ပင်မစာမျက်နှာများ

Tuesday, March 25, 2014

WRC & LRDP meeting about Labour Right & Logo


၂၅-၃-၂၀၁၄ မှာ အလုပ်သမားသမဂ္ဂ ၃ဖွဲ့ဖြစ်တဲ့ MMWF ၊ Kyaw Htet Kyaw ဂုံနီစက်ရုံ အလုပ်သမားများအဖွဲ့ / Asia World အလုပ်သမားများအဖွဲ့ နှင့်အတူ LRDP မှ အမေရိကန်မှလာရောက်သော WRC - Worker Rights Consortium အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ် ။ နိုင်ငံတကာမှာ ကုန်အမှတ်တံဆိပ်၊ လိုဂို တံဆိပ် တွေ ရဲ့ အရေးကြီးတဲ့အခြေအနေတွေ၊  မြန်မာပြည်က ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ မှာ ဘယ်က လာတယ် ဘယ်နိုင်ငံကကထုတ်တယ် တံဆိတ်တွေ ပါ မပါနဲ့ Export ပို့ တဲ့ အထည်ချုပ်တွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ရင်  နိုင်ငံတကာကနေ Export လက်မခံတာမျိုး ပိတ်စို့တာမျိုး လုပ်နိုင်တာတွေ ဆွေးနွေးခဲ့ပါတယ် ။ လွန်ခဲ့သော ကာလအခြေအနေတွေက စစ်အစိုးရက နိုင်ငံတကာရဲ့ ပြဌာန်းချက်တွေကို ချိုးဖောက်ခဲ့လို့ မြန်မာပြည်ကို စီးပွားရေးအရ ပိတ်ဆို့ အရေးယူမူတွေလုပ်ခဲ့ပါတယ်။
ယနေ့ ကာလ လုပ်ငန်းရှင်တွေ၊ ကုမ္မဏီကြီးတွေ၊ နိုင်ငံတကာကုမ္မဏီကြီးတွေမြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးတွေချိုးဖောက်တာတွေလုပ်ခဲ့ရင်  နိုင်ငံတကာဈေးကွက်ကနေ ပိတ်စို့ အရေးယူခံရမှုမျိုးတွေရှိလာတော့မှာဖြစ်ပါတယ်။
အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများ (LRDP) မှ အစီအစဉ်တွေစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

No comments:

Post a Comment