ပင်မစာမျက်နှာများ

Friday, April 11, 2014

Youth Leadership Forum at Thailand

ထိုင်းအစိုးရရဲ့ အဓိက ဖိတ်ကြားရခြင်းအကြောင်းရင်း က ဂိတ်တွေတရားဝင်ဖွင့်နိုင်ဖို့နဲံရင်းနှီးမြုတ်နှံရေး ဘဏ် အခြေအနေ (ငွေကြေးတည်ငြိမ်မှုရှိမရှိ) ဒါတွေ အဓိက ဖြစ်ပါတယ် ။ကျမကတော့ ကျမတို့ရွှေ့ပြောင်းအလုပ်သမားတွေ ဘ၀ အာမ ခံရနိုင်ရေး တင်ပြခဲ့ပါတယ်။

ထိုင်း နိုင်ငံ အစိုးရ အဖွဲ့ရဲံဖိတ်ကြားမှု ကြောင့် ကျမ ထိုင်းမြေကို မြန်မာပြည်ပြန်လာပြီး ၂နှစ် အကြာ မှာပြန်လည် သွားရောက်ဖြစ်ပါတယ် ။ ဒီတခါတော့ ခိုလှုံဖို့သွားရတာ မဟုတ်ပဲ ဖိတ်ကြားခံရတာဖြစ်ပါတယ် ။ထိုင်းအစိုးရရဲ့ အတွင်းဝန် ၊ ခရိုင်ဝန် ၊လွှတ်တော်ကိုယ်စားလှယ် ၊ တက္ကသိုလ်မှပါမောက္ခများ၊ Centara ဟော်တယ်ပိုင်ရှင် များအပါအ၀င် ထိုင်းစီးပွါးရေးလုပ်ငန်းရှင် များနဲ့တွေ့ဆုံခဲ့ရပါတယ် ။ထိုင်းဘုရင့်နန်းတော် ၊နန်းတော်ဟောင်းများကို လေ့လာခွင့်ရခဲ့တဲ့အပြင် တနင်္သာရီတိုင်း အတွင်းနယ်စပ် မြို့  မောတောင် မြို့ (မြန်မာပြည်ဖက်ခြမ်းကိုလည်းပို့ပေးခဲံ့ကြပါတယ်) ဒီအပြင် ပင်လယ် ကမ်းနားမှာလည်း ခမ်းနားစွာ ထိုင်းယဉ်ကျေးမှုအကများနဲ့ ကြိုဆိုဖျော်ဖြေခဲ့ကြပါတယ် ။ မြန်မာဖက်က လွတ်တော်ကိုယ်စားလှယ် ၄ဦး ပြည်ထောင်စုလွှတ်တော်ရုံးအမျိုးသားလွှတ်တော်ရုံး မှ အရာရှိ ၃ဦး ၊စကိုင်းနက်မှ ကိုစူး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကျမ်းမာရေးကွန်ရက်မှ အတွင်းရေးမှုးအဖွဲ့ဝင် ဒေါက်တာစုမြတ်နိုင်နဲ့  ကျမ အလုပ်သမားရေး ဆောင်ရွက်သူ စုစုပေါင်း ၁၀ဦး အားဖိတ်ကြားခံခြင်းဖြစ်ပါတယ်



No comments:

Post a Comment