ပင်မစာမျက်နှာများ

Saturday, March 30, 2013

Elected From Labour Rights Defenders & Promoters



LABOUR RIGHTS DEFENDERS & PROMOTERS
အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ 
      မတ်လ(၁၆)ရက်တွင် LRDP ၏ အမှုဆောင်သစ်များကို ဤသို့ ရွေးချယ်တင်မြောက်ခဲ့သည်။

Labour Rights Defenders & Promoters
အလုပ်သမားအခွင့်အရေး ကာကွယ် မြှင့်တင် သူများ အဖွဲ့ 

နာယက
ဦးတင်လှ၊ ရှေ့နေဦးကြည်ဝင်း၊ ဦးချိုမောင်၊

ဗဟိုအလုပ်အမူဆောင်အဖွဲ့ 
(၁)  ဦးယဉ်ထွေး                                  ဥက္ကဌ
(၂) ဦးဇော်မြင့်အောင်                           ဒု ဥက္ကဌ 
(၃) မင်းကျော်အေးနိုင်                   အထွေထွေ အတွင်းရေးမှုး 
(၄)  ဦးမျိုးဇော်                               တွဲဖက်အတွင်းရေးမှုး
(၅)  မသဲသဲ                                     ဘဏ္ဍာရေး မှုး 
(၆)  ဦးစိုးမြတ်သူ                             သတင်းနှင့်ပြန်ကြားရေးဌာန

ဌါနဆိုင်ရာ တာဝန်ခံများမှာ
 ဒေါ်ခင်မာသိန်း                  အလုပ်သမားဥပဒေရေးရာဌာန တာဝန်ခံ 
 ဒေါ်အိရွှေစင်ညွန့်             အပြည်ပြည်ဆိုင်ရာဆက်သွယ်ညှိနှိုင်းရေးဌာန တာဝန်ခံ

ရည်ရွယ်ချက်
(၁)  အလုပ်သမားများ၏ အခွင့်အရေးများ၊ဆုံးရှံးနေသောအခွင့်အလမ်းများ ရရှိစေရန်နှင့် အဖိနှိပ်ခံရမှုများအားကာကွယ်ပေးနိုင်ရန်။ 
(၂)  အလုပ်သမားထု ထဲ မှ အလုပ်သမားခေါင်းဆောင်များပေါ်ပေါက်လာစေရန်။
(၃)  အလုပ်သမားများ ၏ မိသားစု ဘ၀၊ ပညာရေး နှင့် လူနေမှုအဆင့်အတန်း များ မြှင့်မား
တိုးတက်လာစေရန်။
(၄)  အလုပ်သမားအဖွဲ့ အစည်းများသွေးစည်းညီညွတ်၍ နိုင်ငံတကာသမဂ္ဂများနှင့် ချိတ်ဆက်
ဆောင်ရွက်နိုင်စေရန် ၊


လုပ်ငန်းစဉ်
 (၁) အလုပ်သမားထုအတွင်း လွတ်လပ်သောအလုပ်သမားသမဂ္ဂများ ပေါ်ပေါက်စေရန်၊
အစိုးရ ချမှတ်ပေးထားသောအလုပ်သမားအဖွဲ့ အစည်းဖွဲ့ စည်းခွင့် ဥပဒေကို လက်ဆင့်
ကမ်း ဆွေးနွေးပေးခြင်း ဥပဒေပါ အားနည်းချက် အားသာချက်များ စုစည်းခြင်း ။
(၂) အလုပ်သမား များ လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းခွင့် ဆိုင်ရာ ပြဌါန်းချက်များကို ၄င်း
တို့ ကိုယ်တိုင် လိုက်နာဆောင်ရွက် နိုင်ရန် ဆွေးနွေးပွဲများ၊ သင်တန်းများပို့ ချပေးခြင်း
(၃) အလုပ်ရှင် အလုပ်သမား ညှိနှိုင်းဆွေးနွေး နိုင်သည့် အရည်အချင်းများရှိစေရန် အတွက်
ဆွေးနွေးညှိနှိုင်းမှု အလေ့အထများကို လေ့ကျင့်ပေးခြင်း၊
(၄) နိုင်ငံတကာ အလုပ်သမားအခွင့်အရေး စံချိန်စံညွှန်းများကို သိရှိနားလည်နိုင်စေရန် အလုပ်သမားအဖွဲ့ အစည်းများ၊ အလုပ်သမားခေါင်းဆောင်များအား  တိုင်းနှင့်ပြည်နယ်
များသို့  လိုက်လံ ၍ သင်တန်းများပို့ ချပေးခြင်း။


ဖွဲ့ စည်းမှု အခြေခံ

LRDP ၏ အမှုဆောင်များ သည် အလုပ်သမားရေးဆိုင်ရာ နည်းနာကျွမ်းကျင်သူများနှင့်ဖွဲ့  စည်းတည်ထောင်ခဲ့သည်။ အလုပ်သမားထု သည် စားဝတ်နေရေး အတွက် လုပ်ငန်းခွင်
တွင်းမှာပင် အချိန် များကုန်ဆုံးကြရသဖြင့် ၄င်းတို့ အခွင့်အရေးဆိုင်ရာကို ၄င်းတို့ လေ့လာ
ရန် အချိန် နှင့်အခြေအနေ မပေးပေ။
သို့ ကြောင့် အလုပ်သမားများဘ၀ ပိုမို၍ နိမ့်ကျ ခဲ့ရသည်မှာ ရာစုနှစ်ဝက်ကျော်ရှိ့ပေပြီ
မိမိ တို့ သည် အလုပ်သမားရေးဆိုင်ရာများ ကို လေ့လာခြင်း ပြည်ပ နိုင်ငံများတွင် သင်တန်း
တက်ခြင်း တို့  ဖြင့် မိမိ တို့ မှ မြန်မာအလုပ်သမားထု ဘ၀ အား တစ်ဖက် တလမ်းမှကူညီ
ပံ့ပိုးနိုင်မည်ဟူသောယုံကြည်ချက် ဖြင့် အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်ခြင်း
ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ။
အချိန်မပေးနိုင်သောအလုပ်သမားထု ထဲ တွင် မိမိ တို့  နားလည်တက်ကျွမ်းမှုများကို လက်
ဆင့်ကမ်း၍ အလုပ်သမားထု အဖိနှိပ်ခံရမှုမှ ကာကွယ်ရန် နှင့် ၄င်းတို့ ဘ၀ကိုမြှင့်တင်ပေးရန်
ဖြစ်သည် ။

အမှုဆောင်များ တွင် ဥက္ကဌသည် International Labour Startand အား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ်မှပေးအပ်သောဒစ်ပလိုမာနှင့် Human Rights အား အပြည်ပြည်ဆိုင်ရာ
လူ့ အခွင့်အရေးအဖွဲ့ မှ ပေးအပ်သော ဒစ်ပလိုမာ ရခဲ့သူဖြစ်သည်။
ဒုဥက္ကဌ မှာကျောင်းဆရာဘ၀နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကို ILO သို့ တင်
သွင်းခြင်း ပြည်ပ ရှိ အလုပ်သမားသမဂ္ဂ များနှင့် ချိတ်ဆက်ခြင်းကြောင့် အာဏာပိုင်၏ဖမ်းဆီး
ခြင်းခံခဲ့ရဖူးသူဖြစ်ပါသည်.။
အထွေထွေ အတွင်းရေးမှုး သည် မြန်မာနိုင်ငံ ဖွံ ဖြိုးရေးနှင့် ဒီမိုကရေစီရရှိရေး ကြိုးပမ်းခဲ့မှုကြောင့်
ထောင် နှစ်ရှည်ကျခံ ခဲ့ရဖူးသူဖြစ်ပြီး ILO ၏ စီစဉ်မှုဖြင့် လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းခွင့် TOTကို
တက်ရောက်အောင်မြင်ပြီးသူဖြစ်ပါသည်။
တွဲ ဖက် အတွင်းရေးမှုမှာ မြန်မာနိုင်ငံအလုပ်သမားရေး ကို လွတ်လပ်စွာဆောင်ရွက်ခွင့်
မရစဉ်ကတည်း က အလုပ်သမားရေးဆိုင်ရာ အခွင့်အလမ်းဆုံးရှူံမှုများကို ILO သို့ တင်
သွင်းခြင်းများဆောင်ရွက်ခဲ့သူဖြစ်ပါသည်။
ဘဏ္ဍရေးမှုး ဥပဒေ ကျောင်းသူ တစ်ယောက်ဖြစ်ပြီး ပြည်ပ ရှိ အလုပ်သမားသမဂ္ဂ များနှင့် ချိတ်ဆက်ခြင်းကြောင့် အာဏာပိုင်၏ ဖမ်းဆီး ခြင်းခံခဲ့ရဖူးသူဖြစ်ပါသည်.။
သတင်းပြန်ကြားရေး တာဝန် ယူသူမှာလည်း မြန်မာနိုင်ငံအလုပ်သမားရေး ကို လွတ်လပ်စွာ
ဆောင်ရွက်ခွင့်မရစဉ်ကတည်း က အလုပ်သမားရေးဆိုင်ရာ အခွင့်အလမ်းဆုံးရှူံမှုများ
ထိုင်းနိုင်ငံသို့  ကိုယ်တိုင် သင်တန်းတက်ရောက်ယူခဲ့ပြီး မြန်မာပြည်အလုပ်သမားများအခွင့်
အရေးဆုံးရှုံးမှုများကို ILO သို့ တင်သွင်းခြင်းများဆောင်ရွက်ခဲ့သည်ဖြစ်ပါသည်။
ဤ အမှုဆောင် ခြောက်ဦး တို့ အား LRDP ၏ အဖွဲ့ ဝင် ၇၁ ဦး တို့ မှ ရွေးချယ် တင်မြောက်
ခဲ့ခြင်းဖြစ်သည် ။

LRDP အဖွဲ့ ဝင် ဖြစ်ခွင့်ရှိသူ

LRDP အဖွဲ့ ဝင်ဖြစ်ခွင့်ရှိသူများသည် (၁) မြန်မာနိုင်ငံသားဖြစ်ရမည် ။
(၂) လူ့ အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများတွင် စိတ်ဝင်စားသူဖြစ်ရမည်။
(၃) ပြည်သူလူထူနှင့်အလုပ်သမားများ၏ဘ၀ကို ကူညီ လို စိတ်ရှိသူဖြစ်ရမည်။
အခြားကန့် သတ်ချက် မရှိပါ။

LRDP  ကိုတည်ထောင်သူ
ဦးချိုမောင် နှင့် ဒေါ်အိရွှေစင်ညွန့် တို့ မှ အထက် ပါရည်ရွယ်ချက် များ ကို ဆွေးနွေးညှိနှိုင်းပြီး
LRDP အား အစပျိုးထူထောင်ခဲ့သည် ထူထောင်ပြီး တစ်နှစ် ၀န်းကျင်တွင် ယခု ညီလာခံ နှင့်
ေ၇ွးကောက် တင်မြောက်ခြင်းကို ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ထူထောင်သူများမှာ အရည်
အသွေးရှိ၍ လူထု အကျိုး အမှန်တကယ် ဆောင်ရွက်နိုင်သူများကို ဦးဆောင်နေရာပေးပြီး ၄င်း
တို့ နှစ်ဦးမှ ဗဟိုအလုပ်အမှုဆောင် အဖြစ်အရွေးချယ်ခံခြင်းမပြုခဲ့ပေ။




                                                                                                    ယဉ်ထွေး
                                                    ဥက္ကဌ
                                                        အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများ
                                                   Labour Rights Defenders & Promoters

Wednesday, February 27, 2013

ဒေါက်တာတင်မျိုးဝင်းအား အလုပ်သမား ရေးဆောင်ရွက်သူများကွန်ယက် မှ ဂုဏ်ပြုလက်မှတ် ပေးအပ်

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် စိတ်အားငွေအားအကြံဥာဏ် အားဖြင့် ၀ိုင်းဝန်း ကူညီ ရပ်တည်
ပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဖြစ်သော ဒေါက်တာတင်မျိုးဝင်းအား အလုပ်သမား ရေးဆောင်ရွက်သူများကွန်ယက် မှ ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားများ အဖွဲ့ ချုပ် အဖွဲ့ ဝင်များအပါအ၀င် လူထု အကျိုးသယ်ပိုးနေသော သူများအား အခမဲ့ ဆေးကုသပေးနေသည့် ဆရာကြီး ၏ ဘားလမ်းဆေးခန်းတွင် ဂုဏ်ပြုလက်မှတ်အားပေးအပ်ခဲ့ခြင်း ကို မှတ်တမ်းတင်အပ်ပါသည်။

Monday, February 25, 2013

Actionaid က ဥက္ကဌ မြန်မာပြည်ေ၇ာက်လာတဲ့ အတွက် ကျမ တို့ LRDPနှင့် တွ့ ဆုံ

ဒီကနေ့  Actionaid က  ဥက္ကဌ မြန်မာပြည်ေ၇ာက်လာတဲ့ အတွက် ကျမ ကိုတွေ့ ဆုံဖို့ ဖိတ်ကြားတဲ့ အတွက် ကျမနဲ့  အတူ ဖိနပ်စက်ရုံများ သမဂ မြို့ နယ်အဆင့် အီးစီ အဖွဲ့ ဝင် အမျိုးသမီး လေးရယ် အထည်ချုပ် သမဂရဲ့ အဖွဲ့ ဝင် ညီမငယ်လေး ရယ် ကန်တော်ကြီးဟော်တယ်မှာ သွားရောက်တွေ့ ဆုံ ဖြစ်ခဲ့ပါတယ် ။ သူတို့ ကတော့ အမျိုးသမီး အခွင့်အရေး ဦးစားပေးမို့  မြန်မာအလုပ်သမားအမျိုးသမီးလေးတွေ ဘ၀ တင်ပြဖြစ်ကြပါတယ်

ဦးသူရိန်အောင်မှ ဂုဏ်ပြုလက်မှတ် ကို ဦးကျော်သူအားပေးအပ်ခဲ့ရာ

ကျမတို့ အလုပ်သမားရေးဆောင်ရွက်သူများကွန်ယက် မှ ဦးစီးကျင်းပပေးသော အလုပ်အမားများအတွက် အလုပ်၇ုံဆွေးနွေးပွဲ ၂ရက်တာ တွင် စားစရိတ် အားလုံး တည်းခို စရိတ်အားလုံး ကူညီပေးခဲ့သော နာရေးကူညီမှုအသင်းအားလေးစားဂုဏ်ပြုသောအား ဖြင့် ကွန်ယက်အဖွဲ့ ဝင် ဦးသူရိန်အောင်မှ ဂုဏ်ပြုလက်မှတ် ကို ဦးကျော်သူအားပေးအပ်ခဲ့ရာ ဦးကျော်သူမှ လက်ခံ ရယူသောပုံဖြစ်ပါသည် ။ ၀မ်းမြောက်ဝမ်းသာ ကြည်နူးနိုင်ကြပါစေ

Saturday, February 23, 2013

အလုပ်သမားအရေးဆောင်ရွက်သူများ၊ အလုပ်သမားသမဂ္ဂများနှင့် ပြည်ထောင်စုဝန်ကြီးများ ဆွေးနွေးပွဲ Peace Center တွင်ကျင်းပ၊









LRDP  ၏ တာဝန်ရှိသူ မှ ၀န်ကြီးများနှင့် တွေ့ ဆုံမှုတွင် အကြံပြုတင်ပြ ချက် မှာ အလုပ်သမားအဖွဲ့ ဖွဲ့ စည်းခွင့် ရပြီး နောက် အလုပ်သမားအဖွဲ့ များဖွဲ့ နိုင်ရန် မိမိတို့ မှ အလုပ်သမားထုထဲ တွင်အခွင့်အလမ်းများ လက်ဆင့်ကမ်းခြင်း ပို့ ချပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ဖွဲ့ စည်းပြီး သမဂ္ဂများကို အလုပ်ရှင်မှ အလုပ်ထုတ်ပစ်ခြင်း နေရာပြောင်းရွေ့ ခြင်းတို့ ကြောင့် ဖွဲ့ စည်းခွင့်ရသည်ကို လက်ဆင့်ကမ်းခဲ့သော မိမိ တို့ ပင် တရားခံ ဖြစ်ပြီလားဟု တွေးတောမိပါသည်။ သို့ အတွက် ၀န်ကြီးများအနေနှင့် အလုပ်ရှင်များကို ပြုပြင်ပြောင်းလဲ လာနိုင်ရန် တိုက်တွန်း နိုးဆော်ရန် အကြံပေးတင်ပြခဲ့သည်။

Tuesday, February 19, 2013

မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့သည့်  အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲ၊




The First Labour Workshop in Myanmar


On February 16-17, there was a labour workshop in Thukha Funeral Association hall. There were over 150 labour attended and they are from 80 labour unions. In that workshop, they have reported the paper about labour rights and Freedom of association were violated. NLD chairperson U Tin Oo, Ko Ko Kyi from peace and transparent society, Government Official Chief Director of Labour Ministry U Win Shein attended and gave opening speeches. Then Mr. Ross Wilson from ILO Freedom of Association talked about the freedom of association and rights to the labour.

After having all the paper from labour unions, U Thurein Aung took responsible for presentation about Labour Rights. U Saw Kyaw Kyaw Min took responsibility for discussion about Trade Disipute and Daw Eai Shwe Sinn Nyunt took responsibility for discussion about Freedom of Association.

We will report to those discussion result to Hluttaw(Parliament) soon.

Labour activists network organized that workshop and other civil society groups donate money for the cost, U Kyaw Thu and Daw Shwe Zee Kywat supported by supplying their hall, food and accomodation during the workshop. The Speakers are Daw Eai Shwe Sinn Nyunt, U Thurein Aung, U Htay, U Tin Ko Ko Thet and U Nyi Nyi Zaw.

Even now is already one year labour unions were allowed to found, but there are too many problems for basic labour unions, and the labours were fired. So we all labour activists trust we have the responsibility. Our Labour activist network will find out the problems of labours and will try to do report to Hluttaw. For the workshop, we could organized and handled by the donation of civil society groups. So the labours’ organizations and labour represented could talk their problems openly. We will report those result to the Hluttaw in coming week.

Labour Activist Network’s Members
1)       Thurein Aung, U Nyi Nyi Zaw – Labour Activists Group
2)       Lawyer U Htay – Myanmar Labour’s Network
3)     Daw Eai Shwe Sinn  Nyunt     Labour Rights Defenders and Promoters
4)   U Tin Ko Ko Thet, U Ye’ Win Htun – Seamen Group, MMF
5)            U Aung Thu, Industry Labour Union – MITU
6)       U Wunna Htun, U Myo Zaw – Export and Import Inspection Union
7)U Yin Aye, Farmers Union – AFFM
8)       U Saw Kyaw Kyaw Min – Lawyers for Labours – LLC
9)      U Htun Htun Naing – Labour Cooperation Committee – CCTU
And other organization supported the network and labour responsible person

1) Ma Mar Mar Oo – 88 generation’s labour concern
2) Nanda Sit Aug – Burmese Students Union’s Labour concern
3) U Zwe Yan Naing – Myanmar Youth Network’s Labour concern
4) Pan Tee Eain Women Group








Ko Ko Gyi ( 88 generation)

 ဖေဖေါ်ဝါရီလ ဆယ့်ခြောက်ရက်နှင့် ဆယ့်ခုနှစ်ရက်တို့ တွင် သုခ ခန်းမ နာရေးကူညီမှုအသင်း
တွင် အခြေခံအလုပ်သမားသမဂ္ဂ ပေါင်းတစ်ရာနီးပါးတို့  က အလုပ်သမားရေးရာအလုပ်ရုံဆွေးနွေးပွဲအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။
တက်ရောက်လာသည့် အလုပ်သမားပေါင်း မှာတစ်ရာ့ငါးဆယ်ကျော်ဖြစ်ပြီး သမဂ္ဂပေါင်း ၈၀ကျော်မှ
တက်ရောက်၍ လက်ရှိ အလုပ်သမားအခွင့်အရေး နှင့် ဖွဲ့ စည်းရေးအတွက် ဖိနှိပ်ချိုးဖောက်ခံ
ရမှုများကို စာတန်းဖတ်တင်ပြသွားပါသည်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် နာယက ကြီး ဘဘ ဦးတင်ဦး၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း မှ ဦးကိုကိုကြီး၊ အလုပ်သမားရေးဝန်ကြီးဌာန ၏ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တို့ က အဖွင့် အမှာစကားပြောကြားပေးကြပြီး၊ ILO မှ လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းရေး တာဝန်ခံ မစ္စတာရော့(စ်) ၀ီလစင် မှ ဒုတိယနေ့ တွင် အလုပ်သမားများအတွက် လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းမှုဆိုင်ရာ နှင့် အခွင့်အလမ်းများကို ဆွေးနွေးတင်ပြသွားပါသည်။
ဤ အလုပ်ရုံဆွေးနွေးပွဲသို့  သမဂ္ဂအသီးသီး၏ တင်သွင်း ဖတ်ကြားသွားသောစာတန်းများကိုပြုစု ၍ Labour Rights (အလုပ်သမားအခွင့်အရေး)နှင့် ပတ်သတ်၍ ဦးသူရိန်အောင်မှ
တာဝန်ယူကာအစုလိုက် စုစည်းဆွေးနွေးတင်ပြသွားပြီး Trade disipute(အငြင်းပွါးမှု) နှင့် ပတ်သက်၍ ဦး
စောကျော်ကျော်ကျော်မင်းမှ တာဝန်ယူကာ အစု အဖွဲ့ အလိုက်ဆွေးနွေးတင်ပြသွားပြီး ဒေါ်အိရွှေစင်ညွန့် မှ တာဝန်ယူကာ Freedom of Association (လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းခွင့် )နှင့် ပတ်သက်ပြီး အစု အဖွဲ့ အလိုက် ဆွေးနွေးသွားပါသည်။ ဆွေးနွေးတင်ပြချက် များကို လာမည့်ရက်သတ္တပတ်အတွင်း
လွှတ်တော်သို့  တင်သွင်းသွားမည်ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို အလုပ်သမားရေးဆောင်ရွက်သူများကွန်ယက်မှ တာဝန်ယူဆောင်ရွက်ပြီး လူထု အကျိုးပြု ဆောင်ရွက်နေသောအဖွဲ့ အစည်း အသီးသီး၏
အလှူငွေများ ဦးကျော်သူဒေါ်ရွှေဇီးကွက် တို့ ၏ ခန်းမ နှင့် အလုပ်ရုံဆွေးနွေးပွဲတစ်လျောက်
စားသောက်နေထိုင်မှုများအစစ တာဝန်ယူမှုကြောင့် ဤ အလုပ်ရုံဆွေးနွေးပွဲအားအောင်မြင်စွာကျင်းပနိုင်ခြင်းဖြစ်ပါသည်။.

Sunday, February 3, 2013

the labour reqistration officer & LRDP


Discussed and explained for the basic labour organization (ShweKu) with the labour reqistration officer from  Mague division.

LRDP - Activity


Disscussed and explained about labours right at the Basic labour organization (ShweKu)
Mague division .