၂၉ ရက်နဲ့  ၃၀ ရက်မှာ MCC ခမ်းမ မှာကျင်းပ
ပြုလုပ်ခဲ့တဲ့ အလုပ်သမားများ ဖိုရမ် နဲ့ ပတ်သတ်ပြီး အင်တာနက် လိုင်းကောင်း
ရင် ကောင်းသလို ကျမ တင်ပြပေးပါမယ် ။ ဒီပုံတွေ ကတော့ ကျမ
အခမ်းအနားမှုးတာဝန်ယူနေတဲ့ပုံဖြစ်ပါတယ် အသံတွေ ဆူညံသွားတဲ့ အဓိက
အကြောင်းရင်းက ILO က ဆွဲတဲ့ အစီအစဉ် မှာ
FTUM ခေါင်းစဉ် နဲ့  အမျိုးသမီးတစ်ဦးကို ဦးဆောင် ဆွေးနွေးခွင့် ပြုပြီး
သူတို့ လက်အောက်ခံ ဆာကုရာ အထည်ချုပ်အခြေခံအဖွဲ့ က ကလေးမ တစ်ဦးနဲ့ 
ယောင်္ကျားလေးတစ်ဦး ကို စင်ပေါ်တက်ဆွေးနွေးခိုင်းတဲ့ အတွက် အလုပ်သမားထုက
မကြေနပ်ပြီး မေးခွန်းထုတ်ခဲ့ကြပါတယ် ။ FOA တာဝန်ခံ မစ္စတာရော့ (စ်) က
ဒီအခြေအနေ ကို ပြောင်းလဲ ပေးပြီး နောက်တနေ့  FTUM ရဲ့ ဦးဆောင်သူပါဝင်မဲ့
အစီအစဉ် ကို ဖျက်ပေးခဲ့ပါတယ် ။ အဲဒျီေကြာင့်လည်းပါပါ တယ် FTUM အပါအ၀င်
လက်အောက်ခံ အားလုံး ဖိုရမ်မှ ထွက်ခွါသွားပြီး --- မကြာမှီစိတ်ဆိုးပြေ
၍ထင်သည် ပြန်လည်ရောက်ရှိလာကြပါတယ် ။။ (အသေစိတ်ထပ်မံ တင်ပြပါမယ် ဖိုရမ်
ပြီးပြီးချင်း ညမှာ ကျမတို့ ကွန်ယက်မှ ပလိပ်မြို့  မေဒေး အခမ်းအနားသို့ 
ချက်ချင်းတက်ရောက်ရသဖြင့် သတင်းနောက်ကျမှ တင်နိုင်ခြင်းဖြစ်ပါတယ်)
No comments:
Post a Comment