မနေ့ ညက ပဲ ချောက်မြို့ က ပြန်ရောက်ပါတယ်။ ၁၃၀၀
ပြည့်အရေးတော်ပုံအတွက် ကြိုတင်အစည်းအဝေးကို မြို့ မိ မြို့ ဖတွေ
ကဖိတ်ပါတယ် ။ ချောက်မြို့ ရဲ့  သမိုင်းဝင်မေဒေးကျောက်တိုင်တို့ 
သခင်ဖိုးလှကြီးရဲ့ နယ်ပယ်တွေ ပြီးတော့ရေနံကန်ကြီးတွေ ပိုက်လိုင်းပုံတွေ အေးစေတီရဲ့
သမိုင်းတွေ ဓါတ်ပုံ မတင်နိုင်သေးတာ ကင်မရာ ရောဖုန်းပါ အခက်အခဲဖြစ်သွားလို
့ပါ။ သမိုင်းကြောင်းတွေ စနစ်တကျမေးပြီး လက်ဆင့်ကမ်းစာရေးဖို
့ပြင်ဆင်နေပါတယ် ။ ချောက် မြို့ ရောက်တော့ အလုပ်သမားတော်လှန်ရေးကြီးနဲ
နေမ၀င် အင်ပါယာ ပိုင် ကိုလိုနီကို ဖိန့် ဖိန့် တုန်စေခဲ့တဲ့ မြို့ မှာ
အခြေခံ အလုပ်သမားအဖွဲ့ အစည်းတောင် မဖွဲ့ နိုင်ခဲ့တာ သိရတော့ ရင်နင့်မိတယ်
ကိုယ်လည်း တိုင်းနဲ့ ပြည်နယ်အတော်သွားလာပြီးဒီမြို့  ကိုမှ
ချန်မိခဲ့လေခြင်းနောင်တ ရမိတယ် ။ ကျမတို့  မှာ သခင်ဖိုးလှကြီး ပေးခဲ့တဲ့
ဇာတိသွေးတွေ ရှိနေတာကြောင့် ယနေ့ ထိဆိုတဲ့ တော်လှန်ရေးအသိတွေ ရှိနေတာမို့ 
ဖိုးလှကြီးကို ကျေးဇူးဆပ်ဖို့ ချောက်မြို့ ရဲ့ အမျိုးသားရေးတွေ ပြန်လည်
နိုးထပေးကြရမယ် ။လာမဲ့ ဒီဇင်ဘာ ၁၁မှာ ကျင်းပမဲ့  ၁၃၀၀ပြည် စိန်ရတု အတွက်
ချောက် ကို ၀န်ရံကြပါစို့  --- ဆက်သွယ်လိုလျှင် ၀၉၄၃၂၀၉၆၀၈ ။။။
အစည်းအဝေးကိုယ်တိုင်တက်ရောက်နေရသဖြင့် ပုံများမရိုက် ယူနိုင်ခဲ့
--နောင်တင်ပြပါမည်။။
No comments:
Post a Comment