ပင်မစာမျက်နှာများ

Thursday, May 30, 2013

Activity from International Communication Coordinator for LRDP

ဒီကနေ့ ထုတ် ရွှေနိုင်ငံ နေ့ စဉ် သတင်းစာမှာ ကျမ နဲ့ ပတ်သတ်တဲ့ သတင်း ၂ခု အတွက် ။မဖြစ်မနေ ပြန်တင်ပြရမှာမို့  ကျမ တင်ပြပါ့မယ် ။ နှံပါတ်(၁) က စာမျက်နှာ ဆယ့်ခြောက်ပါ (ပုံပါ)
သတင်းပါ သတင်းတင်ပြတာ ကျမပြောတာနဲ့ မမှားပါဘူး ဒါပေမဲ့ ကျန်ခဲ့တာက ခက်ပါတယ် ။ အရေးကြီးတာကျန်တာပါ ကျမ က အလုပ်ရှင် ပေးနိုင်တဲ့ အဆင့်ကို တဆင့်ချင်းတင်ပြဖို့ နဲ့  အစိုးရ၀န်ထမ်းတွေ ၂၀၀၀၀ တိုးပေးတာ ၂၀၀၀၀ လောက်တိုးတောင်းရင်အဆင်ပြေနိုင်တာနဲ့  မီးပျက်နေတဲ့ ပြဿနာလေးတွေ လည်းထဲ့ပြောထားပါတယ် ။ ခုတင်ထားတာ တုံးတုံးတိတိကြီးဆိုတော့ ဒီနေ့  ဖုန်းတွေ ၀င်ပြီးမေးတာ ဖြေရှင်းနေရပါတယ် ။ သတင်းတင်တာ မမှားပေမဲ့ ချန်ခဲ့ရတာတွေက အရေးကြီးတာတွေ ကျန်တော့ လူထု တမျိုးထင်ကြပါတယ် ။ ၁ယောက်လောက်က ပြောရင် ကျမ ပြန်တင်ပြဖြစ်မှာမဟုတ်ပါဘူး ။။ ရဲဘော် တချို့ ကဆို နင်အရင်ကနဲ့ မတူဘူးတဲ့ အရင်က ချစ်ဖို့ ကောင်းတယ် ဖိုက်တာ တဲ့ ခု ညှိနှိုင်းတာတွေ ဘာတွေ ညာတွေ တဲ့ ဒီစကားအတွက်တော့ ရှင်းပါတယ် ။ ဒါ တိုင်းပြည်အတွက် ကျမရွေးချယ်တဲ့ လမ်းပါ ။ကျမ အပြင်ရောက်တဲ့ အခါ ညှိနှုင်းဆွေးနွေး မှု သင်းပင်းဖွဲ့ စည်းမှု ခိုင်မာတဲ့ အဖွဲ့ အစည်းတွေရဲ့ အားသာချက်တွေဟာ တိုင်းပြည်တွေ ဖွံ့ဖြိုးရေးကို ဘယ်လောက်ပြောင်းလဲစေလဲဆိုတာ (ရှစ်နှစ်လုံး)အခိုင်အမာလေ့လာခဲ့ပြီး ယုံကြည်ခဲ့ပြီးပြီမို့  ဒီလို လျောက်လှမ်းတာပါ ။။

နောက်သတင်းတခု က စာမျက်နှာ၂၀ နောက်ကျောဖုံး က ဖြစ်ပါတယ် ။
ကျမ ရှစ်လေးလုံးငွေရတု လုပ်ဖို့ ပွဲကို တက်ခဲ့တာ ပုဂ္ဂလိက အနေနဲ့ ဖြစ်ပါတယ်။
ဒါကိုလည်း မဆွေးနွေးခင်မှာ မိတ်ဆက်ပြောခဲ့ပါတယ် ၈၈ အရေးတော်ပုံမှာ အခြေခံကျောင်းသူ
တစ်ယောက်အနေနဲ့ ဦးဆောင်ပါဝင်ခဲ့လို့ တာဝန်ရှိတယ် လို့ နားလည်းလို့ တက်ရောက်ခဲ့ကြောင်း
ပြောခဲ့ပါတယ် ။ ဒါပေမဲ့ သတင်းမှာ အလုပ်သမာရေးဆောင်ရွက်သူများကွန်ယက်မှ လို့ ရေးထား
တဲ့အတွက် ဒီကွန်ယက်မှာကျမတို့  LRDP ပါတာမှန်ပေမဲ့ အဲဒီ့ အစည်းအဝေးကိုကွန်ယက်အနေနဲ့ 
တက်ရောက်ခဲ့တာ မဟုတ်ကြောင်းကွန်ယက် ကို ဥပမာပေး၍သာ တင်ပြထားခြင်းဖြစ်ကြောင်း နှင့်
၈၈၈၈ မျိုးဆက် (အဖွဲ့ မဟုတ်ပါ ၈၈၈၈ အစပါဝင်သူစစ်စစ်)
တစ်ဦးအနေနဲ့ သာ တက်ရောက်ဆွေးနွေးခဲ့တာဖြစ်ကြောင်း တင်ပြချင်ပါတယ် ။

ရွှေနိုင်ငံကို ကျေးဇူးတင်ပါတယ် ။ မှားယွင်းခြင်းမဟုတ်သော်လည်း မိမိပြောဆိုထားမှု မိမိမှာ
တာဝန်ရှိ၍သာ ပြန်လည်ရည်ညွှန်းပေးထားခြင်းဖြစ်ပါသည်။


Monday, May 27, 2013

မြန်မာပင်လယ်ရေကြောင်းအလုပ်သမားများအဖွဲ့ ချုပ် မိတ်ဆက်ပွဲအခမ်းအနားကျင်းပ၊





မြန်မာပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ ချုပ် (MMWF) မိတ်ဆက်ပွဲအခမ်းအနားအား မေလ ၂ရ ရက်နေ့ ၌ ရန်ကုန်မြို့ တွင်ကျင်းပပြုလုပ်ခဲ့ပါ သည်။အဆိုပါ အခမ်းအနားသို့ အလုပ်သမားအဖွဲ့ အစည်းများ၊ (MMWF) မှ အဖွဲ့ ဝင်များ၊ သဘောင်္သားများတက်ရောက်ခဲ့ပါသည်။
့  LRDP မှ ထိုအခမ်းအနားတွင် ဂုဏ်ပြုစကားပြောကြားခွင့်ရခဲ့သည်။ အမှန်တကယ် ဂုဏ်ပြုရလောက်အောင် ဒုက္ခခံ ၍ အဖွဲ့ အစည်းတရားဝင်ရပ်တည်နိုင်ရေးအတွက် MMWF အဖွဲ့ ချုပ် ခေါင်းဆောင်များကြိုးစားခဲ့သည် မှာ တနှစ်နီးပါးရှိပြီဖြစ်သည် ။ သမဂ္ဂ အတွင်းရေးမှုးဖြစ်သူ ကိုတင်ကိုကိုသက် ကိုယ်တိုင် မိမိတို့ နှင့်နှစ်ပေါင်းများစွာ အလုပ်သမားရေးကြိုးစားဆောင်ရွက်ခဲ့ပြီး ဥက္ကဌ တွဲဖက်အတွင်းရေးမှုးတို့ သည် လည် မြန်မာပြည်တွင် အလုပ်သမားရေးဖွံ့ ဖြိုးတိုးတက်စေရန် တိုင်ပင်ဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။
 ဤ အဖွဲ့ ချုပ်ပေါ်ပေါက်လာသဖြင့် ပြည်ပနိုင်ငံများတွင် ပြည်ပ ကုမ္မဏီ များ အနိုင်ကျင့်ခံနေရသော
 မြန်မာသဘောင်္သားများဘ၀ အနိုင်ကျင့်ခံရမှုမှလျော့ပါးလာလိမ့်မည်ဟုယုံကြည်ပါ သည် ။ MMWF မှလည်း ကျုန်ုပ်တို့ ယုံကြည်သည့်အတိုင်းကြိုးစားဆောင်ရွက်သွားမည်ဟုမျော်လင့်ပါသည်။

Friday, May 17, 2013

Educater for Change

r

LRDP ၏ တာဝန်ရှိသတစ်ဦး သည်အလုပ်သမားများအတွက် လက်ဆင့်ကမ်းပို့ ချနိုင်ရန် သြစီ မှဆရာမ ကတ်သရင်းပေးသော Educater for Change အတွက်  Teaching Skill  ၄ရက်ကြာ သင်ယူ ခဲ့ပါသည်။

Thursday, May 2, 2013

အိုင်အယ်အို မှအလုပ်သမားထုအတွက် ကျင်းပပေးသောဖိုရမ်တွင်

၂၉ ရက်နဲ့  ၃၀ ရက်မှာ MCC ခမ်းမ မှာကျင်းပ ပြုလုပ်ခဲ့တဲ့ အလုပ်သမားများ ဖိုရမ် နဲ့ ပတ်သတ်ပြီး အင်တာနက် လိုင်းကောင်း ရင် ကောင်းသလို ကျမ တင်ပြပေးပါမယ် ။ ဒီပုံတွေ ကတော့ ကျမ အခမ်းအနားမှုးတာဝန်ယူနေတဲ့ပုံဖြစ်ပါတယ် အသံတွေ ဆူညံသွားတဲ့ အဓိက အကြောင်းရင်းက ILO က ဆွဲတဲ့ အစီအစဉ် မှာ FTUM ခေါင်းစဉ် နဲ့  အမျိုးသမီးတစ်ဦးကို ဦးဆောင် ဆွေးနွေးခွင့် ပြုပြီး သူတို့ လက်အောက်ခံ ဆာကုရာ အထည်ချုပ်အခြေခံအဖွဲ့ က ကလေးမ တစ်ဦးနဲ့  ယောင်္ကျားလေးတစ်ဦး ကို စင်ပေါ်တက်ဆွေးနွေးခိုင်းတဲ့ အတွက် အလုပ်သမားထုက မကြေနပ်ပြီး မေးခွန်းထုတ်ခဲ့ကြပါတယ် ။ FOA တာဝန်ခံ မစ္စတာရော့ (စ်) က ဒီအခြေအနေ ကို ပြောင်းလဲ ပေးပြီး နောက်တနေ့  FTUM ရဲ့ ဦးဆောင်သူပါဝင်မဲ့ အစီအစဉ် ကို ဖျက်ပေးခဲ့ပါတယ် ။ အဲဒျီေကြာင့်လည်းပါပါ တယ် FTUM အပါအ၀င် လက်အောက်ခံ အားလုံး ဖိုရမ်မှ ထွက်ခွါသွားပြီး --- မကြာမှီစိတ်ဆိုးပြေ ၍ထင်သည် ပြန်လည်ရောက်ရှိလာကြပါတယ် ။။ (အသေစိတ်ထပ်မံ တင်ပြပါမယ် ဖိုရမ် ပြီးပြီးချင်း ညမှာ ကျမတို့ ကွန်ယက်မှ ပလိပ်မြို့  မေဒေး အခမ်းအနားသို့  ချက်ချင်းတက်ရောက်ရသဖြင့် သတင်းနောက်ကျမှ တင်နိုင်ခြင်းဖြစ်ပါတယ်)