ပင်မစာမျက်နှာများ

Wednesday, February 27, 2013

ဒေါက်တာတင်မျိုးဝင်းအား အလုပ်သမား ရေးဆောင်ရွက်သူများကွန်ယက် မှ ဂုဏ်ပြုလက်မှတ် ပေးအပ်

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် စိတ်အားငွေအားအကြံဥာဏ် အားဖြင့် ၀ိုင်းဝန်း ကူညီ ရပ်တည်
ပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဖြစ်သော ဒေါက်တာတင်မျိုးဝင်းအား အလုပ်သမား ရေးဆောင်ရွက်သူများကွန်ယက် မှ ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားများ အဖွဲ့ ချုပ် အဖွဲ့ ဝင်များအပါအ၀င် လူထု အကျိုးသယ်ပိုးနေသော သူများအား အခမဲ့ ဆေးကုသပေးနေသည့် ဆရာကြီး ၏ ဘားလမ်းဆေးခန်းတွင် ဂုဏ်ပြုလက်မှတ်အားပေးအပ်ခဲ့ခြင်း ကို မှတ်တမ်းတင်အပ်ပါသည်။

Monday, February 25, 2013

Actionaid က ဥက္ကဌ မြန်မာပြည်ေ၇ာက်လာတဲ့ အတွက် ကျမ တို့ LRDPနှင့် တွ့ ဆုံ

ဒီကနေ့  Actionaid က  ဥက္ကဌ မြန်မာပြည်ေ၇ာက်လာတဲ့ အတွက် ကျမ ကိုတွေ့ ဆုံဖို့ ဖိတ်ကြားတဲ့ အတွက် ကျမနဲ့  အတူ ဖိနပ်စက်ရုံများ သမဂ မြို့ နယ်အဆင့် အီးစီ အဖွဲ့ ဝင် အမျိုးသမီး လေးရယ် အထည်ချုပ် သမဂရဲ့ အဖွဲ့ ဝင် ညီမငယ်လေး ရယ် ကန်တော်ကြီးဟော်တယ်မှာ သွားရောက်တွေ့ ဆုံ ဖြစ်ခဲ့ပါတယ် ။ သူတို့ ကတော့ အမျိုးသမီး အခွင့်အရေး ဦးစားပေးမို့  မြန်မာအလုပ်သမားအမျိုးသမီးလေးတွေ ဘ၀ တင်ပြဖြစ်ကြပါတယ်

ဦးသူရိန်အောင်မှ ဂုဏ်ပြုလက်မှတ် ကို ဦးကျော်သူအားပေးအပ်ခဲ့ရာ

ကျမတို့ အလုပ်သမားရေးဆောင်ရွက်သူများကွန်ယက် မှ ဦးစီးကျင်းပပေးသော အလုပ်အမားများအတွက် အလုပ်၇ုံဆွေးနွေးပွဲ ၂ရက်တာ တွင် စားစရိတ် အားလုံး တည်းခို စရိတ်အားလုံး ကူညီပေးခဲ့သော နာရေးကူညီမှုအသင်းအားလေးစားဂုဏ်ပြုသောအား ဖြင့် ကွန်ယက်အဖွဲ့ ဝင် ဦးသူရိန်အောင်မှ ဂုဏ်ပြုလက်မှတ် ကို ဦးကျော်သူအားပေးအပ်ခဲ့ရာ ဦးကျော်သူမှ လက်ခံ ရယူသောပုံဖြစ်ပါသည် ။ ၀မ်းမြောက်ဝမ်းသာ ကြည်နူးနိုင်ကြပါစေ

Saturday, February 23, 2013

အလုပ်သမားအရေးဆောင်ရွက်သူများ၊ အလုပ်သမားသမဂ္ဂများနှင့် ပြည်ထောင်စုဝန်ကြီးများ ဆွေးနွေးပွဲ Peace Center တွင်ကျင်းပ၊









LRDP  ၏ တာဝန်ရှိသူ မှ ၀န်ကြီးများနှင့် တွေ့ ဆုံမှုတွင် အကြံပြုတင်ပြ ချက် မှာ အလုပ်သမားအဖွဲ့ ဖွဲ့ စည်းခွင့် ရပြီး နောက် အလုပ်သမားအဖွဲ့ များဖွဲ့ နိုင်ရန် မိမိတို့ မှ အလုပ်သမားထုထဲ တွင်အခွင့်အလမ်းများ လက်ဆင့်ကမ်းခြင်း ပို့ ချပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ဖွဲ့ စည်းပြီး သမဂ္ဂများကို အလုပ်ရှင်မှ အလုပ်ထုတ်ပစ်ခြင်း နေရာပြောင်းရွေ့ ခြင်းတို့ ကြောင့် ဖွဲ့ စည်းခွင့်ရသည်ကို လက်ဆင့်ကမ်းခဲ့သော မိမိ တို့ ပင် တရားခံ ဖြစ်ပြီလားဟု တွေးတောမိပါသည်။ သို့ အတွက် ၀န်ကြီးများအနေနှင့် အလုပ်ရှင်များကို ပြုပြင်ပြောင်းလဲ လာနိုင်ရန် တိုက်တွန်း နိုးဆော်ရန် အကြံပေးတင်ပြခဲ့သည်။

Tuesday, February 19, 2013

မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့သည့်  အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲ၊




The First Labour Workshop in Myanmar


On February 16-17, there was a labour workshop in Thukha Funeral Association hall. There were over 150 labour attended and they are from 80 labour unions. In that workshop, they have reported the paper about labour rights and Freedom of association were violated. NLD chairperson U Tin Oo, Ko Ko Kyi from peace and transparent society, Government Official Chief Director of Labour Ministry U Win Shein attended and gave opening speeches. Then Mr. Ross Wilson from ILO Freedom of Association talked about the freedom of association and rights to the labour.

After having all the paper from labour unions, U Thurein Aung took responsible for presentation about Labour Rights. U Saw Kyaw Kyaw Min took responsibility for discussion about Trade Disipute and Daw Eai Shwe Sinn Nyunt took responsibility for discussion about Freedom of Association.

We will report to those discussion result to Hluttaw(Parliament) soon.

Labour activists network organized that workshop and other civil society groups donate money for the cost, U Kyaw Thu and Daw Shwe Zee Kywat supported by supplying their hall, food and accomodation during the workshop. The Speakers are Daw Eai Shwe Sinn Nyunt, U Thurein Aung, U Htay, U Tin Ko Ko Thet and U Nyi Nyi Zaw.

Even now is already one year labour unions were allowed to found, but there are too many problems for basic labour unions, and the labours were fired. So we all labour activists trust we have the responsibility. Our Labour activist network will find out the problems of labours and will try to do report to Hluttaw. For the workshop, we could organized and handled by the donation of civil society groups. So the labours’ organizations and labour represented could talk their problems openly. We will report those result to the Hluttaw in coming week.

Labour Activist Network’s Members
1)       Thurein Aung, U Nyi Nyi Zaw – Labour Activists Group
2)       Lawyer U Htay – Myanmar Labour’s Network
3)     Daw Eai Shwe Sinn  Nyunt     Labour Rights Defenders and Promoters
4)   U Tin Ko Ko Thet, U Ye’ Win Htun – Seamen Group, MMF
5)            U Aung Thu, Industry Labour Union – MITU
6)       U Wunna Htun, U Myo Zaw – Export and Import Inspection Union
7)U Yin Aye, Farmers Union – AFFM
8)       U Saw Kyaw Kyaw Min – Lawyers for Labours – LLC
9)      U Htun Htun Naing – Labour Cooperation Committee – CCTU
And other organization supported the network and labour responsible person

1) Ma Mar Mar Oo – 88 generation’s labour concern
2) Nanda Sit Aug – Burmese Students Union’s Labour concern
3) U Zwe Yan Naing – Myanmar Youth Network’s Labour concern
4) Pan Tee Eain Women Group








Ko Ko Gyi ( 88 generation)

 ဖေဖေါ်ဝါရီလ ဆယ့်ခြောက်ရက်နှင့် ဆယ့်ခုနှစ်ရက်တို့ တွင် သုခ ခန်းမ နာရေးကူညီမှုအသင်း
တွင် အခြေခံအလုပ်သမားသမဂ္ဂ ပေါင်းတစ်ရာနီးပါးတို့  က အလုပ်သမားရေးရာအလုပ်ရုံဆွေးနွေးပွဲအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။
တက်ရောက်လာသည့် အလုပ်သမားပေါင်း မှာတစ်ရာ့ငါးဆယ်ကျော်ဖြစ်ပြီး သမဂ္ဂပေါင်း ၈၀ကျော်မှ
တက်ရောက်၍ လက်ရှိ အလုပ်သမားအခွင့်အရေး နှင့် ဖွဲ့ စည်းရေးအတွက် ဖိနှိပ်ချိုးဖောက်ခံ
ရမှုများကို စာတန်းဖတ်တင်ပြသွားပါသည်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် နာယက ကြီး ဘဘ ဦးတင်ဦး၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း မှ ဦးကိုကိုကြီး၊ အလုပ်သမားရေးဝန်ကြီးဌာန ၏ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တို့ က အဖွင့် အမှာစကားပြောကြားပေးကြပြီး၊ ILO မှ လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းရေး တာဝန်ခံ မစ္စတာရော့(စ်) ၀ီလစင် မှ ဒုတိယနေ့ တွင် အလုပ်သမားများအတွက် လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းမှုဆိုင်ရာ နှင့် အခွင့်အလမ်းများကို ဆွေးနွေးတင်ပြသွားပါသည်။
ဤ အလုပ်ရုံဆွေးနွေးပွဲသို့  သမဂ္ဂအသီးသီး၏ တင်သွင်း ဖတ်ကြားသွားသောစာတန်းများကိုပြုစု ၍ Labour Rights (အလုပ်သမားအခွင့်အရေး)နှင့် ပတ်သတ်၍ ဦးသူရိန်အောင်မှ
တာဝန်ယူကာအစုလိုက် စုစည်းဆွေးနွေးတင်ပြသွားပြီး Trade disipute(အငြင်းပွါးမှု) နှင့် ပတ်သက်၍ ဦး
စောကျော်ကျော်ကျော်မင်းမှ တာဝန်ယူကာ အစု အဖွဲ့ အလိုက်ဆွေးနွေးတင်ပြသွားပြီး ဒေါ်အိရွှေစင်ညွန့် မှ တာဝန်ယူကာ Freedom of Association (လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းခွင့် )နှင့် ပတ်သက်ပြီး အစု အဖွဲ့ အလိုက် ဆွေးနွေးသွားပါသည်။ ဆွေးနွေးတင်ပြချက် များကို လာမည့်ရက်သတ္တပတ်အတွင်း
လွှတ်တော်သို့  တင်သွင်းသွားမည်ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို အလုပ်သမားရေးဆောင်ရွက်သူများကွန်ယက်မှ တာဝန်ယူဆောင်ရွက်ပြီး လူထု အကျိုးပြု ဆောင်ရွက်နေသောအဖွဲ့ အစည်း အသီးသီး၏
အလှူငွေများ ဦးကျော်သူဒေါ်ရွှေဇီးကွက် တို့ ၏ ခန်းမ နှင့် အလုပ်ရုံဆွေးနွေးပွဲတစ်လျောက်
စားသောက်နေထိုင်မှုများအစစ တာဝန်ယူမှုကြောင့် ဤ အလုပ်ရုံဆွေးနွေးပွဲအားအောင်မြင်စွာကျင်းပနိုင်ခြင်းဖြစ်ပါသည်။.

Sunday, February 3, 2013

the labour reqistration officer & LRDP


Discussed and explained for the basic labour organization (ShweKu) with the labour reqistration officer from  Mague division.

LRDP - Activity


Disscussed and explained about labours right at the Basic labour organization (ShweKu)
Mague division .

the Basic labour organization (ShweKu) Mague division .


the Basic labour organization (ShweKu)
Mague division .

Saturday, February 2, 2013

ILO မှ FOA အရာရှိ မစ္စတာ ရော(စ်) ၀ီလဆင် နှင့် LRDP


ILO မှ ဌါနေကိုယ်စားလှယ် မစ္စတာစတိမာရှယ် နှင့် LRDP


LRDP ၏ သတင်းပြန်ကြားရေးနှင့် Webside တာဝန်ခံ ဦးယဉ်ထွေး နှင့် စိုက်ပျိုးရေးအလုပ်သမားများ


ဇာတိမြေ နေပြည်တော် လယ်ဝေး တွင်


ပို့ ကုန်သွင်းကုန်စစ်ဆေးရေး အလုပ်သမားများ နှင့် ဖွဲ့ စည်းရေးဆွေးနွေးပွဲ



LRDP ဥက္ကဌ ဆရာဇော်မြင့်အောင် နှင့် ကျမ တို့  လွတ်လပ်သော အလုပ်သမားသမဂ`ဂ ဖြစ်မြောက်ရေး လှုတ်ရှားစဉ်


ပထမဆုံး ဖွဲ့ စည်းပေးခဲ့သည့် ရွှေပြည်သာ အထည်ချုပ် အခြေခံ အလုပ်သမား များနှင့် အတူ


မြန်မာပြည်ကို ခြေချပြီး တစ်ပတ်ပြည့်သည်နှင့် --

ကျမ အိရွှေစင်ညွန့် သည် ပြည်ပတွင် အလုပ်သမား အခွင့်အရေးဆိုင်ရာ နည်းလမ်းများ အိုင်အယ်အို နှင့် မြန်မာ သဘောတူ စာချုပ်များ အလုပ်သမားအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများကို ၆နှစ်ကြာ လေ့လာ ဆည်းပူး သင်ယူခြင်းသင်ကြားပေးခြင်းများပြုလုပ်ခဲ့ပြီး ၂၀၁၂ ဖေဖေါ်ဝါရီ ၂၈ တွင် အမိ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာပြီး ကျောင်းသားနိုင်ငံရေး ပါတီနိုင်ငံ ရေး လုပ်ခဲ့သည့် ကာလ တစ်လျောက် အခြေခံပြည်သူလူထု လက်ထဲသို့  ကျမအနေနှင့် မည်သည့် အရာမှ လက်ဆင့်ကမ်းမပေးနိုင် သေးဟု သုံးသပ် ၍ အလုပ်သမားထုအား၎င်းတို့ အခွင့်အရေးသိရှိနားလည်နိုင်စေရန် နည်းလမ်းများ လက်ဆင့်ကမ်းမည် အဖိနှိပ်ခံ အလုပ်သမားထု ဘ၀ ဖက်မှရပ်တည်မည်ဟူသောယုံကြည်ချက် ဖြင့် မြန်မာပြည်သို့ ပြန်ရောက်ပြီး ရရက် အကြာတွင်ဤပုံပါလွတ်လပ်သောအလုပ်သမားသမဂ`ဂများဖြစ်မြောက်ရေးကော်မတီကို စုပေါင်းဦးဆောင်မှုဖြင့် ဖွဲ့ စည်းနိုင်ခဲ့သည်။