ပင်မစာမျက်နှာများ

Wednesday, November 9, 2011

ရေဘေးဒဏ်ခံနေရသော အလုပ်သမားတစ်ဦူး၏ ပြောဆိုချက်။

အလုပ်သမားများ၏ ပြောပြချက်မှာ - ၎င်းတို့ အနေဖြင့် မည်သည့်အချိန်တွင် ရေကျသွားမည်ကို မသိသော် လည်း စက်ရုံပြန်ဖွင့် မည့်အချိန်ကို စောင့်နေကြောင်း၊ အကယ်၍ အလုပ်ကို လ နှင့် ချီ၍ ပိတ်ထားမည်ဆိုပါက အခက်အခဲများစွာ ကြုံရမည်ဖြစ်ကြောင်း၊ မိမိတို့  အဖွဲ့ မှ ကူညီမှုမှာလည်း (၃) (၄) ရက် ခန့် သာ စားသုံးနိုင် မည်ဖြစ်ကြောင်း၊ ရိက္ခာအခက်အခဲမှာ ဈေးထွက်ဝယ်ရန် အခက်အခဲရှိခြင်း၊ ငွေကြေးအခက်အခဲရှိခြင်း၊ ကုန်ဈေး နူန်းမှာလည်း ကြက်ဥ တစ်လုံး (၇) ဘတ်အထိ ဈေးတက်နေပြီး ရောင်းမည့်ဆိုင်ပင်မရှိကြောင်း နှင့် များစွာ ကြပ်တည်းမှုများနှင့်ကြုံတွေ့ နေရပြီး မခံနိုင်တော့သည့်အဆုံးတွင် ရဲဖမ်းလျှင်လည်း ဖမ်း မြန်မာပြည်သို့ ပြန် မည် ဖြစ်ကြောင်း၊ အချို့ မှာ Passport မရှိပဲ အလုပ်လုပ်ခွင့် လက်မှတ်များသာရှိကြကြောင်း သိရှိရပါသည်။

၎င်း စက်ရုံပတ်ဝန်းကျင်ရှိ အခြားစက်ရုံများတွင်လည်း အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၅၀၀ မှ ၆၀၀ ပတ်ဝန်းကျင်အထိရှိကြောင်း အချို့ မှာ မြန်မာနိုင်ငံသို့  ပြန်သွားကြပြီဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment