ပင်မစာမျက်နှာများ

Monday, June 23, 2014

Training & Foundation of Trishaw Pedallers' Association at Irrawaddy Division

အနှေးယာဉ် အလုပ်သမားများ အခြေခံ အဖွဲ့အစည်း (ဟင်္သာတမြို့) ကို ၂၁ရက် ဇွန်လတွင် ဟင်္သာတမြို့ ဓမ္မ ဗိမာန် ကျောင်းတိုက်(ပန်းဘဲတန်းရပ်)တွင် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းနိုင်ရေး အတွက် နည်းလမ်းများကို
လည်းကောင်း မှတ်ပုံတင်နိုင်ရေး
အတွက် ၂၀၁၁ အလုပ်သမားအဖွဲ့ဖွဲ့စည်းခွင့်ဆိုင်ရာများကို အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများ
အဖွဲ့မှ ဥက္ကဌ ၊တွဲဖက်အတွင်းရေးမှုး၊စည်းရုံးရေးမှုးနှင့် နိုင်ငံတကာဆက်သွယ်ရေးတာဝန်ခံတို့ မှ ဟင်္သာတမြို့
သို့ သွားရောက် ၍ ဖွဲ့စည်းပြီးသည်အထိကူညီဆောင်ရွက်ပေးခဲ့သည်။ ဟင်္သာတမြို့တွင် အနှေးယာဉ် အရည်
အတွက် ၂၁၇၅ ကျော် ရှိပြီး တရားဝင် ဂိတ်ပေါင်း ၉၄ဂိတ်ကျော်ရှိသည်။ အနှေးယဉ် ကြီးကြပ်ရေးကော်မတီသည် လွန်ခဲ့သည့် မဆလ လက်ထက် ကတည်း က ယနေ့ထိတိုင်တည်ရှိသော်လည်း အနှေးယာဉ်များထံမှ နှစ်စဉ်
ကြေး ပုံမှန်ကောက်ခံလျှက်ရှိပြီး အနှေးယာဉ် မောင်းများ၏ အခက်အခဲများပြဿနာရပ်များ ကို ကူညီဖြေရှင်း
ဆောင်ရွက်ပေးခြင်းမရှိပေ။ သို့အတွက် ယနေ့ခေတ်တွင် အလုပ်သမား အဖွဲ့ ဖွဲ့စည်းခွင့်ရသည်နှင့်အညီ အလုပ်သမား အသင်းအပင်း ဖွဲ့စည်းနိုင်မှသာ အနှေးယာဉ်အလုပ်သမားများ အခွင့်အလမ်းများကို စုပေါင်း ညှိနှိုင်းဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် LRDP မှ နည်းလမ်းမှန်စွာ ဖွဲ့စည်းနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

ဥက္ကဌ --ဦးလှသိန်း
အတွင်းရေးမှုး- ဦးမြင့်စိန်
ဘဏ္ဍာရေး - ဦးမင်းဇော်ခိုင်
အဖွဲ့ဝင် ၁- ဦးမြင့်အောင်
၂ ဦးကျော်လှိုင်
၃ ဦးကော်စွာထွန်း
၎ ဦးကံ တို့ မှ အမှုဆောင်များအဖြစ်ရွေးချယ်တင်မြောက်ခံခဲံရပြီး ဖွဲ့စည်းရေးအား အနှေးယာဉ် အလုပ်သမား ၄၉ ဦးတက်ရောက် ခဲ့ပြီါ် အဖွဲ့ဝင် အားလုံး
၅၀၀အထက်တွင်ရှိသည့်အနှေးယာဉ်အလုပ်သမားများသဘောတူညီချက်ဖြင့်ဖွဲ့စည်းခဲ့သည်

No comments:

Post a Comment