ပင်မစာမျက်နှာများ
Sunday, January 26, 2014
အမှတ်၂ အထည်စက်ရုံ(ပလိပ်) ဆန္ဒပြတောင်းဆိုမှု့
ဇန်နဝါရီလ ၂၂ ရက် ၂၀၁၄ တွင် အမှတ်၂ အထည်စက်ရုံ(ပလိပ်) ရှိ ဆန္ဒပြတောင်းဆိုမှု့ဖြစ်ပွားခဲ့ရာ
မန္တလေးတိုင်း အလုပ်သမားဝန်ကြီး ဦးသန်းစိုးမြင့် မှ ဝန်ထမ်းများကို လာရောက်စကားပြောကြားပြီး ဝန်ထမ်းများနှင့်  နှစ်ဦးနှစ်ဖက် သဘောတူ စာချုပ်ချုပ်ဆိုပြီး ဆန္ဒပြပွဲအား ရုတ်သိမ်းခဲ့သည်။
 အမှတ်၂ အထည်စက်ရုံ (ပလိပ်)ဝန်ထမ်းများ နေထိုင်ရတဲ့အခြေအနေ မှာ
လုပ်သက် နှစ် ၃၀နီးပါး ကျော်လုပ်ကိုင်ခဲ့ပြီး နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သူများဖြစ်ကြောင်းသိရသည်။။ ရန်ကုန် BOC ၊ ချော်တွင်းကုန်း မှ  ပလိပ်ကို ပြောင်းရွှေ့ ရောက်လာသူတွေဖြစ်သည်။သက်ပြည့်ပင်စင်စားဘဝ ရောက်ခါနီးမှ ပင်စင်မရ ကုမ္ပဏီဝန်ထမ်းအဖြစ်ပြောင်းရွေ့ခြင်းဖြစ်ကြောင်းသိရသည်။ ဝန်ထမ်းတွေ နေရတဲ့ နေရာမှာ ဂိုထောင်တခုတွင်ဖြစ်ပြီး အကာရန်မရှိသော နေရာဖြစ်သည်။
၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနား ရန်ကုန်မြို့ တွင်ကျင်းပ
 ၂၂-၁-၂၀၁၄ မနက် ၉ နာရီက ရန်ကုန်မြို့ မင်းဓမ္မလမ်း၊MCCခမ်းမမှာ
၁၃၀၀ပြည့်အရေးတော်ပုံစိန်ရတု အခမ်းအနား ကျင်းပပြုလုပ်ပါတယ်။ အခမ်းအနားမှူးများအဖြစ် မအိရွှေစင်ညွန့် ၊ ကိုနန္ဒစစ်အောင်၊ မစုစုနွေးတို့ မှ တာဝန်ယူခဲ့ပါတယ်။
မနက်ပိုင်းအစီအစဉ်မှာ အလုပ်သမားအရေး၊ လယ်သမားအရေး နှင့် လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် တင်သွင်းတဲ့ စာတမ်းတွေဖတ်ကြားခဲ့ပါတယ်။ ၁၁ နာရီမှာ သံဃာတော်တွေကိုဆွမ်းကပ်ပြီး ကြွရောက်လာတဲ့ ဧည့်သည်တော်များအား အကြွေးအမွေးဖြင့် ဧည့်ခံခဲ့ပါတယ်။
နေ့လည် ၁ နာရီမှာ စန္ဒယားတင်ဝင်းလှိုင် နဲ့အဖွဲ့က ၁၃၀၀ပြည့်အရေးတော်ပုံသီချင်း
နဲ့ အခမ်းအနားကိုပြန်လည်စတင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဒီပွဲကိုမတက်ရောက်နိုင်တဲ့အတွက် သဝဏ်လွှာအား ကိုကျော်အောင်မှ
ဖတ်ကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယကကြီး ဦးတင်ဦး၊ဦးဝင်းတင် တို့မှ ၁၃၀၀ ပြည့် အရေးတော်ပုံနှင့်ပတ်သက်ပြီး အမှတ်တယ စကားပြောကြားပေးခဲ့ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင် မှလည်း အရေးတော်ပုံများနှင့် ပတ်သက်ပြီး ပြောကြားပေးခဲ့ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်မှ ၁၃၀၀ ပြည့် အရေးတော်ပုံနှင့် ယနေ့ ကာလအခြေအနေများကို ပြောကြားပေးပါတယ်။ 
၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဂုဏ်ပြုဖျော်ဖြေ။
၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားပွဲအတွက် ဖျော်ဖြေရေးအစီအစဉ်များတွင် ပန်းရဲ့ လမ်းတေးဂီတအဖွဲ့ ၊ ရွှေသံစဉ်တေးဂီတအဖွဲ့ ၊ စန္ဒရားတင်ဝင်းလှိုင်တေးဂီတအဖွဲ့ နှင့် အတူVaiolenz တေးဂီတအဖွဲ့ များမှ လွတ်လပ်ရေး၊ဒီမိုကရေစီရေး၊ငြိမ်းချမ်းရေးတို့ အတွက် တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းတို့ အတွက် ဂုဏ်ပြုတေးသီချင်းများဖြစ်သော " ၁၃၀၀ပြည့်အရေးတော်ပုံ" " အရေးကြှီးပြီ" ရာဇ၀င်သစ်တွေပြန်ရှင်သန်တဲ့ည" "၁၃၀၀ပြည့်အရေးတော်ပုံ(သို့ )တော်လှန်သူတို့ ရဲ့ သမိုင်း" "အရှူံးမပေးနဲ့ မိငယ်" "နတ်ဆိုး" တေးသီချင်းများဖြင့် သီဆိုခဲ့ကြပါတယ်။
Thursday, January 16, 2014
MCC ကို ၂၂ရက်နေ့  ကြွရောက်ကြပါ အားလုံးနှင့် ဆိုင်သော ၁၃၀၀ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနား
မိတ်ဆွေ ရဲဘော်အားလုံးလည်း ဖိတ်စာရောက်ရောက် မရောက်ရောက် ၂၂ရက်နေ့  MCC ကို ချီတက်ခဲ့ကြပါ မြန်မာပြည်ရဲ့ ပထမဆုံးသော အရေးတော်ပုံကြီးမို့  အားလုံးမှာ တာဝန်ကိုယ်စီရှိကြပါသည်
ဂုံနီစက်ရုံ အလုပ်သမားများသမဂ္ဂရုံးခန်းဖွင့်ပွဲ
ဒီကနေ့ နံက် က တကယ် ကို မင်္ဂလာ ရှိပါတယ် လှိုင်မြို့ နယ်မှာရှိတယ် ကျော်ထက်ကျော် (ယခင် ဂုံနီစက်ရုံ ) ရှိ အလုပ်သမားများသမဂ္ဂရုံးခန်းဖွင့်ပွဲကို လှိုင်နဲ့ ကမာရွတ်မြို့ နယ် ရဲ့ မှတ်ပုံတင်အရာရှိ ကိုယ်တိုင် နဲ့ အလုပ်ရှင် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ် ။မှတ်ပုံတင်အရာရှိ တနည်း မြို့ နယ် ဦးစီးမှု ကတော့ အတော်ကို အလုပ်သမားရေး ဖွဲ့ စည့်ခွင့် အပါအ၀င် အလုပ်ရှင်အလုပ်သမား ဘယ်လို ညီညွတ်မျှတရမယ်ဆိုတာ ရှင်းပြသွားတာ နားထောင်ရင် ဒီလို အစိုးရ၀န်ထမ်းမျိုးတိုင်းပြည်မှာများများရှိသင့်တယ် လို့ မှတ်ချက်ချမိပါတယ် နေပြည်တော် အမရာ မှာ တွေ့ ခဲ့တဲ့ ညွှန်မှုး ဦးတင်ကိုကိုနိုင်တို့  ကိုလည်း ဒီလို ဦးစီးတွေက ပြန်လည် သင်ပြပေးသင့်တယ်လို့ အကြံပြုချင်ပါတယ် အထက်အောက် ဘယ်သူအထက်အရာရှိ ဘယ်သူ ဘာဖြစ်ပါစေ ဒီနေ့ တွေ့ ရတဲ့ ဦးစီးမှုးမျိုးက အပြောကိုကြားရရုံနဲ့တင် အလုပ်ရှင် အလုပ်သမား အတွက် အများကြီး အမြင်ကြည်လင်ပြီး နှစ်ဖက်အကျိုးတိုးပွါးစေတာမို့  -- လှိုင်နဲ့ ကမာရွတ်ကို တာဝန်ယူတဲ့ မှတ်ပုံတင်အရာရှိကို ကျေးဇူးပါလို့  ဂုံနီအလုပ်သမားများကိုယ်စား ပြောချင်ပါတယ် ။ အလုပ်ရှင် ကလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားတာတွေ့ ရတဲ့ အတွက် ရှေ့အနာဂတ်ကောင်းမွန်လာမှာပါလို့  ဂုဏ်ပြုလိုက်ပါတယ်
Tuesday, January 14, 2014
LRDP မှအလုပ်သမားခေါင်းဆောင်များစွမ်းရည်မြှင့်ခြင်းနှင့် မွေးထုတ်ပေးခြင်း အစီအစဉ်
၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်မှန်သောပထမဆုံးသော မြန်မာပြည်၏ အလုပ်သမား ကိုယ်စားလှယ် ကိုသန့် ဇင်ဦး နှင့် ကျော်ထက်ကျော် ဂုံနီစက်ရုံအတွင်းရေးမှုး နယ်စပ်တွင့်ရွှေ့ ပြောင်းအလုပ်လုပ်ကိုင်ခဲ့ရသောအထည်ချုပ် သမဂ္ဂ အမျိုးသမီးခေါင်းဆောင် SGS မှ ဥက္ကဌ တို့ မှ လုပ်ငန်းစီမံချက်များပြန်လည် ပို့ ချကြပြီး အစုလိုက် သမဂ္ဂဖွဲ့ စည်းခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။(LRDP နှင့် သြစတြီးလျနိုင်ငံ ACTU တို့  ပူးပေါင်း ကာ အလုပ်သမားများ အရည်အသွေးမြှင့်မားရေးသင်တန်းကို ၁၂-၁-၂၀၁၄ တွင် ရွှေပြည်သာမြို့ နယ် ပုလဲလမ်း တွင် ပြုလုပ်ခဲ့ပါသည် ။ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် များနှင့် အလုပ်သမား များ တက်ရောက်ခဲ့ကြပါသည်။)
LRDP နှင့် သြစတြီးလျနိုင်ငံ ACTU တို့  ပူးပေါင်း သည့် အလုပ်သမားများ အရည်အသွေးမြှင့်မားရေးသင်တန်း
LRDP နှင့် သြစတြီးလျနိုင်ငံ ACTU တို့  ပူးပေါင်း ကာ အလုပ်သမားများ အရည်အသွေးမြှင့်မားရေးသင်တန်းကို ၁၂-၁-၂၀၁၄ တွင် ရွှေပြည်သာမြို့ နယ် ပုလဲလမ်း တွင် ပြုလုပ်ခဲ့ပါသည် ။ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် များနှင့် အလုပ်သမား များ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် စုပေါင်းသင်ကြားသည့်စနစ်ဖြင့် အလုပ်သမားများကိုယ်တိုင် မိမိတို့ သမဂ္ဂကို မိမိတို့ ဦးဆောင် နိုင်ရန် လက်တွေ့ ပြန်လည်ပို့ ချရမှုများလေ့ကျင့်ပေးခဲ့ပါသည်။
Friday, January 10, 2014
ကိုရဲလွင် ကိုသားထွေးနှင့် ကိုဝင်းမော် မျိုးဆက်လေးတို့ မှ ထောင့်သုံးရာပြည့်ပွဲအတွက်
ပန်းရဲ့လမ်း တေးဂီတ မှ ကိုရဲလွင်  ကိုသားထွေး ရွှေသံစဉ် မှ ကိုဝင်းမောင်၏ သားငယ်  တို့ မှ ကျမတို့ ကျင်းပမည့် ၁၃၀၀ပြည့်အေ၇းတော်ပုံ စိန်ရတု ပွဲအတွက် အနုပညာနဲ့  ရန်ပုံငွေ ရှာပေးနေပုံ
အလုပ်သမားရေးရာ
နယူဇီလန်မှ တက္ကသိုလ် ပါမောက္ခ တစ်ဦး အလုပ်သမားရေးဆိုင်ရာ သုတေသန ပြုရန် ALR နှင့် LRDP ဦးဆောင်သူများနှင့် လာရောက်တွေ့ ဆုံ စဉ်
မင်းလှမြို့ နယ် သို့  ၁၃၀၀ ပြည့် ရေနံမြေတပ်ကြီးကျော်ဖြတ်သည့် ၇၅နှစ်ပြည့် နေ့ ရက်
LRDP မှ မင်းလှမြို့ တွင် ကျင်းပသော  ၁၃၀၀ပြည့် စိန်ရတုသို့  တက်ရောက်ခဲ့ပုံ