မြန်မာ သဘောင်္သားတွေ ကို ဟိုးတချိန်က
အခြားနိုင်ငံ သဘောင်္သားတွေ နဲ့ မတူပဲ လစာကို ချိုးနှိမ်ခဲ့ပါတယ် ITF က
စုံစမ်းစစ်ဆေးရေးပြုလုပ်တဲ့ အခါ ITF ကိုတင်ပြတာနဲ့ ပေးတာ အတော်ကွာနေပါတယ်
ဒီ့အတွက် ၂၀၀၉ ကနေ ၂၀၁၄ အထိ သဘောင်္ာလိုက်ပြီး လုပ်ခလစာ ချိုးနှိမ်ခံထားရသူများ
ကိုလျော်ဖို့ $ 2သန်း ကျော်ရှိမယ်လို့ ခန့်မှန်းရပါတယ် သဘောင်္ာသားများ
ထိုအခြေအနေကိုလေ့ ၄နှစ်အတွင်း မိမိ အချိုးနှိမ်ခံထားရတဲ့ ငွေတွေ
ပြန်တောင်းနိုင်ပါတယ် ။အစိုးရ မှလည်း ကိုယ့်အခွင့်အရေးကို
တောင်းဆိုခွင့်ပြုထားပါတယ် အဲလိုတောင်းဆိုမှုကြောင့် မည်သူကိုမှ
အကျိုးအမြတ်ပေးစရာမလိုသလို စိုးရိမ်စရာလည်းမလိုပါဘူး ။။ ဆိုတာ ဒီကနေ့ ITF
မှ တာဝန်ရှိသူများရှင်းလင်း တင်ပြသွားပါတယ် ။။ လက်ရှိလည်း အိုဗာဒိုင်ကြေး
မရသေးသူများ --မိမိအမည် စီဒီစီ နံပါတ်များနဲ့ ဦးအောင်ကျော်လင်း ၀၉၄၃၁၈၈၈၀၁
နှင့် ကိုဇော်မင်းထိုက် ၀၉၅၀၆၆၅၉၃ သို့ ဆက်သွယ်နိုင်ပါသည်။
သဘောင်္သားတွေ ကို လစာ ၇၀၀$ ပေး ၈၀၀$ ပေးနဲ့ တကယ် ITF ကိုတင်ပြထားတာ ၁၂၀၀$
ဖြစ်ပါတယ် ဗမာကို အရင်လို နှိမ်ချိုးထားလို့ မရအောင် ITF က ကူညီနေတာ
တွေ့ရပါတယ်။။။
ဒီကနေ့ စီဒိုးနား မှာကျင်းပတဲ့ ITF
(အပြည်ပြည်ဆိုင်ရာပို့ဆောင်ဆက်သွယ်ရေးအဖွဲ့ချုပ်) ရဲ့ မြန်မာသဘောင်္သားတွေ
အတွက် အချိန်ပိုကြေး နဲ့ နစ်နာကြေးပေးအပ်တဲ့ပွဲ ကို ကျမ
အခမ်းအနားအစီအစဉ်ကြေညာသူအနေနဲ့ ကူညီဆောင်ရွက်ပေးခဲံ့ပါတယ် ။ ဒီအစီအစဉ်ကို
မြန်မာနိုင်ငံဖွါး မြန်မာလူမျိုး အမေရိကန်နိုင်ငံသားဖြစ်တဲ့ ITF ရဲ့
စစ်ဆေးရေး အရာရှိဦးရွှေထွန်းအောင်မှတဆင့် သဘောင်္သားတွေရဲ့
နစ်နာဆုံးရှုံးနေတဲ့ ရသင့်ရထိုက်တဲ့ လုပ်အားခ
တွေကိုပြန်လည်ယူဆောင်လာပေးတာဖြစ်ပါတယ် ။ITF ရဲ့တာဝန်ရှိသူ
ရှေ့နေများကိုယ်တိုင်လည်း လာရောက်ပေးအပ်ရာပါဝင်ခဲ့ပြီး နောက်ပိုင်း
တင်ပြတောင်းဆိုလာမဲ့ သဘောင်္သားလုပ်အားခတွေကို ဦးအောင်ကျော်လင်းမှ
တာဝန်ယူသွားမယ်ဆိုတာ ITF ရဲ့ အကြီးအကဲ အမေရိကန်နိုင်ငံသား တစ်ဦးက
ပြောကြားသွားပါတယ် ။ မြန်မာ အစိုးရ ဖက်မှ တက်ရောက်သူ
ရေကြောင်းပို့ဆောင်ရေးဌါန ဒု ညွှန်ချုပ် ဦးသောင်းကြိုင်ကလည်း
ပင်လယ်ကူးသင်္ဘောသားတွေ တချိန် က ITF နဲ့ ဆက်သွယ်ရင် ကျနော်တို့ ကိုယ်တိုင်
မကြိုက်ခဲ့ဘူး ခုတော့ တိုင်းပြည်က အပြောင်းအလဲ ဖြစ်လာပြီမို့
ကိုယ့်အခွင့်အရေးနဲ့ နစ်နာဆုံးရှူံးမှုတွေကို ITF က တဆင့် တောင်းယူတာ
ကျနော်တို့ ဘယ်လိုမှအရေးမယူပါဘူးဟု လာရောက် ရှင်းလင်းပြပါတယ်။ဒီကနေ့
အခမ်းအနားနဲ့ သဘောင်္သားအပါအ၀င် မိသားစုများကို ယခုကဲ့သို့
လုပ်အားခများပြည်လည် ပေးအပ်နိုင်ခဲ့တာ မြန်မာသဘောင်္သားတွေ အတွက် အနာဂတ်
သူတစ်ပါးတိုင်းပြည်က မြန်မာကို နှိမ်ပြီး လုပ်အားခ
ခွဲခြားဆက်ဆံခံရမှုကနေရုန်းထွက်နိုင်လိမ့်မယ်ဆိုတဲ့ မျော်လင့်ချက်
တွေ့ရှိရပြီ မို့ -- ၀မ်းသာကြေနပ်ရပါတယ် ။
No comments:
Post a Comment