ဝင်းက ပြောသည်။

''လက်ရှိလေးနေရာကတော့ဖွင့်ဖို့အဆင်သင့်ဖြစ်နေပြီ။ မော တောင်တစ်ခုပဲ မြန်မာဘက်က အဆင်သင့် မဖြစ်သေးလို့''ဟု ၎င်း က ဆိုသည်။

ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ နယ်၊ တက်ခရိုင် မဲဆောက်မြို့နယ်၊ ကန်ချနပူရီမြို့နယ်၊ ရနောင်းမြို့ နယ်တို့၌ နိုဝင်ဘာလဆန်းတွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ဦးတင်ဝင်းက ရှင်းပြသည်။

အထက်ပါနေရာများမှ ထုတ် ပေး ရန် စီစဉ်သကဲ့သို့ပင် အောက် တိုဘာ ၂၁ရက်မှစပြီး မြန်မာနိုင်ငံ မှထွက်ခွာမည့် မြန်မာအလုပ် သမားများကို ပတ်စ်ပို့အနီထုတ် ပေးတော့မည်ဖြစ်ကြာင်း ဦးတင် ဝင်းက ပြောသည်။

မြန်မာအလုပ်သမားများ ကို နိုင်ငံကူး လက်မှတ် ထုတ်ပေး မည့် အစီအစဉ်တွင် ပထမအဆင့် အနေဖြင့် MoU နှင့် လာသည့် အလုပ်သမားများကို နိုင်ငံကူး လက်မှတ်ထုတ်ပေးပြီး ဒုတိယ အဆင့်အနေဖြင့် ၂၀၁၄ မတ်လ တွင် ပြည်ပရှိ မြန်မာအလုပ်သမား အားလုံး ပတ်စ်ပို့အနီထုတ်ပေးရန် မူချမှတ်ထားကြောင်း ဦးတင်ဝင်း က ပြောသည်။

အဆိုပါ အချက်နှစ်ချက်အား နှစ်နိုင်ငံ နိုင်ငံအစိုးရအနေဖြင့် မူ အားဖြင့် သဘောတူထားပြီးဖြစ် ပြီး ယခုယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်နေ သည့် မြန်မာအ လုပ်သမားများအနေဖြင့် ၂၀၁၄ ခုနှစ် မတ်လအထိ ကိုင်ဆောင် ထားရမည်ဖြစ်သည်ဟု ဦးတင်ဝင်း က ပြောသည်။

မြန်မာအစိုးရအနေဖြင့် တရားဝင် နိုင်ငံတကာ နိုင်ငံကူး လက်မှတ်ထုတ်ပေး ပါက အလုပ် သမားများအတွက် ကောင်းမွန် သည်ဟု ဆိုနိုင်သော်လည်း ထိုင်း အစိုးရဘက်မှ မည်သည့်ထုတ်ပြန် ချက်မှ မကြားသိရသေးကြောင်း Foundation for Education and Development ဒါရိုက်တာ ဒေါ်ပိုပို က ပြောသည်။

''နိုင်ငံကူးလက်မှတ် တရား ဝင်ထုတ်ပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ကာကွယ်ပေးရမယ့် ကိစ္စ ရယ်၊ ပြီးတော့ သူတို့ရဲ့ ခံစားခွင့် တွေနဲ့ပတ်သက်ပြီး နည်းနည်း မေးခွန်းထုတ်စရာတော့ ဖြစ်တာ ပေါ့''ဟု ရွှေ့ပြောင်းအလုပ်သမား အရေး ကူညီပံ့ပိုးပေးနေသည့် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်း လုပ်ငန်းကော်မတီ (TACDB) ဥက္ကဋ္ဌဦးမြင့်ဝေက မှတ်ချက်ပေး သည်။

အလုပ်သမားများအားခေါင်းပုံဖြတ်မှုများကို ကောက်ခံထားသည့် အစီရင်ခံစာ ထွက်ရှိ

ရန်ကုန်စက်မှုဇုန်အတွင်းရှိ အလုပ်သမားတစ်ထောင်ကျော်၏ လုပ်ခ၊ လစာများအပေါ် အလုပ်ရှင်များ၏ အမြတ်ထုတ် ထိန်းချုပ်ခံနေရသည်ဟု လုပ်သားများနှင့် လုပ်ငန်းခွင်ရေးရာ အတိုင်ပင်ခံစင်တာ (Labor Rights Clinic)က အောက်တိုဘာ လ ၃၀ ရက်က သတင်းထုတ်ပြန်လိုက်သည်။

“ခေတ်သစ် ကျွန်သဘောက်”အမည်ရှိ အစီရင်ခံစာကို အောက်တိုဘာလ ၃၀ ရက်က ရန်ကုန်မြို့ ရွှေ ဂုံတိုင်ရှိတော်ဝင်နှင်းဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“စက်မှုဇုန်အလုပ်သမားတွေက ခေတ်သစ်ကျွန်သဘောက်ကဲ့သို့ ခံစားနေရတယ်၊ အလုပ်သမားအများစု ကလုပ်ငန်းခွင်ပြဿနာမျိုးစုံနဲ့ရင်ဆိုင်နေရတယ်”ဟု လုပ်သားများနှင့် လုပ်ငန်းခွင်ရေးရာ အတိုင်ပင်ခံ စင်တာ ၂ မှ ကိုရန်နိုင်ထွေးက ပြောသည်။

စက်မှုဇုန်အလုပ်သမားများသည် အခြေခံလုပ်ခ၊ လစာမှာနည်းပါးလွန်းပြီး အချိန်ပိုလုပ်စေခြင်း၊ ရက်မပျက် ဆုကြေးပေးအပ်ခြင်းများဖြင့် အလုပ်သမားများကိုထိန်းချုပ်ထားခြင်းဖြင့် စက်မှုဇုန်အလုပ်သမားများ အပေါ်အမြတ်ထုတ်ခြင်းများရှိနေသည်ဟု အစီရင်ခံစာကဆိုသည်။

“လစဉ်အားလပ်ရက်မှာ နည်းပါးလှပြီး အလုပ်သမားတွေကနားရက်တွေမှာ အလုပ်ရှင်ကအချိန်ပိုအလုပ် ဆင်းခိုင်းရင် ငြင်းပယ်ခွင့်မရှိဘဲ ငါးနှင့်ပုစွန်စက်ရုံများရှိ လုပ်သားများက လတ်လတ်ဆတ်ဆတ်ငါးများ ဖမ်းမိလာသော လှေဝင်လာပါက ညလုံးပေါက်အလုပ်လုပ်ရသည်”ဟုလည်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ရန်ကုန်စက်မှုဇုန်များရှိ လုပ်သားအများစုသည် တစ်ရက်လျှင် ၁၀ နာရီကျော် အလုပ်လုပ်ကိုင်ရပြီး တစ်ပတ်တွင် ခြောက်ရက်ခန့်လုပ်ငန်းခွင် ၀င်ရောက်နေကြရာ ၎င်းတို့ဘ၀သည် အသက်ရှင်လောက်ငရုံသာ လုပ်ခအတွက် အလုပ်လုပ်ကိုင်နေကြသည်ဟုလည်း ပါရှိသည်။

စက်မှုဇုန် အလုပ်သမားများအား ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်းကြောင့် ၂၀၁၂ ခုနှစ် မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ လစာတိုးတောင်းသည့် စက်ရုံအလုပ်ရုံပေါင်း ၉၀ ရှိခဲ့ပြီး ဆန္ဒပြမှုများလည်း ဖြစ်ပွားခဲ့ သည်။ သို့သော်အလုပ်သမားဝန်ကြီးဌာနမှ ထိရောက်သည့် ဖြေရှင်းမှုမပေးနိုင်သေးဟု လုပ်သားများနှင့် လုပ်ငန်းခွင်ရေးရာစင်တာမှ အတိုင်ပင်ခံဦးချစ်ဦးမောင်က ပြောသည်။

ထိုအစီရင်ခံစာကို လုပ်သားများနှင့် လုပ်ငန်းခွင်ရေးရာအတိုင်ပင်ခံစင်တာ၏ ၂၀၁၂ ခုနှစ် အောက်တိုဘာ လမှ စတင်ကာ တစ်နှစ်တာအတွင်း စက်မှုဇုန်အလုပ်သမား ၁၄၀၀ ကျော်ထံ ကွင်းဆင်းတွေ့ဆုံမေးမြန်း မှုများအရ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမေးမြန်းထားသည့် စက်မှုဇုန်အလုပ်သမားအများစုသည် အခြေခံအထက်တန်းအဆင့်ရှိသည့် အလုပ်သမားအများစု ပါဝင်သည်။

ယင်းစစ်တမ်းသည် ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်များရှိစက်ရုံ၊ အလုပ်ရုံပေါင်း ၄၅ ရုံ၏ အလုပ်သမားများ ထံမှစစ်တမ်းများဖြစ်သည်။



မြန်မာ အလုပ်သမား လုပ်အားခ လျော်ကြေးပြန်ရ

Photo: မြန်မာအလုပ်သမား လုပ်အားခလျော်ကြေးပြန်ရ
Wednesday, September 18, 2013

မြန်မာအလုပ်သမားတွေကို လုပ်အားခမပေးပဲ ခိုင်းစေခဲ့တဲ့ အလုပ်ရှင်ကို လျော်ကြေးငွေအနေနဲ့ ထိုင်းဘတ်ငွေ ၈သောင်းကျော် ပြန်လည်ပေးအပ်ဖို့ တရားရုံးကအမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ M1 အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ မြန်မာအလုပ်သမား ၁၉ဦးကို အလုပ်ရှင်က လုပ်အားခလစာမပေးပဲ ၄၅ ရက်ကြာ ခိုင်းစေခဲ့တဲ့အတွက် အလုပ်သမားရေး အကူအညီပေးနေတဲ့ JACBA အဖွဲ့ရဲ့ အကူအညီနဲ့ ထိုင်းအလုပ်သမားတရားရုံးကို ပြီးခဲ့တဲ့လ လကုန်ပိုင်းမှာ တင်ပြတရားစွဲဆို ခဲ့တာဖြစ်ပါတယ်။

လုပ်အားခလစာ မပေးတဲ့အပေါ် တရားစွဲဆိုတဲ့ကိစ္စကို မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) တာဝန်ခံ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားကာကွယ်ရေးရုံး ဆဝါဒီကန်ရုံးတို့ ဘာတို့နဲ့ ချိတ်ဆက်ပြီး တော့ သူတို့လုပ်အားခတွေ ပြန်ရအောင်လုပ်တော့ ဒီ ၁၉ ရက်အတွင်းမှာပဲ ဒီ ၁၉ ယောက်က စုစုပေါင်း သူတို့တွက်ချက်မှုကတော့ ဘတ် ၁ သိန်းခွဲလောက်ရှိတယ်၊ ဒါပေမယ့် အလုပ်ရှင်က ထွက်ချက်တာကတော့ ဘတ် ၈ သောင်း ၆ ထောင်ကျော်၊ အဲဒါကိုဒီနေ့ ပြန်ပေးလိုက်တယ်၊ အဲဒီတော့ ဒီနေ့ပထမအရစ်အနေနဲ့တော့ သူတို့ဘတ် ၁၇၀၀၀ ဝန်းကျင်လောက် ပေးလိုက်တယ်၊ ဒုတိယအရစ်အနေနဲ့ လာမယ့်အောက်တိုဘာလ ၂၂ ရက်နေ့ မှာ အပြီးချေမယ်။”

ဒီနှစ်ထဲမှာပဲ တာ့ခ်ခရိုင်အလုပ်သမားရုံးကို လုပ်အားခမရလို့ တိုင်ကြားတဲ့ အမှုပေါင်း  ၄၅ မှုရှိခဲ့ပြီး အဲ့ဒီအထဲမှာ စက်ရုံအလုပ်ရုံ ၂၀ လောက်နဲ့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေက ၂၅ မှုလောက်ရှိခဲ့ကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

ရွေ့ပြောင်းအလုပ်သမားများထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ (Credit: ABC)
ရွေ့ပြောင်းအလုပ်သမားများထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ (Credit: ABC)
မြန်မာ အလုပ်သမားတွေကို လုပ်အားခမပေးပဲ ခိုင်းစေခဲ့တဲ့  အလုပ်ရှင်ကို လျော်ကြေးငွေ အနေနဲ့ ထိုင်းဘတ်ငွေ ၈သောင်းကျော် ပြန်လည်ပေးအပ်ဖို့ တရားရုံးကအမိန့် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ M1 အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ မြန်မာအလုပ်သမား ၁၉ဦးကို အလုပ်ရှင်က လုပ်အားခလစာမပေးပဲ ၄၅ ရက်ကြာ ခိုင်းစေခဲ့တဲ့အတွက် အလုပ်သမားရေး အကူအညီ ပေးနေတဲ့ JACBA အဖွဲ့ရဲ့ အကူအညီနဲ့ ထိုင်းအလုပ်သမားတရားရုံးကို ပြီးခဲ့တဲ့လ လကုန်ပိုင်းမှာ တင်ပြ တရားစွဲဆို ခဲ့တာဖြစ်ပါတယ်။
လုပ်အားခလစာ မပေးတဲ့အပေါ် တရားစွဲဆိုတဲ့ကိစ္စကို မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) တာဝန်ခံ ဦးမိုးကြိုးက အခုလိုပြောပါတယ်။
“ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားကာကွယ်ရေးရုံး ဆဝါဒီကန်ရုံးတို့ ဘာတို့နဲ့ ချိတ်ဆက်ပြီး တော့ သူတို့လုပ်အားခတွေ ပြန်ရအောင်လုပ်တော့ ဒီ ၁၉ ရက်အတွင်းမှာပဲ ဒီ ၁၉ ယောက်က စုစုပေါင်း သူတို့တွက်ချက်မှုကတော့ ဘတ် ၁ သိန်းခွဲလောက်ရှိတယ်၊ ဒါပေမယ့် အလုပ်ရှင်က ထွက်ချက်တာကတော့ ဘတ် ၈ သောင်း ၆ ထောင်ကျော်၊ အဲဒါကိုဒီနေ့ ပြန်ပေးလိုက်တယ်၊ အဲဒီတော့ ဒီနေ့ပထမအရစ်အနေ နဲ့တော့ သူတို့ဘတ် ၁၇၀၀၀ ဝန်းကျင်လောက် ပေးလိုက်တယ်၊ ဒုတိယအရစ်အနေနဲ့ လာမယ့်အောက်တို ဘာလ ၂၂ ရက်နေ့ မှာ အပြီးချေမယ်။”
ဒီနှစ်ထဲမှာပဲ တာ့ခ်ခရိုင်အလုပ်သမားရုံးကို လုပ်အားခမရလို့ တိုင်ကြားတဲ့ အမှုပေါင်း ၄၅ မှုရှိခဲ့ပြီး အဲ့ဒီအထဲ မှာ စက်ရုံအလုပ်ရုံ ၂၀ လောက်နဲ့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေက ၂၅ မှုလောက်ရှိခဲ့ကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ ထားပါတယ်။
လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ HOPE ONEံအထည်ချုပ်စက်ရုံမှအလုပ် သမားများအား အလုပ်ခန့်အပ် စဉ်ကပြောကြားခဲ့သောလစာအတိုင်း မပေးအပ်သည့်အတွက် အလုပ် သမားများက စက်တင်ဘာလ(၆) ရက်နေ့တွင် စက်ရုံတာဝန်ရှိသူ များနှင့်သွားရောက်ညှိနှိုင်းရာ အဆင်မပြေသည့်အပြင် နောက် နေ့တွင်အလုပ်သမား(၁၀၀)ခန့်ကို စက်ရုံအတွင်းဝင်ရောက်ခွင့်မပြု ကြောင်း HOPE ONE အထည် ချုပ်စက်ရုံရှိ အလုပ်သမားများက ဆိုပါသည်။
““အစ်မကဒီစက်ရုံက All Super  ပါ၊ စက်ရုံကသြဂုတ်လ (၁၅)ရက်နေ့မှာ အလုပ်သမား တွေအားလုံးအလုပ်စလုပ်ရတယ်။ အစ်မကတော့ဇူလိုင်လကတည်း ကအလုပ် စ၀င်တာ၊ အလုပ်စ၀င် တုန်းက ဒီစက်ရုံကပြင်ဆင်မှုမပြီး သေးတဲ့အတွက် သူတို့စက်ရုံက အထည်တွေအပ်ထားတဲ့ ဂိုဒေါင်မှာအထည်စာရင်းစစ် ပေးရတယ်။ဒီစက်ရုံလုပ်ငန်းစ လည်ပတ်မှဒီကိုပြောင်းလာရတာ၊  အစ်မကလတိုင်းလစာအပြည့် မရပေမဲ့ သည်းခံပြီးလုပ်ခဲ့ တယ်။ မနေ့ကလစာတွေအရမ်းနည်းတဲ့ အတွက်အစ်မတို့တွေစက်ရုံ တာဝန်ရှိသူတွေကိုသွားပြော တယ်၊ ညှိနှိုင်းတယ်၊ အဆင်မပြေ ဘူး။ နောက်တော့သူတို့ကမလုပ် ချင်တဲ့သူထွက်တဲ့၊ ကြိုက်တဲ့နေ ရာသွားတိုင်တဲ့၊မိနစ်အချိန် ပေးမယ်၊ အလုပ်ဆက်လုပ်ချင်တဲ့ သူအလုပ်ပြန်လုပ်၊မလုပ်ချင်တဲ့သူ ထွက်သွားလို့ပြောတယ်။ အစ်မနဲ့  အလုပ်သမားအချို့က အလုပ် ဆက်မလုပ်ဘဲထိုင်နေတယ်။ ဒီ တော့သူတို့က အလုပ်မလုပ်ချင် တဲ့ဟာမတွေနင်တို့မျက်နှာမမြင် ချင်ဘူး၊ စက်ရုံထဲကအခုထွက် သွား၊ အလုပ်ဆင်းထားတဲ့ငါးရက် ခကို လကုန်ရင်လာထုတ်ဆိုပြီး စက်ရုံအပြင်ဘက်ကိုမောင်းထုတ် ခဲ့တယ်။ဒီနေ့လည်းမနေ့ကအလုပ်  ဆက်မလုပ်တဲ့အလုပ်သမား(၁၀၀) လောက် အလုပ်လာဆင်းတာကို အလုပ်ထဲပေးမ၀င်တဲ့အပြင်၊အစ်မ ကိုလည်းအလုပ်သမားတွေကိုသွေး ထိုးလှုံ့ဆော်တယ်ဆိုပြီးအလုပ် ထုတ်လိုက်ပြီပြောတယ်။ ဒါနဲ့ အစ်မအပါအ၀င်အလုပ်သမားနှစ် ယောက်ကစက်ရုံတာဝန်ရှိသူတွေ နဲ့သွားရောက်ညှိနှိုင်းတော့ အစ်မ တို့က တွေ့ချင်တယ်ဆိုလို့သူတို့ ကခေါ်တွေ့တာတဲ့၊ သူတို့မှာပြော စရာစကားမရှိဘူးပြောပြီးညှိနှိုင်း တာတွေဘာမှမလုပ်ပေးဘူး””ဟု အဆိုပါအထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူမသန္တာစိုးက ပြောကြားသည်။


No comments:

Post a Comment