ပင်မစာမျက်နှာများ

Wednesday, November 9, 2011

ထိုင်းနိုင်ငံေ၇ဘေးသင့် မြန်မာအလုပ်သမားများအား LRPD မှ သွားရောက်ကူညီခြင်း။

ထိုင်းနိုင်ငံရေကြီးမှု -- ရေဘေးဒုက္ခသည် မြန်မာအလုပ်သမားများအား ကူညီခြင်း။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့ ။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့ တွင် အလုပ်သမားအခွင့်အရေးမြှင့်တင်ကာကွယ်သူများ အဖွဲ့  (Labour Rights Promoters and Defenders – LRPD) မှ ထိုင်းနိုင်ငံ ဗုဒ္ဓမွန်ထော၊ ဆိုင် (၄) ကထွန်မိုင် လမ်း (၉)၊မုန့်  ထည့်သည့်ပုံစံခွက်များလုပ်သည့် ESB စက်ရုံ တွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့  ပြောင်းအလုပ်သမားများ ရေဘေး ဒုက္ခရောက် နေမှုအပေါ် ကူညီပံ့ပိုးမှု ပစ္စည်းများ သွားရောက်ပေးပို့ ခဲ့သည်။ ထိုသို့  သွားရောက်ပေး အပ်ကူညီရာတွင် ဦးဌေးဝင်း (ရခိုင်အမျိုးသားသတင်းစာ) မှ ဆက်သွယ် ကူညီ ပေးခဲ့သည်။

၎င်းစက်ရုံတွင် မြန်မာအလုပ်သမား (၂၀၀) ခန့် အလုပ်လုပ်နေပြီး ထိုဒေသတွင်းသို့  စင်တီမီတာ (၆၀) ခန့်  အထိ ရေကြီးလာသဖြင့် စက်ရုံပိတ်လိုက်သည့်အတွက် အချို့ အလုပ်သမားများမှာ နီးစပ်ရာသို့ လည်းကောင်း၊ မြန်မာနိုင်ငံသို့ လည်း ကောင်း အသီးသီးထွက်ခွာသွားကြပြီး ကျန် အလုပ်သမား (၃၀) ခန့် မှာ စားရေရိက္ခာနှင့် ထမင်းဟင်းချက်သည့် ဂက်(စ်) ပြတ်သွားသည်၊ ထိုသို့ ပြတ်တောက်သွားမှုအပေါ် အလုပ်သမားများ နေထိုင်သည့် တန်းလျှားပိုင်ရှင်ကို လျှပ်စစ်မီးတောင်းခံရာ ၎င်းပိုင်ရှင်မှ လျှပ်စစ်မီးကို ဖြတ်တောက်ခဲ့ ကြောင်းသိရှိခဲ့ရသည်။ ထိုသို့ ဖြစ်ပျက်မှုများအား အလုပ်သမားများမှ ဦးဌေးဝင်းထံသို့  ဆက်သွယ်အကူအညီ တောင်းခံခဲ့ရာ ၎င်းမှ တဆင့် အလုပ်သမားအခွင့်အရေးမြှင့်တင်ကာကွယ်သူများ အဖွဲ့  (Labour Rights Promoters and Defenders – LRPD) မှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

အလှုခံရရှိထားသည့် ပစ္စည်းများအား တင်ဆောင်နေစဉ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ - ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဘန့် ခဲမြို့ နယ်ရှိ မြန်မာ သံတော်များ သီတင်းသုံးရာ ၀ပ်တလုံး ဘုန်းကြီးကျောင်းတွင်းသို့  ရေများ ၀င်ရောက်လာစဉ်။ ၎င်း ဘုန်းကြီးကျောင်းတွင် ရေဘေးဒုက္ခသည်များအား ကူညီရန် ပစ္စည်းများသိမ်းဆည်းထားရှိခဲ့ပြီး ထိုမှ တဆင့် မြန်မာရွှေ့ ပြောင်း အလုပ်သမားများရှိရာသို့ ပို့ ခဲ့သည်။

မြန်မာရွှေ့ ပြောင်းအလုပ်သမား ရေးဘေးဒုက္ခသည်များရှိရာ ဘန်ကောက်၊ ဗုဒ္ဓမွန်ထော ဆိုင် (၄)သို့ သွား ရာလမ်းခရီး။

ဘန်ကောက်၊ ဗုဒ္ဓမွန်ထော ဆိုင် (၄) ကထွန်မိုင် ဆွိုင် (၉) ESB စက်ရုံ အ၀င်လမ်း။

ESB အမည်ရှိ စက်ရုံရှိရာသို့  အ၀င်လမ်း။

အလုပ်သမားများမှ ပစ္စည်းများလက်ခံယူစဉ်။

၎င်းဒေသ၀န်းကျင် ရေကြီးနေမှုအခြေအနေများ

ရေထပ်ကြီးမှာ စိုးရိမ်လို့ စောင့်ကြည်နေသလား? ? ဘာကိုစောင့်မျှော်နေကြသလဲ??

ရေဘေး လွတ်ကင်းရာသို့  မိသားစုဝင်အားလုံးမကျန်အောင် တင်ဆောင်ကာသွားသည့်ခရီးဝယ်။

သွားစရာနေရာမရှိ ရေပေါ်၌ တဲထိုးနေ၏။

ရေပေါ်တဲ နေသော်လည်း ပစ္စည်းဝယ်ထွက်ရန် နှင့် ဟိုနားဒီနားသွားဖို့  ရေချိုးဗေဆင်ခွက်ကို လှေလုပ်ဖို့  ပြင်ထား ရတာပါ။

ရေမ၀င်ရန် သဲအိပ်နှင့်ကာ၊ ကာသော်ငြားလည်း ရေက၀င်၊ ၀င်တဲ့ ရေကို စုတ်ထုတ်ရန်ရေစက်ပြင်

မနိုင်တဲ့ အဆုံး ဒီအတိုင်းသာကြည်နေကြရတဲ့အခြေအနေတခုပါ။

No comments:

Post a Comment