ပင်မစာမျက်နှာများ
Home
News
Media
Training
Labour Organization
Thursday, May 30, 2013
Activity from International Communication Coordinator for LRDP
ဒီကနေ့ ထုတ် ရွှေနိုင်ငံ နေ့ စဉ် သတင်းစာမှာ ကျမ နဲ့ ပတ်သတ်တဲ့ သတင်း ၂ခု အတွက် ။မဖြစ်မနေ ပြန်တင်ပြရမှာမို့  ကျမ တင်ပြပါ့မယ် ။ နှံပါတ်(၁) က စာမျက်နှာ ဆယ့်ခြောက်ပါ (ပုံပါ)
သတင်းပါ သတင်းတင်ပြတာ ကျမပြောတာနဲ့ မမှားပါဘူး ဒါပေမဲ့ ကျန်ခဲ့တာက ခက်ပါတယ်
။ အရေးကြီးတာကျန်တာပါ ကျမ က အလုပ်ရှင် ပေးနိုင်တဲ့ အဆင့်ကို တဆင့်ချင်းတင်ပြဖို့ နဲ့  အစိုးရ၀န်ထမ်းတွေ ၂၀၀၀၀ တိုးပေးတာ ၂၀၀၀၀ လောက်တိုးတောင်းရင်အဆင်ပြေနိုင်တာနဲ့  မီးပျက်နေတဲ့ ပြဿနာလေးတွေ လည်းထဲ့ပြောထားပါတယ် ။ ခုတင်ထားတာ တုံးတုံးတိတိကြီးဆိုတော့ ဒီနေ့  ဖုန်းတွေ ၀င်ပြီးမေးတာ ဖြေရှင်းနေရပါတယ် ။ သတင်းတင်တာ မမှားပေမဲ့ ချန်ခဲ့ရတာတွေက အရေးကြီးတာတွေ ကျန်တော့ လူထု တမျိုးထင်ကြပါတယ် ။ ၁ယောက်လောက်က ပြောရင် ကျမ ပြန်တင်ပြဖြစ်မှာမဟုတ်ပါဘူး ။။ ရဲဘော် တချို့ ကဆို နင်အရင်ကနဲ့ မတူဘူးတဲ့ အရင်က ချစ်ဖို့ ကောင်းတယ် ဖိုက်တာ တဲ့ ခု ညှိနှိုင်းတာတွေ ဘာတွေ ညာတွေ တဲ့ ဒီစကားအတွက်တော့ ရှင်းပါတယ် ။ ဒါ တိုင်းပြည်အတွက် ကျမရွေးချယ်တဲ့ လမ်းပါ ။ကျမ အပြင်ရောက်တဲ့ အခါ ညှိနှုင်းဆွေးနွေး မှု သင်းပင်းဖွဲ့ စည်းမှု ခိုင်မာတဲ့ အဖွဲ့ အစည်းတွေရဲ့ အားသာချက်တွေဟာ တိုင်းပြည်တွေ ဖွံ့ဖြိုးရေးကို ဘယ်လောက်ပြောင်းလဲစေလဲဆိုတာ (ရှစ်နှစ်လုံး)အခိုင်အမာလေ့လာခဲ့ပြီး ယုံကြည်ခဲ့ပြီးပြီမို့  ဒီလို လျောက်လှမ်းတာပါ ။။
နောက်သတင်းတခု က စာမျက်နှာ၂၀ နောက်ကျောဖုံး က ဖြစ်ပါတယ် ။
ကျမ ရှစ်လေးလုံးငွေရတု လုပ်ဖို့ ပွဲကို တက်ခဲ့တာ ပုဂ္ဂလိက အနေနဲ့ ဖြစ်ပါတယ်။
ဒါကိုလည်း မဆွေးနွေးခင်မှာ မိတ်ဆက်ပြောခဲ့ပါတယ် ၈၈ အရေးတော်ပုံမှာ အခြေခံကျောင်းသူ
တစ်ယောက်အနေနဲ့ ဦးဆောင်ပါဝင်ခဲ့လို့ တာဝန်ရှိတယ် လို့ နားလည်းလို့ တက်ရောက်ခဲ့ကြောင်း
ပြောခဲ့ပါတယ် ။ ဒါပေမဲ့ သတင်းမှာ အလုပ်သမာရေးဆောင်ရွက်သူများကွန်ယက်မှ လို့ ရေးထား
တဲ့အတွက် ဒီကွန်ယက်မှာကျမတို့  LRDP ပါတာမှန်ပေမဲ့ အဲဒီ့ အစည်းအဝေးကိုကွန်ယက်အနေနဲ့ 
တက်ရောက်ခဲ့တာ မဟုတ်ကြောင်းကွန်ယက် ကို ဥပမာပေး၍သာ တင်ပြထားခြင်းဖြစ်ကြောင်း နှင့်
၈၈၈၈ မျိုးဆက် (အဖွဲ့ မဟုတ်ပါ ၈၈၈၈ အစပါဝင်သူစစ်စစ်)
တစ်ဦးအနေနဲ့ သာ တက်ရောက်ဆွေးနွေးခဲ့တာဖြစ်ကြောင်း တင်ပြချင်ပါတယ် ။
ရွှေနိုင်ငံကို ကျေးဇူးတင်ပါတယ် ။ မှားယွင်းခြင်းမဟုတ်သော်လည်း မိမိပြောဆိုထားမှု မိမိမှာ
တာဝန်ရှိ၍သာ ပြန်လည်ရည်ညွှန်းပေးထားခြင်းဖြစ်ပါသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment