ပင်မစာမျက်နှာများ

Wednesday, April 30, 2014

LRDP trained about Labour Rights ( Ma Au Pin Township, Irrawaddy Division)



သင်တန်းစီစဉ်သူ တက်ရောက်သူ မောင်လေးတယောက်ဟာ ဆယ်တန်းကို ဆေးဝင်တာတောင် ဆေးကျောင်းမတက်ပဲ E- မေဂျာပဲယူပြီး မိဘကို လုပ်ကျွေးနေတယ်။ကျူရှင်ဆ၇ာလေးအဖြစ်အသက်မွေးပေမဲ့ ပရဟိတ စိတ်အားကြီးတာကြောင့် ဘ၀ရပ်တည်ရေး မနည်းရုန်းကန်နေရတယ် ။ ကျူရှင်ဆရာများ သမဂ္ဂ အတွက် သူကြိုးစားနေပါတယ် ။
( အလုပ်သမားတွေကိုယ်တိုင် ကိုယ်ဘာလုပ်ချင်တာလဲ ဆိုတာ ရှင်းလင်းတင်ပြနိုင်တဲ့အထိလေ့ကျင့်ပေးခဲ့ပါတယ်)
ဒီကနေ့ ဧရာဝတီတိုင်း မအူပင် က အလုပ်သမား တွေ ရဲ့ ဖိတ်ကြားမှုကြောင့် အလုပ်သမား အသိပညာပေး မှုကို သွားရောက်ဆောင်ရွက်ခဲ့ပါ
တယ် ။ ကျေးရွာ က ငါးဖယ်အို နဲ့ ကွဲဂတ် ရွာ ၂ခုက အလုပ်သမားရေးစိတ်ဝင်စားသူတွေ ပရဟိတ အခြေခံရှိသူတွေနဲ့ အလုပ်သမားသမဂ္ဂ နဲ့ သမဂ္ဂရေး အစွမ်းကုန်ကြိုးစားချင် တိုးတက်ချင်သူတွေ တက်ရောက်ခဲ့ပါတယ် ။ စက်မှုဇုံတွေ မှာ သင်ကြားရတာ ထက်သာတဲ့အချက်တွေက ဒီရွာသားတွေ လူမကြောက်ဘူး အပြန်အလှန်ဆွေးနွေးရဲတယ်။ တိုးတက်ချင်စိတ်လည်း ကြီးကြတယ် ။ ကိုးမိုင်ခွဲ အထိရွာလမ်း (ဖုန်းတထောင်းထောင်း) ကို ဆိုင်ကယ်ကိုယ်စီ စီးပြီကြိုပို့ကြပါတယ် ။

No comments:

Post a Comment