ပင်မစာမျက်နှာများ

Thursday, May 2, 2013

အိုင်အယ်အို မှအလုပ်သမားထုအတွက် ကျင်းပပေးသောဖိုရမ်တွင်

၂၉ ရက်နဲ့  ၃၀ ရက်မှာ MCC ခမ်းမ မှာကျင်းပ ပြုလုပ်ခဲ့တဲ့ အလုပ်သမားများ ဖိုရမ် နဲ့ ပတ်သတ်ပြီး အင်တာနက် လိုင်းကောင်း ရင် ကောင်းသလို ကျမ တင်ပြပေးပါမယ် ။ ဒီပုံတွေ ကတော့ ကျမ အခမ်းအနားမှုးတာဝန်ယူနေတဲ့ပုံဖြစ်ပါတယ် အသံတွေ ဆူညံသွားတဲ့ အဓိက အကြောင်းရင်းက ILO က ဆွဲတဲ့ အစီအစဉ် မှာ FTUM ခေါင်းစဉ် နဲ့  အမျိုးသမီးတစ်ဦးကို ဦးဆောင် ဆွေးနွေးခွင့် ပြုပြီး သူတို့ လက်အောက်ခံ ဆာကုရာ အထည်ချုပ်အခြေခံအဖွဲ့ က ကလေးမ တစ်ဦးနဲ့  ယောင်္ကျားလေးတစ်ဦး ကို စင်ပေါ်တက်ဆွေးနွေးခိုင်းတဲ့ အတွက် အလုပ်သမားထုက မကြေနပ်ပြီး မေးခွန်းထုတ်ခဲ့ကြပါတယ် ။ FOA တာဝန်ခံ မစ္စတာရော့ (စ်) က ဒီအခြေအနေ ကို ပြောင်းလဲ ပေးပြီး နောက်တနေ့  FTUM ရဲ့ ဦးဆောင်သူပါဝင်မဲ့ အစီအစဉ် ကို ဖျက်ပေးခဲ့ပါတယ် ။ အဲဒျီေကြာင့်လည်းပါပါ တယ် FTUM အပါအ၀င် လက်အောက်ခံ အားလုံး ဖိုရမ်မှ ထွက်ခွါသွားပြီး --- မကြာမှီစိတ်ဆိုးပြေ ၍ထင်သည် ပြန်လည်ရောက်ရှိလာကြပါတယ် ။။ (အသေစိတ်ထပ်မံ တင်ပြပါမယ် ဖိုရမ် ပြီးပြီးချင်း ညမှာ ကျမတို့ ကွန်ယက်မှ ပလိပ်မြို့  မေဒေး အခမ်းအနားသို့  ချက်ချင်းတက်ရောက်ရသဖြင့် သတင်းနောက်ကျမှ တင်နိုင်ခြင်းဖြစ်ပါတယ်)

No comments:

Post a Comment