ပင်မစာမျက်နှာများ
Tuesday, December 31, 2013
၁၃၀၀ ပြည့် အရေးတော်ပုံ (၇၅) နှစ်မြောက် စိန်ရတုအခမ်းအနား ပြည်မြို့ တွင်ကျင်းပ၊
အခမ်းအနားသို့ နိုင်ငံရေးအဖွဲ့ အစည်းများ၊ ပြည်ခရိုင် အတွင်းရှိ မြို့ နယ်များမှ ၁၃၀၀ ပြည့်အရေးတော်ပုံ ကျင်းပရေးကော်မတီဝင်များ၊ မန္တလေး၊ မကွေး၊ ချောက်မြို့ များမှ ကျင်းပရေးကော်မတီဝင်များ ၊ရန်ကုန်မြို့ ၁၃၀၀ ပြည့်အခမ်းအနားကျင်းပရေး ကော်မတီဝင်များ၊ အလုပ်သမားအခွင့်အရေးမြှင့်တင်သူများအဖွဲ့ ဝင်များ၊ ၁၃၀၀ ပြည့်အရေးတော်ပုံကာလတွင်ပါဝင်ခဲ့ကြသော သခင်၊သခင်မကြီးများ၏ မိသားစုဝင်များ၊ သခင်းဖိုးလှကြီး၏ မိသားစုဝင်များတက်ရောက်ခဲ့ကြပြီး ၁၃၀၀ ပြည့်အခမ်းအနားအစီအစဉ်များအား ပြုလုပ်ခဲ့ပါသည်။
Friday, December 13, 2013
သြစီ ရောက်စဉ် အရှေ့တောင်အာရှ မှ သမဂ္ဂခေါင်းဆောင်အမများနှင့် သမုဒ္ဒရာအနီးထိ သဘောင်္ စီးထွက်ရင်း ချစ်ကြည်ရင်းနှီးမှု ရခဲ့
အင်ဒိုနီးရှား နှင့် မလေးရှား MTUC မှ သမဂ္ဂခေါင်းဆောင်ညီအမ များ နှင့် အတူ
သြစီ ရောက်စဉ် နိုင်ငံတကာ သမဂ္ဂခေါင်းဆောင်များနှင့် သမုဒ္ဒရာအနီးထိ သဘောင်္ စီးထွက်ရင်း ချစ်ကြည်ရင်းနှီးမှု ရခဲ့
သြစီ မှာ ကျင်းပ တဲ့ SIGTUR ကွန်ဖရန့် ကို မြန်မာပြည်က နေ ကျမတို့  တက်ရောက်ခွင့်ရတဲ့ အခါ သြစီရောက် တောင်အာဖရိ က ITUC ကိုယ်စားလှယ် COSATU က အလုပ်သမားခေါင်းဆောင်တွေ အရှေ့ အာဖရိက ၊ ချီလီ ၊ ဘရာဇီး ၊အာဂျင်တီးနား စတဲ့ အလုပ်သမားခေါင်းဆောင်တွေ နဲ့  ခု လို ချစ်ခင်ရင်းနှီးစွာ  မိတ်ဆွေ ဖွဲ့ ခဲ့ကြပါတယ် သမဂ္ဂ ဆိုတဲ့ ပေါင်းစည်းခြင်းရဲ့ လေးနက်မှုကို ကျမတို့  တည်ဆောက်ခဲ့ကြပြီ ယနေ့ က စ အပြန်အလှန် ချစ်ကြည်စွာ ဆက်သွယ်ဆောင်ရွက်ခဲ့ကြပြီး မြန်မာပြည်အရေး ရိုင်းပင်းစွာ ၀ိုင်းဝန်းသွားမယ်ဆိုတာ လည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ် ။
Thursday, December 12, 2013
1300 ပြည့် ရေနံမြေအရေးတော်ပုံ သပိတ်တိုက်ပွဲ (၇၅) နှစ်ပြည့် အခမ်းအနား ချောက်မြို့ တွင်ကျင်းပ
အဆိုပါအခမ်းအနားသို့ ဒီမိုကရေစီအင်အားစုများ၊ လွှတ်လပ်ရေးတိုက်ပွဲဝင် သခင်၊သခင်မကြီးများ၏ သားသမီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ ဝင်များတက်ရောက်ခဲ့ပြီး သခင်ဖိုးလှကြီး အုတ်ဂူသို့  ချီတက်အလေးပြု ခဲ့ကြသည်။
Sunday, December 8, 2013
SIGTUR 2013 CONGRESS သို့  မြန်မာနိုင်ငံမှ တက်ရောက်ခဲ့
SIGTUR ဟာ ၃နှစ်တစ်ကြိမ် အလှည့်ကျ နိုင်ငံတွေမှာ ညီလာခံ လုပ်ပါတယ်။ သူ အဖွဲ့ ဝင်တွေ ကမနည်းပါဘူး ကမ္ဘာ့ တောင်ခြမ်းနိုင်ငံ၃၅ နိုင်ငံက အလုပ်သမား သမဂ္ဂတွေ များပါတယ် ။ ပိုထူးခြားမူကတော့  COSATO က တောင်အာဖရိက ရဲ့ တကယ့် အားကောင်းမောင်းသန် သမဂ္ဂ ကြီးတွေ အပါ အ၀င် ITUC တောင်အာဖရိက ကိုယ်စားလှယ် ACTU , KCTU,  KPTU ,CUT , တို့ ဟာ တကယ့် ကို သမိုင်းကြောင်းကောင်းကောင်းနဲ့ ကျော်ဖြတ်ခဲ့တဲ့ ဖိုက်တာ အလုပ်သမားသမဂ္ဂကြီး တွေပါ ။ဒီမှာ ကျမတို့ ကို တက်ေ၇ာက်ခွင့်ပြုတာ အင်မတန်ကို မှ ဂုဏ်ယူ မိပါတယ် ။ ဘာပိုသိလာလဲ ဆိုတော့ ငါတို့ နိုင်ငံအတွက် အများကြီး ကြိုးစားရဦးမှာ ရုန်းကန်နေရဦးမယ်ဆိုတာပဲဖြစ်ပါတယ်။
Australia ရောက်မြန်မာညီအကို မောင်နှမများ
တိုင်းပြည်အတွက် ကြိုးစားရမည်
သြစီ ရောက်ရခြင်း သည် နိုင်ငံရပ်ခြား ခရီးသွားခွင့်ရရုံမျှမက ကျမ အား တိုင်းပြည့် တာဝန် လူမျိုးအရေး ပိုကြိုးစားစေရန် သမဂ္ဂ တို့ ၏ စွမ်းအားများ ရရှိခဲ့သည်။ အလိုမကျမှုများ ရှိခဲ့သော်လည်း ငါတို့ ကြိုးစားကြရဦးမည်  အင်မတန်ကို ကြိုးစားကြရမည်၊ နိုင်ငံ တကာမှ ညီနောင် အလုပ်သမားသမ္ဂများနှင့် အတူ မြန်မာအလုပ်သမားထုအတွက် အလုပ်တွေ လုပ်ရဦးမည်၊ 
Friday, November 29, 2013
1300 ပြည့် ရေနံမြေအရေးတော်ပုံ (၇၅) နှစ်ပြည့် စိန်ရတုအခမ်းအနား သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ
မြန်မာနိုင်ငံမှ အလုပ်သမားအရေးလှုပ်ရှားသူများ SIGTUR CONGRESS 2013 သို့ တက်ရောက်ရန် ရန်ကုန်လေဆိပ်မှထွက်ခွာ
Australia နိုင်ငံ ပ့ါ့တ်မြို့ မှာပြုလုပ်မယ့် SIGTUR CONGRESS 2013 ကိုတက်ရောက်ဘို့ အလုပ်သမားအရေး၊လယ်သမားအရေးနှင့် လူ့ အခွင့်အရေးဦးဆောင်လှုပ်ရှားသူများဖြစ်သော မအိရွှေစင်ညွန့် ၊ မမာမာဦး၊ မစုစုနွေးတို့ သည် ၂၉ ရက်နေ့ မှာ ရန်ကုန်လေဆိပ်ကနေ Australia နိုင်ငံသို့ ထွက်ခွာသွားပါတယ်။
SIGTUR CONGRESS 2013 သို့ မြန်မာနိုင်ငံမှ အလုပ်သမားအရေး၊လယ်သမားသမားအရေးနှင့် လူ့ အခွင့်အရေးလှုပ်ရှားနေသော မစုစုနွေး၊ မမာမာဦး၊ မအိရွှေစင်ညွန့် တို့ နှင့်အတူ ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများမှ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များမှ ဒီဇင်ဘာလ ၂ ရက်နေ့ မှ ၄ ရက်နေ့ အထိ ဆွေးနွေးကြမှာဖြစ်ပါတယ်။
Friday, November 22, 2013
အိုင်အယ်အို တွင် ဒုတိယအကြိမ် TOT သင်တန်းပေး
၁၉ ရက်နေ့  မှ ယနေ့  ၂၂ ရက် နေ့  အထိ ILO ရုံးတွင် TOT ဒုတိယအပတ်စဉ် ဆရာဖြစ် သင်တန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါတယ် ။Labour Activite များ မှ သင်တန်း ဆရာအဖြစ် သင်ကြားပေးသလို သမဂ္ဂ ခေါင်းဆောင်များနှင့် Labour Activite များက ပါ ပြန်လည်သင်ယူခဲ့ ကြပါတယ် ထိုသင်တန်း ၏ ပထမ ရက်တွင် ကိုမင်းလွင် ကိုသူ၇ိန်အောင်တို့ မှ ပို့ ချပြီး ဒုတိယ ၇က်တွင် အိုင်အယ်အို ၀န်ထမ်း မ၀င်းဝင်းအေး နှင့် ကျမ အိရွှေစင်မှ ပို့ ချခဲံပါတယ် ကျမ တာဝန်ယူသင်ပေးရတဲ့ အကြောင်းအရာက သင်ထောက်ကူပစ္စည်း ဘယ်လိုသုံးမလဲ ဆိုတဲ့ အပေါ် အငြင်းပွါးမှု့  ဘာ့ကြောင့်ဖြစ်တယ် ဘယ်လို ဖြေရှင်းရင်အောင်မြင်နိုင်မယ်ဆိုတာကို ပို့ ချပေးပါတယ် အပြန်အလှန် သင်ကြားတဲ့ စနစ်နဲ့  မြန်မာနိုင်ငံ အလုပ်သမား လယ်သမားရေးအတွက် ခေါင်းဆောင် သစ်ခေါင်းဆောင်ကောင်းများမွေးထုတ်ပေးတယ်ပြောရင်မမှားပါဘူး သင်တန်းသား ၁၅ ဦးလုံး အောင်လက်မှတ်တွေ ရရှိပြီး ထူးချွန်စွာ ကိုယ်တိုင် သင်ကြားမှု ပုံစံတွေ လက်တွေ့ ဆောင်ရွက်သွားပါတယ် တတိယနေ့ ကိုတော့ ကိုတင်ကိုကိုသက် ကတာဝန်ယူပြီးနောက်ဆုံးနေ့  မှာ အားလုံး Review ပြန်လုပ်ဖြစ်ကြပါတယ် ။ ပြင်ဦးလွင် နဲ့ ဧရာဝတီတိုင်းအပြင် နယ်က တက်ရောက်လားသူများလည်း သမဂ္ဂ ခေါင်းဆောင်တင်မက ပဲ ကိုယ်တိုင် ပညာပေးသူ အဖြစ် အလုပ်သမား လယ်သမားထု နည်းလမ်းမှန်အောင် လမ်းညွှန်နိုင်ဖို့  အဆင်သင့် ဖြစ်ခဲ့ရပါတယ် မတူညီတဲ့ အဖွဲ့ ပေါင်းစုံက လာပေမဲ့ ရည်ရွယ်ချက်တူစွာ ပျော်ရွင်စွာနဲ့  TOT ဒုတိယအကြိမ် အောင်မြင်ခဲ့ပါကြောင်း အလုပ်သမား လယ်သမား အကျိုးစီးပွါးအလို့ ငှါ တင်ပြလိုက်ပါတယ် ။အောင်လက်မှတ်ရတဲ့ သင်တန်းသားပုံတွေ ကျမ တင်ပြပေးပါမယ်
Monday, November 18, 2013
ဒေါက်တာအေးမင်း (သို့ ) စေတနာစစ်မှန်တဲ့ ကျောင်းသားခေါင်းဆောင်
ကျမ အင်မတန်လေးစားရသော ကျောင်းသားတပ်မတော် မှ ဒေါက်တာအေးမင်း
ယနေ့  ပန်ဒါဟော်တယ် (မင်းရဲကျော်စွာလမ်း) တွင် ပြုလုပ်သော ရင်သားကင်ဆာ နှင့် ပတ်သတ်၍ ဟောပြောပွဲ ကို ကျမတက်ရောက်ခဲ့ပါသည်။ ပွဲ သည် သာမာန်ပုဂိုလ်၏ ပွဲ မဟုတ် ၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲံ သည့် ဆေးကျောင်းသား တောခိုပြီး တောထဲတွင် ရဲဘော်များကို ဆေးကုသပေးခဲ့သည့်ဆေးကျောင်းသား နိုင်ငံရပ်ခြားသွားပြီး ဆရာဝန်ဘ၀ ဆေးပညာကို တစ်က ပြန်စ သင်ယူခဲ့ ရပြီး ရရှိတဲ့ လုပ်အားခ နဲ့ ဒီမိုကရေစီရေး ကို အလုံးစုံ ပုံပေးခဲ့သော နိုင်ငံခြား ရေဒီယိုလော့ဂျစ် ပါရဂူ ဘွဲ့ ရ ကျမတို့ ရဲ့နောင်တော် ကျောင်းသား ကိုအေးမင်းရဲ့ ဟောပြောပွဲပါ ဒီဟောပြောပွဲကို သူကိုယ်တိုင်စီစဉ်တာ မဟုတ်ပဲ သူ့ ကိုလေးစားတဲ့ ပန်းလှိုင်ဆေးရုံက ဆရာဝန်များက စီစဉ် တာပါ။ သူ မြန်မာပြည်ကို ပြန်ခွင့် ပထမဆုံးရတာ ကိုမိုးသီးတို့ နဲ့ အတူ ပါ သူလုပ်တာတော့ အခြားလူတွေ နဲ့ မတူပါဘူး ဘယ်ကို အရင်သွားလဲ ဆိုတော့ ကိုကျော်သူတို့ နာရေးကူညီမှုအသင်း(ကျမကိုယ်တိုင်လိုက်ပို့ ခဲ့တာပါ) ကို အရင်သွားပါတယ် ပြီးတော့ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့ ပါတယ် ။ အဲဒီက စ ခုမြန်မာပြည်က ၃ကြိမ်ထက်မနည်းရောက်ရောက်လာပြီး သူ တက်တဲ့ ကင်ဆာကုထုံးတွေ ကို ရှင်းဟောပြရုံမက လိုအပ်တဲ့ နည်းပညာနဲ့ နိုင်ငံခြား အသုံးအဆောင် ပစ္စည်းတွေလည်း သူသယ် သယ်လာပါတယ် ။ ဒါ တကယ့် တိုင်းပြည်ကို ချစ်တဲ့ စတ်စေတနာနဲ့ အလုပ်လုပ်သူဆိုတာ ထင်ရှားပါတယ် ။ နာမည်ကြီးဖို့ လည်းမကြိုးစားဘူး ကျမ တို့ ကို သူ ကူညီခဲ့တာတောင် သူများကို မပြောရဘူးလို့ ပိတ်ပင်ခဲ့တယ် ။။ခုချိန်တော့ ကျမ ပြောပြရပါတော့မယ် ။ ကျေးဇူးရှိတာ ကို ရှိတယ် ပြောရမှာ မင်္ဂလာတရားပါပဲ ။။ ဒေါက်တာအေးမင်းဟာ ကျမ အမျိုးသားနဲံ့  အေဘီမှာတတပ်ထဲ ရှိခဲ့ဖူးတယ်လို့ သိရတယ် ကျမနဲ့ သိတ်မရင်းနှီးဘူး တနေ့ တော့ မဲဆောက် ကျမက လည်း ဗီဇ က သေမှပျောက်မဲ့ လူဆိုတော့ အဖွဲ့ တဖွဲ့ ထဲ ၀င်ပြီး နှစ်ကြာတော့ အဲ ဒီ့ အဖွဲ့ ခေါင်းဆောင်ရဲ့ မတရားမှုကို တင်ပြရင်း ပြုပြင်ပြောင်းလဲဖို့  တိုက်တွန်းရင် ကျမအပါအ၀င် အတွင်းရေးမှုး သုံးယောက် အလုပ်ဖြုတ်ခံရတယ် အလုပ်ဖြုတ်မခံရချိန်မှာ ကျမ က အချို့  ကိုယ်ချိုးခြံခြွေတာပြီးစုထားတဲ့ လက်ဝတ်လက်စားလေးတွေ ကို ထုခွဲပြီး လိုအပ်တဲ့ လုပ်ငန်းသုံးထဲ စိုက်ထားတယ် ကျမ လက်ဗလာဖြစ်ချိန်မှာ အာဏာရှင် ဖီဆန်တာ ကျမလည်းအရှိတက် အာဏာရှင်ဆန်သူကလည်းမခံမရပ်နိုင်ဖြစ်တော့ ကျမထမင်းအိုးကို ရိုက်ခွဲ လိုက်ပါတယ် ။။။ ဒီမှာ ကျမ ကို အဖြုတ်ခံရတဲ့ အတွင်းရေးမှုးထဲက တစ်ယောက်က ငွေ အချို့ ပို့ တယ် ကျမ က ထိုင်နေတက်သူမဟုတ်တော့ ဈေးဆိုင်လေးဖွင့်ပါတယ် ။။ အဲဒီမှာကိုအေးမင်းဟာ သူ့ ဖာသာဖုန်းဆက်ပြီး ကျမအခြေအနေကို မေးမြန်းကာ ကျမ ရဲ့ နိုင်ငံရေးရပ်တည်ချက်ဟာ ငွေရှိမှဖြစ်မယ် ငွေရအောင်ရင်းနှီးပေးမယ်ဆိုပြီး သူ့  ဆရာဝန်လုပ်ခချွေးနည်းစာက နေ ကျမတို့ မိသားစုဘ၀ကို ကန့် ထဲ ရောက်မသွားအောင် တတိယနိုင်ငံကို လွင့်မသွားရလေအောင် ကယ်တင်ပေးခဲံပါတယ် သူ့ ရည်ရွယ်ချက် ကတော့ ဒါတွေ တိုးပွါးအောင်မြင်လာရင် ကျမ နိုင်ငံရေးမှာ အောက်မကျရလေအောင်ရယ် ကျမတို့ လို့ တကယ် ရပ်တည်ဆောင်ရွက်နေရသူတွေ ကို အောင်မြင်စေ့ချင်တာရယ်ကြောင့်ပေါ့
ဆိုင်လေးက အတော်အောင်မြင်ပေမဲ့ နိုင်ငံရေး အပြောင်းအလဲကြောင့် ရသလောက်နဲ့ ရောင်းပြီးမြန်မာပြည်ပြန်ခဲံပါတယ် ။။ ဒါကြောင့် ကိုအေးမင်းလို ကျောင်းသားစစ်သည်တော် အပြင် တိုင်းပြည်အတွက် သူ အဲလို လုပ်ပေး ခဲ့တဲံ သူပေါင်း မနည်းဖူးဆိုတာ ကျမ သိပါတယ်။ ဒီကျေးဇူးကို မမေ့ ဘူးဆိုတာ သူ ဒီနေ့  ဟောပြောပွဲ ရဲ့ မှတ်တမ်းလေးကို တင်ပြရင်း ဂါရ၀ပြုလိုက်ပါတယ် ။။။
Saturday, November 16, 2013
အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားများအားခိုင်းစေမှု တားဆီးနိုင်ရေး သဘောတူညီမှုစာချုပ် ILO --C - 182 မြန်မာအစိုးရမှလက်မှတ်ထိုးရန် အစည်းအဝေးအား LRDP မှ ၂ဦး တက်ရောက်
နေပြည်တော်သို့  အစည်းအဝေးတက်ရောက် ခဲ့ ရာတွင် တွေ့ မြင်ရသောဖြစ်စဉ်
(အဆိုးရွားဆုံးပုံစံများဖြင့် ကလေးအလုပ်သမားစေခိုင်းမှု (အိုင်အယ်အိုပြဌါန်းချက် ၁၈၂)အား မြန်မာအစိုးရမှ လက်မှတ်ထိုးမည်ဆုံးဖြတ်၍ MOU အဆင့် ကို ၁၄-၁၁-၂၀၁၃ နေပြည်တော်တွင်လက်မှတ်ထိုး ) ၁၂ရက်နေ့  ILO Tinner အစည်းအဝေး ကအပြန် မစ္စတာစတိမာရှယ် က ဖုန်းဆက်ပြန်ခေါ်လို့  သွားမှ ကျမ ကို နေပြည်တော် အမရာဟော်တယ်မှာ ပြုလုပ်မဲ့ C-182 ကိစ္စ အစည်းအဝေးဖိတ်စာရ/ မရ ခေါ်မေးတယ် မရ ဘူးဆိုတော့ သူက တောင်းပန်ပြီး ဖိတ်ကြားတဲ့ အတွက် ကျမ နဲ့ အတူ LRDP မှ ရဲမေ တစ်ဦးတက်ရောက်ခဲ့ပါတယ် ။ ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အင်မတန်အရေးကြီး တာမို့  အားလုံးကို သိစေ့ချင်ပါတယ် ။တက်ရောက်ခွင့်ရတဲံ့  သူတွေ က အစိုးရ ၀န်ကြီး ပြည်ထောင်စုဝန်ကြီးများအပြင် ကျမ်းမာေ၇းဌါန အကြီးအကဲများ ပညာရေးဌါန တာဝန်ရှိသူများ လူဝန်မှုကြီးကြပ်ရေးဌါန လူမှောင်ခို တိုက်ဖျက်ရေး နဲ့ အလုပ်သမားဝန်ကြီးဌါန အများစုပါပြီး ကျမ တို့ LRDP နဲ့  ဒေါ်သန်းသန်းဌေးတို့  AFFM အပြင် FTUM က ပုဂိုလ်များလည်းတက်ရောက်ခဲ့ပါတယ် ။ ဒီအစည်းအဝေးအစမှာ ၀န်ကြီး နဲ့ စတိမာရှယ်တို့  မိန့် ခွန်းတွေ ပြောပြီး ကလေး အလုပ်သမားများကို ဆိုးဝါးတဲ့ အလုပ်ခိုင်းစေခြင်းမှ ပပျောက်စေရမဲံ ကွန်ဗန်းရှင် ၁၈၂ ကို MOU အဆင့် လက်မှတ်ရေးထိုးကြပါတယ် ။ပြီးတာနဲ့ C-182 ကို ILO မှာကျွမ်းကျင်သူပညာရှင်များ က ဆွေးနွေးပြောပြပြီး ကျမတို့ က ကိုယ့်နိုင်ငံအတွက် ကလေးအလုပ်သမား အဆင့်သတ်မှတ်သင့်တာတွေ အကြံပြု သဘောထားပေးရပါတယ် ။ ဒီမှာ ကျမကတော့ အစဉ်အလာအတိုင်းပဲ ညွှန်မှုးတစ်ယောက်တဲ့ တင်ပြမှု ကို ထိပ်တိုက်ကန့် ကွက်ခဲ့ရပါတယ် ကျမထက် အလုပ်သမားရေး ကျွမ်းကျင်သူပုဂိုလ်ကတော့ အစိုးရနဲ့ သိတ်ပြေလည်ချင်ပုံ ထောက်ပါတယ် လုံးဝ အကြံပြုထောက်ပြခြင်းမရှိပဲ ။။ဘာသာပြန် ရဲ့ တလုံးတလေ မှားတာလောက် ကို ၀င်ထောက်ပြတဲ့ အလုပ်ပဲ လုပ်သွားတာတွေ့ ရပါတယ်။ ညွှန်မှုးတယောက် က လူဟာ မွေးကင်းစထဲ က အလုပ်လုပ်ရမှာပဲ လို့ ပြောတယ် အမေရိကန် ကားထဲ မှာ ကလေးသရုပ်ဆောင်ဆို သရုပ်ဆောင်ခန်းအတွက် ပေါင်ကို ဆိတ်ဆွဲ ရတာတို့  မြန်မာတွေ ၁၅ နှစ်နဲ့  အိပ်မထောင်ပြုပြီဆိုတာတို့ ပြောပြီး အလေးအလုပ်သမားကို ၁၃ နှစ်သတ်မှတ်ချင်ပါတယ် ။ ကမ္ဘာမှာ လုံးဝသတ်မှတ်ချက်မရှိသေးတဲ့ အနိမ့်ဆုံးအသက်ဖြစ်ပါတယ် ။ ကမ္ဘောဒီးယား တို့ လာအိုတို့ လို နိုင်ငံမျိုးတောင် ၁၃ နှစ်ကို လက်ခံသတ်မှတ်ခြင်းမပြု ပါဘူး ဒီလို ကိစ္စမျိုးက ကျမ က အတိုက်အခံ ပြောခဲ့သလို့  UMFCCI အလုပ်ရှင်များအသင်းရဲ့ တက်ရောက်သူကလည်း ကျမတင်သွင်းတာထောက်ခံဆွေးနွေးခဲ့ပါတယ် ။ ဒီမှာ အလုပ်သမားအဖွဲ့ ချုပ် လုပ်ချင်သူတွေ က နှာစေး နေတာတွေ့ ရပါတယ်။။။ ရီစရာ နဲ့  သြချရလောက်စရာနောက်တခုကတော့ ကျမတို့  ဒီ C-182 ကို ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတာ အတည်ပြုဖို့  တင်သွင်းရန် အုပ်စုလိုက်အစည်းအဝေးမှာ ကလေးအလုပ်သမားပပျောက်ရေး အတွက် စစ်တမ်းကောက်ယူရမှာ အခြားနိုင်ငံက ငွေအကူ အညီ လို /မလို ဆွေးနွေးမှုမှာ ကျမတို့ ထဲ က တယောက်က မြန်မာပြည်က ပိုက်ဆံရှိတယ် ဟိုရက်ကပဲ ဘဏ္ဍာေ၇းတာဝန်ခံကပြောတယ် ရွှေခုနှစ်တန်နဲ့  ဘီလျှံ သန်း၈ထောင် ရှိတယ်ပြောတယ် ဒါ့ကြောင့်မြန်မာပြည်က ပိုက်ဆံရှိတယ် အဲ ပိုက်ဆံကို သုံးလို့ ရတယ်လို့  အပြုသဘောပြောလိုက်တာကို အုပ်စုခေါင်းဆောင်အဖြစ်ဆွေးနွေးမဲ့  လက်ထောက်ညွှန်မှုး အမျိုးသမီးက ရိုးရိုးပဲ ပိုက်ဆံ ရှိတယ်ပြောတာ ကို FTUM က ဦးမောင်မောင်က နိုင်ငံတကာ အထောက်ပံ့ လိုတာတွေ ထပြောပြီး ကျမတို့ အုပ်စုကို မေးခွန်းထုတ်ပါတော့တယ် ။ ညွှန်မှုးအမျိုးသမီးကပြန်ရှင်းရမှာကို ကျမက ညှာတာစွာပဲ ကျမပြန်ရှင်းလိုက်ပါတယ် ။ နိုင်ငံတကာ အကူအညီကို အာသာငမ်းငမ်း ထိမ်းမရ သိမ်းမရ လူကြားထဲမရှောင် ဟန်တောင်မဆောင်နိုင်ပဲ နိုင်ငံတော်မှာပိုက်ဆံရှိတယ်လို့ ပြောမိတဲ့ ကျမတို့ ကို ဒေါပွတာတော့ လွန်လွန်းလှတဲ့  ဟန်မဆောင်နိုင်မှုလို မှတ်ချက်ချပါတယ် ။ အလုပ်သမားလယ်သမားရေးကို ဘာရည်ရွယ်ချက်နဲ့  သဲသဲမဲမဲ လုပ်တာလဲ ဆိုတာ သံသယရှိစရာမလိုတော့ပဲ ထင်သာမြင်သာစွာပဲ ထပ် ထပ်ပြီးတွေ့ လိုက်ရပါတယ် ။ တကယ် သူပြောရမှာက ကလေးအလုပ်သမားဟာ မြန်မာဓလေ့ပါလို့ ပြောလိုပြော မွေးကင်းစ က အလုပ်လုပ်လို့ ရပြီပြောလိုပြောသူတွေကို နိုင်ငံတကာစံနှုန်းကိုယ့်တိုင်းပြည်က သွားနေတဲ့ တိုးတက်ဖွံ့ ဖြိုးရေးလမ်းကြောင်းပေါ်မှာ စံချိန်စံညွှန်းတွေ နဲ ညီဖို့  ပညာရှင်ဆန်ဆန် အာဏာပိုင်ပဲ ဖြစ်စေ ထိပ်တိုက်ပဲတွေ့ ရတွေ့ ဆွေးနွေးရမှာကို အမုန်းမခံပဲ အစိုးရမှာပိုက်ဆံ ရှိတယ်ပြောမိတယ် ကျမတို့အုပ်စုကို စိတ်ဆိုးလိုက်ပုံများ မြင်ကြစေချင်စမ်းပါဘိ
Tuesday, November 12, 2013
သြစီ ကို အလုပ်သမားညီလာခံ တက်ဖို့  မြန်မာအမျိုးသမီး သုံးဦး ဖိတ်ကြားခံရပါသည်
မမာမာဦးရယ်စုစုနွေးရယ်ကျမ အိရွှေစင်ညွန့် ရယ် သြစီ ကို အလုပ်သမားညီလာခံ တက်ဖို့  ဗီဇာရကြောင်း ဒီနေ့ ပဲ သြစီသံရုံးက အကြောင်းကြားလာပါပြီ ။။ ဘယ်လို အစည်းအဝေးကို တက်မှာလည်းဆိုတော့ ကမ္ဘာ့တောင်ဖက်ခြမ်းမှာရှိတဲ့ နိုင်ငံ ၃၄ နိုင်ငံ ထဲ က အလုပ်သမားသမဂ္ဂတွေ တက်ရောက်မဲ့ ညီလာခံပါ ။ ဒီမှာကျမတို့ သုံးယောက်က မြန်မာပြည်အလုပ်သမားလယ်သမားအရေးကို မိနစ် ၂၀စီ တင်သွင်းခွင့်ရမှာဖြစ်တာမို့ ကျမတို့ ကိုယ်တိုင် အလုပ်သမားလယ်သမားတွေရဲ့ ဆန္ဒသဘောထားရယူပြီး တာဝန်ခွဲ ပြီးတင်ပြသွားမှာဖြစ်ပါတယ် ။ ကျမတို့ သုံးဦးကို ဖိတ်ကြားတဲ့ပုံစံကတော့ ဘယ်အဖွဲ့ အစည်းကို မှကိုယ်စားပြုတာမဟုတ်ပဲ တဦးချင်းနာမည်နဲ့ သုံးဦးကို တပြိုင်နက်ဖိတ်ကြားတာပါ။ စုစုနွေးက လူ့ အခွင့်အရေးဆုရှင်ဖြစ်ပြီး မမာမာဦးကလည်း အညတြ ဆုရှင် ဖြစ်ပါတယ် ။ ကျမ ကတော့ အလုပ်သမားရေးကို လွန်ခဲ့တဲ့ ၁၀နှစ်ထဲက လေ့လာလုပ်ကိုင်ခဲ့သူမို့  နိုင်ငံတကာသမဂ္ဂတချို့ နဲ့ သိထားတာဖြစ်သလို သြစီအလုပ်သမားဝန်ကြီး မြန်မာပြည်လာစဉ်က ကျမနဲ့ တွေ့ ပြီးဆွေးနွေးခဲ့မှုတွေ ရှိတာကြောင့် ဖိတ်တယ်ထင်ပါတယ် ။ တချို့  အဖွဲ့ တွေ သူ့ မဖိတ်လို့  ငါ့မဖိတ်လို့ အသံထွက်တာလေးတွေလည်းကြားရပါတယ် ။ကျမ ပြောချင်ပါတယ် တကယ်အလုပ်လုပ်သူအားလုံး ပြည်ပ သမဂ္ဂ အတွေ့ အကြုံလိုတာမို့  ကျမတို့ ကိုယ်တိုင် အလုပ်သမားရေးဆောင်ရွက်သူတိုင်းကို ဖိတ်ဖို့  နိုင်ငံတကာသမဂ္ဂတွေ နဲ့ တွေ့ ရင်ေ
တာင်းဆိုလာပါမယ်။
Sunday, November 10, 2013
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများညီလာခံ ရန်ကုန်မြို့ တွင်ကျင်းပ
မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများညီလာခံအား ရန်ကုန်မြို့ နာရေးကူညီမူအသင်း သုခခန်းမတွင် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် အလုပ်သမားသမဂ္ဂအဖွဲ့ များ၊ အလုပ်သမားအရေးလုပ်ဆောင်သူများ တက်ရောက်ခဲ့ပြီး အလုပ်သမားဥပဒေ၊ အနိမ့် ဆုံးလုပ်ခလစာ၊ နိုင်ငံတကာအလုပ်သမားအဖွဲ့ အစည်း၊ အလုပ်ရှင်နှင့် အစိုးရအခန်း များပါဝင်သော အကြောင်းအရာများဆွေးနွေးခဲ့သည်။
Wednesday, November 6, 2013
ဒဂုံမြို့သစ် အရှေ့ပိုင်းစက်မှုဇုန်Myanmar Handsome စက်ရုံ ဆန္ဒပြပွဲတွင် အချက် ၄ချက်တောင်းဆို
အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိစေရန် သပိတ်စခန်း ဖွင့်ဆန္ဒပြကာအချက်လေးချက် တောင်းဆိုခဲ့ကြသော ဒဂုံမြို့သစ် အရှေ့ပိုင်းစက်မှုဇုန်Myanmar Handsome   အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏တောင်းဆို ချက်များကို လိုက်လျောခဲ့သဖြင့် နိုဝင်ဘာလ (၄) ရက်နေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒပြမှုအားရပ်ဆိုင်းခဲ့ပါ သည်။
ဆန္ဒ ပြမှုခြင်းအား အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြုလုပ်ခဲ့ပြီး တောင်းဆိုခဲ့သောအချက်လေး ချက်ဖြစ်သည့်အလုပ်ဖြုတ်ခံထား  ရသော အလုပ်သမားကိုစည်သူ မင်းကိုအလုပ်ပြန်ခန့်ရေး၊ မိန်းမ အိမ်သာရှေ့တွင်တပ်ဆင်ထားသော CCTV   အားဖြုတ်ပေးရေး၊ ဆန္ဒ ပြကာလတွင် လုပ်ခလစာမဖြတ် ရေး၊ အစရှိသည့်စာချုပ်ပါအချက်များအား အလုပ်ရှင်ကလိုက်လျောခဲ့သဖြင့် ဆန္ဒပြမှုအားရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်း ဆန္ဒပြတောင်းဆိုရာတွင်  ပါဝင်သောအလုပ်သမရှင်းသန့် ဖြူစင်ကပြောခဲ့သည်။
 အောက်တိုဘာလ အတွင်းက အလုပ်သမား ဆန္ဒပြခဲ့ကြပြီး မြို့နယ်ညိုနှိုင်း ဖျန်ဖြေရေးအဖွဲ့ရှေ့တွင် အချက် ၁၉ ချက်အား စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါအချက် ၁၉ ချက်  မှ သန့်ရှင်းရေးဝန်ထမ်းတိုးမြှင့် ခန့်ထားပေးရေး OT   အချိန်ပိုလုပ် အားခနှင့် အချိန်ပိုအလုပ်ဆင်းချိန် တိတိကျကျသတ်မှတ်ပေးရေး၊ ဖယ်ရီကားကိစ္စအဆင်ပြေအောင် ဆောင်ရွက်ပေးရေး၊ အလုပ်ရှင်မှ အလုပ်သမားများအား ဆဲဆိုခြင်း မပြုရေးစသည့်အချက်များအား မလိုက်နာသဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။  
Sunday, November 3, 2013
၁၃၀၀ပြည့် ရေနံမြေအရေးတော်ပုံ (၇၅) နှစ်မြောက် စိန်ရတု အခမ်းအနားကျင်းပမည်
နှစ်တစ်ရာ တိုင်အောင် ကိုလိုနီနယ်ချဲ့ စနစ်အောက်မှာ ကျွန်ပြုခံခဲ့ရသောမြန်မာနိုင်ငံသည် ၁၃၀၀ပြည့် ရေနံမြေ အရေးတော်ပုံကြီးကနေ နိုးကြားလာခဲ့ပြီး ၁၀နှစ်ကြာသောအခါတွင် လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။  ကိုလိုနီနယ်ချဲ့ အစိုးရနှင့် အရင်းရှင်များ၏ မတရားဖိနှိပ်သွေးစုပ်မူကို ခေါင်းငုံမခံ တွန်းလှန်ခဲ့သော မြန်မာ့သမိုင်းမှ အထင်ကရ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံကြီး၇၅ နှစ် ပြည့် စိန်ရတုအခမ်အနားအား ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ချေက်ရေနံမြေအရေးတော်ပုံတွင် ချေက်မြို့ မှနေပြီး ရန်ကုန်မြို့ ထိ မိုင် ၄၀၀ ကျော် ခြေလျင်ခရီးကြမ်းကြီးကို အခက်အခဲပေါင်းများစွာဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်။ ရေနံမြေ အလုပ်သမားကြီးများ၊ သခင်သခင်မကြီးတို့ ရဲ့ အံ့မခန်း အံတုတွန်းလှန်မူ၊ ဇွဲသတ္တိ၊စွန့် လွတ်စွန့် စားအနစ်ခံသည့် စိတ်ဓါတ်တို့ သည် နောင်လာနောက်သားတို့ အတွက် စံ နမူနာယူဖွယ်လည်းဖြစ်သည်။
၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံကြီးသည် မြန်မာပြည်အနှံ လူထုလူတန်းစားပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးစုံတို့ ပါဝင်သော နယ်ချဲ့ တော်လှန်ရေးစိတ်ဓါတ်သည် ကိုလိုနီနယ်ချဲ့ စနစ်အား မြန်မာ့မြေပေါ်မှ အပြီးမောင်းထုတ်နိုင်ခဲ့သော သမိုင်းဝင်နေ့ ထူးနေ့ ရက်ပင်ဖြစ်သည်။
သမိုင်းဂုဏ်ရောင်ပြောင်ခဲ့သော ၁၃၀၀ ပြည့်ရေနံမြေအရေးတော်ပုံကြီးကို သမိုင်းအမွေခံယူပြီး ၇၅ နှစ်မြောက် စိန်ရတုအခမ်းအနားအား စုစည်းညီညွတ်စွာဖြင့် ကျင်းပသွားမည်ဟု ၁၃၀၀ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီ(ချေက်) မြိ့ မှကြေညာချက်ထုတ်ပြန်ထားသည်။
အခမ်းအနားအစီအစဉ်များတွင် သခင်ဖိုးလှကြီး၏ ကြေးသွန်းရုပ်တုအား ဖွင့်လှစ်ခြင်း၊ ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံပြခန်းများပြသခြင်း၊ သခင် သခင်မကြီးများ၏ မျိုးဆက်သားသမီးများအား ဂုဏ်ပြုငွေပေးအပ်ခြင်း၊
၁၃၀၀ပြည့် ရေနံမြေအရေးတော်ပုံသမိုင်း စာပေဟောပြောပွဲအစီအစဉ်များ၊နှင့် ဂုဏ်ပြဧည့်ခံဖျော်ဖြေရေးအစီအစဉ်များအား ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အမျိုးသမီးသန့် စင်ခန်းရှေ့ CCTV တပ်ဆင်ခြင်းကြောင့် အထည်ချုပ်လုပ်သားများ ဆန္ဒပြ
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် (စက်မှုဇုန်) ပန်းတဉ်းဝန်ဦးရွှေတင်  လမ်းရှိ MYANMAR HAND SOME အမည်ရှိအထည်ချုပ် စက်ရုံမှ အလုပ်သမား ၁၅၀ ခန့် သည်အောက်တိုဘာ ၃၁ ရက် နေ့တွင် အဆိုပါစက်ရုံရှေ့၌ ဒုတိယအကြိမ်အဖြစ်ဆန္ဒပြခဲ့ ကြောင်း သိရသည်။
ဒုတိယအကြိမ်ဆန္ဒပြရခြင်း  မှာ အလုပ်သမားခေါင်းဆောင် (၇) ယောက်အနက်မှတစ်ဦးဖြစ် သူကိုစည်သူမင်းကို အလုပ်မှထုတ် ခြင်း၊ အမျိုးသမီးသန့်စင်ခန်းရှေ့ တွင် (အပေါ်စီးမှ) CCTV ကင်မရာ  တပ်ထားခြင်းတို့ကြောင့် မိန်းကလေး   များ မလွတ်လပ်၍ ဆန္ဒပြရခြင်း  ဖြစ်ကြောင်း အလုပ်သမားမနွဲရီဝင်း  မှ ပြောပြပါသည်။
အလုပ်ရှင် (ကိုယ်စား) မန်နေဂျာက အဆိုပါအလုပ်ထုတ် ခံရသော ကိုစည်သူမင်းသည်အပြစ်ကြိမ်ရှိ၍ ခံဝန်လက်မှတ်ထိုး ထားကြောင်း အလုပ်မှထုတ်ဖြစ် ခြင်းအတွက် အလုပ်သမားနစ်နာ  ကြေးပေးမည်ဖြစ်ကြောင်းပြောပြ ပါသည်။
အလုပ်သမားခေါင်းဆောင် ကိုစည်သူမင်းကပြောပြရာတွင်   အောက်တိုဘာ (၈) ရက်နေ့က ဆန္ဒပြခြင်းအပေါ်အောက်တိုဘာ (၂၆) ရက်နေ့တွင် အလုပ်ရှင်က အလုပ်မှထုတ်ပစ်၍ မြို့နယ်အလုပ်  သမားညွှန်ကြားမှူးဦးစီးဌာနသို့ သွားရောက်တိုင်ကြားရာ ဒဂုံအရှေ့ စက်မှုဇုန်အလုပ်သမားရုံးကနောင် ခမ်းမတွင် (၃) ကြိမ်တိတိ ညှိုနှိုင်း ဖျန်ဖြေပေးသော်လည်း အလုပ် ရှင်ကအလုပ်ပြန်မခန့်နိုင်ကြောင်း ပြောဆိုသဖြင့်အလုပ်သမားညှိုနှိုင်း ဖျန်ဖြေရေးအဖွဲ့က “ခုံသမာဓိ”သို့ ဆက်လက်တင်ပြသွားမည်ဖြစ် သည်။
Tuesday, October 22, 2013
Mekong Migration Network's meeting with CSOs in Myanmar
Mekong Migration Network's နှင့် မြန်မာနိုင်ငံအတွင်းရှိ လူထုအခြေပြုလူမူရေးအဖွဲ့ အစည်းများနှင့်
 တွေ့ ဆုံဆွေးနွေးပွဲအား ရန်ကုန်မြို့ မိကာဆာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ ဆုံပွဲတွင် အာဆီယံဒေသတွင်းရှိ လူမူအခြေပြုအဖွဲ့ များနှင့် ချိတ်ဆက်မူများကြောင့် အားသာချက်များနှင့် လက်ရှိမြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်တွေ့ ဆုံသည့်အခြေအနေများအား မဲခေါင်ဒေသနိုင်ငံ ၆နိုင်ငံ၏ ကိုယ်စာလှယ်မှတက်ရောက်ရှင်းလင်းခဲ့ပါသည်။
2003 ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့သော Mekong Migration Network's သည် ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ပြီး အာဆီယံဒေသအတွင်းအဖွဲ့ အစည်းများအတွက် ပိုမိုလုပ်ဆောင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။
Sunday, October 20, 2013
ထောင့်သုံးရာပြည့်အတွက် ချောက်မြို့  သို့  LRDP မှ သွားရောက် ခဲ့
ထောင့်သုံးရာပြည့် စိန်ရတုကျင်းပနိုင်ရန် ချောက်မြို့ သို့  အလုပ်သမားရေးဆောင်ရွက်သူများ ကြိုတင်ညှိနှိုင်းအစည်းအဝေးတက်ရောက်ခဲ့
Wednesday, October 9, 2013
နော်ဝေနှင့် မြန်မာ မထသ အဖွဲ့ တွေ့ ဆုံ
LRDP မှထောင့်သုံးရာပြည် စိန်ရတုအတွက် ချောက်မြို့ သို့ အစည်းအဝေးသွားရောက်ခဲ့
မနေ့ ညက ပဲ ချောက်မြို့ က ပြန်ရောက်ပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံအတွက် ကြိုတင်အစည်းအဝေးကို မြို့ မိ မြို့ ဖတွေ ကဖိတ်ပါတယ် ။ ချောက်မြို့ ရဲ့  သမိုင်းဝင်မေဒေးကျောက်တိုင်တို့  သခင်ဖိုးလှကြီးရဲ့ နယ်ပယ်တွေ ပြီးတော့ရေနံကန်ကြီးတွေ ပိုက်လိုင်းပုံတွေ အေးစေတီရဲ့ သမိုင်းတွေ ဓါတ်ပုံ မတင်နိုင်သေးတာ ကင်မရာ ရောဖုန်းပါ အခက်အခဲဖြစ်သွားလို့ ပါ။ သမိုင်းကြောင်းတွေ စနစ်တကျမေးပြီး လက်ဆင့်ကမ်းစာရေးဖို့ ပြင်ဆင်နေပါတယ် ။ ချောက် မြို့ ရောက်တော့ အလုပ်သမားတော်လှန်ရေးကြီးနဲ နေမ၀င် အင်ပါယာ ပိုင် ကိုလိုနီကို ဖိန့် ဖိန့် တုန်စေခဲ့တဲ့ မြို့ မှာ အခြေခံ အလုပ်သမားအဖွဲ့ အစည်းတောင် မဖွဲ့ နိုင်ခဲ့တာ သိရတော့ ရင်နင့်မိတယ် ကိုယ်လည်း တိုင်းနဲ့ ပြည်နယ်အတော်သွားလာပြီးဒီမြို့  ကိုမှ ချန်မိခဲ့လေခြင်းနောင်တ ရမိတယ် ။ ကျမတို့  မှာ သခင်ဖိုးလှကြီး ပေးခဲ့တဲ့ ဇာတိသွေးတွေ ရှိနေတာကြောင့် ယနေ့ ထိဆိုတဲ့ တော်လှန်ရေးအသိတွေ ရှိနေတာမို့  ဖိုးလှကြီးကို ကျေးဇူးဆပ်ဖို့ ချောက်မြို့ ရဲ့ အမျိုးသားရေးတွေ ပြန်လည် နိုးထပေးကြရမယ် ။လာမဲ့ ဒီဇင်ဘာ ၁၁မှာ ကျင်းပမဲ့  ၁၃၀၀ပြည် စိန်ရတု အတွက် ချောက် ကို ၀န်ရံကြပါစို့  --- ဆက်သွယ်လိုလျှင် ၀၉၄၃၂၀၉၆၀၈ ။။။ အစည်းအဝေးကိုယ်တိုင်တက်ရောက်နေရသဖြင့် ပုံများမရိုက် ယူနိုင်ခဲ့ --နောင်တင်ပြပါမည်။။
အမေ၇ိကန်နှင့် ကနေဒါ အလုပ်သမားအဖွဲ့ များနှင့် မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ များတွေ့ ဆုံဆွေးနွေး
အမေရိကန်နိုင်ငံမှ အလုပ်သမားအဖွဲ့ အစည်းများ၊ ကနေဒါနိုင်ငံမှ အလုပ်သမားအဖွဲ့ အစည်းများနှင့် မြန်မာနိုင်ငံရှိ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်နေသူများ၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနှင့်တွ့ ဆုံဆွေးနွေးပွဲအား ရန်ကုန်မြို့ တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
 မော်တော်ယာဉ်ထိန်းသိမ်းရေးအလုပ်သမားသမဂ္ဂ၊မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ ချုပ်၊ အလုပ်သမားအခွင့်အရေးကာကွယ်သူများအဖွဲ့ နှင့် စိုက်ပျိုးရေးအလုပ်သမားများအဖွဲ့ ချုပ်တို့ မှ 
အသီးသီး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသော 
အလုပ်သမားသမဂ္ဂအဖွဲ့ အစည်းများအခြေအနေ၊ အလုပ်သမားများ၏ အခြေအနေများ၊ ပြဌာန်းထားသော ဥပဒေများ၏ အားနည်းချက်များ။ အလုပ်သမားအရေးလှုပ်ရှားသူတို့ ၏ အခြေအနေများအား ဆွေးနွေးခဲ့ပါသည်။
Wednesday, October 2, 2013
LRDP အဖွဲ့ နှင့် ကနေဒါနိုင်ငံမှ BCGEU အဖွဲ့ တွေ့ ဆုံ
Wednesday, September 11, 2013
ရန်ကုန်ILO ရုံး မှ Piyamal Pichaiwongse နှင့် အလုပ်သမားအရေးဆောင်ရွက်သူများနှင့် တွေ့ ဆုံ
ယနေ့ နံနက် အိုင်အယ်အိုရုံးတွင် အိုင်အယ်အိုမှ လက်ထောက်အရာရှိ Piyamal Pichaiwongse နှင့် အလုပ်သမားအရေးလုပ်ဆောင်သူများနှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် လူကုန်ကူးမူဆိုင်ရာအခြေအနေများ၊ ကလေးအလုပ်သမားဆိုင်ရာအခြေအနေများ၊ အဓမ္မအလုပ်စေခိုင်းမူအခြေအနေများအား အသေးစိတ်ဆွေးနွေးခဲ့ပြီး အနာဂတ်တွင် တွေ့ ကြုံနိုင်သော အလုပ်သမားများ၏အခြေအနေများအား
ဆွေးနွေးခဲ့သည်။
Tuesday, August 27, 2013
သြစတြေးလျ နိုင်ငံမှ (Union Aid Abroad) APHEDA အဖွဲ့ နှင့် LRDP ၇န်ကုန်မြို့ တွင် တွေ့ဆုံ
ရန်ကုန်မြို့သို့ ရောက်ရှိနေသော  (Union Aid Abroad) APHEDA အဖွဲ့ မှ LRDP အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ နှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။သြစတြေးလျနိုင်ငံ (Union Aid Abroad) APHEDA အဖွဲ့ မှ အမှုဆောင်အရာရှိ Kate LEE နှင့် စီမံကိန်းအရာရှိ Zoe Bedford တို့မှ မြန်မာနိုင်ငံ၏ အလုပ်သမားများ၏ အခြေအနေ၊ အလုပ်သမားသမဂ္ဂများ၏ အခြေအနေများအား အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။
Sunday, August 25, 2013
အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အင်းစိန်မြို့ နယ်တွင်ကျင်းပ
အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲအား အင်းစိန်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင်သြဂုတ်လ ၂၅ ရက် နေ့ တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်များတက်ရောက်ခဲ့ပြီး နိုင်ငံတကာ အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်နှင့် ကုလသမဂ္ဂ နှင့် ဆက်နွယ်မူများ ယခင် ကာလ မြန်မာနိုင်ငံအား နိုင်ငံတကာအလုပ်သမားသမဂများမှ အရေးယူဆောင်ရွက်မူများမှ ယနေ့ ကာလ မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော  အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်တွေ့ အလုပ်သမားများ၏ ရင်ဆိုင်နေရသော အခက်အခဲများအား ဖြေရှင်းပုံနည်းလမ်းများအား ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ LRDP အဖွဲ့ မှ ဥက္ကဌ ဦးယဉ်ထွေးမှ ကုလသမဂ္ဂနှင့် ILO ဆက်သွယ်မူအခြေအနေများအား ဆွေးနွေးခဲ့သည်။၎င်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်သမားရေးရာ အကြံပေး အဖွဲ့ ဝင် ဒေါ်အိရွှေစင်ညွန့် မှ ဆွေးနွေးပွဲအား အဓိက ဦးဆောင်ဆွေးနွေးခဲ့ကြောင်းသိရသည်။
Saturday, August 17, 2013
" နေဒဏ်ခံပန်းသတင်း" စာအုပ်မိတ်ဆက်ပွဲပြုလုပ်
နိုင်ငံရေးအကျဉ်းသူ (၁၀) ဦး၏ အကျဉ်းထောင်အတွင်းဖြတ်သန်းမူ့ များအားစုစည်းရေးသားခဲ့သော " နေဒဏ်ခံပန်းသတင်း" စာအုပ်မိတ်ဆက်ပွဲအား ၉၊၈၊ ၂၀၁၃ နေ့ တွင် ပြုလုပ်ခဲ့သည်။
Saturday, June 29, 2013
အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံသို့  တက်ရောက်ခဲ့ သော မြန်မာအလုပ်သမားသမဂ္ဂကိုယ်စားလှယ်များမှ ရှင်းလင်းပွဲပြုလုပ်၊
၂၀၁၃ ခုနှစ် ဇွန်လ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ တွင်ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂညီလာသို့ တက်ရောက်ခဲ့သောမြန်မာနိုင်ငံမှ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်၊ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အစိုးရကိုယ်စားလှယ်တို့ မှ ၄င်းတို့ အတွေ့ အကြုံများအား  ဇွန်လ ၂၇ ရက်နေ့ တွင် ရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။
အဆိုပါရှင်းလင်းပွဲသို့  အလုပ်သမားအလုပ်အကိုင်နှင့် လူမူဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်သိန်း၊ အိုင်အယ်အိုဆက်သွယ်ရေးအရာရှိ စတိမာရှယ်နှင့် ရော့စ်ဝီဆင်၊ အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များ၊ အလုပ်သမားရေးဆောင်ရွက်သူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အလုပ်သမားသမဂ္ဂကိုယ်စားလှယ်ဒေါ်သန်းသန်းဌေးမှလည်း ” ဘာသာစကားအခက်အခဲတွေရှိခဲ့ပေမယ့် သံရုံး၊ဘာသာပြန်တွေအကူအညီတွေရခဲ့တဲ့ အဆင်ပြေခဲ့ပါတယ်။ကျွန်မတို့ နိုင်ငံရဲ့ လိုအပ်ချက်တွေကိုကူညီပေးဘို့ လည်း ပြောပြခဲ့ပါတယ်။ကျွန်မတို့ ကိုရွေးချယ်ပေးတဲ့ အလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားရေးလှုပ်ရှားသူတွေကို ကျေးဇူးတင်ပါတယ်။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ တွေ ညီညီညွတ်ညွှတ်လုပ်ဆောင်သွားဘို့ ဆုံးဖြတ်ထားပါတယ်” ဟုရှင်းပြခဲ့ပါသည်။
ဒေါက်တာစိုင်းခိုင်မျိုးထွန်းမှလည်း " ကိုယ်စားလှယ်ဖြစ်သွားပြီဆိုတာသိလိုက်ကတည်းက ကျွန်တော်တို့ မှာ တာဝန်တွေပိုရှိလာတယ်၊ ဂျီနီဗာရောက်ခဲ့တော့ ကျွန်တော်တို့ အတွက် လုပ်စရာတွေပိုများလာတယ်" ဟုရှင်းပြခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂညီလာခံသို့ အိုင်အယ်အိုအဖွဲ့ ဝင် ၁၈၆ နိုင်ငံမှ အစိုးရကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ။ အလုပ်သမားသမဂ္ဂကိုယ်စာလှယ်များ၊တက်ရောက်ခဲ့ပြီး နှစ်စဉ်ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မူ့ များ၊ ဆုံးရှူံးမူများအား အရေးယူခြင်း၊ ပြင်ဆင်ခြင်း၊ ရုတ်သိမ်းခြင်းများအား အဆိုပါညီလာခံမှ ဆုံးဖြတ်ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအား အိုင်အယ်အိုမှ နှစ်စဉ်ပိတ်ဆို့ ဒဏ်ခတ်အရေးယူမူများအား ယခုအပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂညီလာခံမှ ပြန်လည်ရုတ်သိမ်းပေးခဲ့ကြောင်းသိရသည်။