ပင်မစာမျက်နှာများ

Sunday, October 19, 2014

LRDP trained for Mandalay Division and Sagaing Division (NLD labour affair committee)

 

 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိတိုင်း၊ခရိုင်၊ မြို့ နယ်အလုပ်သမားရေးရာကော်မတီ)၀င်များအားအလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ မှ  ၁၈ရက်၊၁၉ ရက် အောက်တိုဘာလ ၂၀၁၄ နေ့ တွင်သင်တန်းပေးခဲ့ပါသည်။
သင်တန်းတွင်အလုပ်သမားရေးရာအငြင်းပွားမူဆိုင်ရာအကြောင်းအရာများ။လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့ စည်းခြင်းဆိုင်ရာ  မူဆိုင်ရာဥပဒေများအကြောင်းနှင့်အိုင်အယ်အိုနှင့် မြန်မာနိုင်ငံဆက်စပ်မူများအကြောင်းအရာများ ဆွေးနွေးခဲ့ပါသည်။


Saturday, October 18, 2014

LRDP meeting with Timothy Ryan Regional Program Director - Asia Solidarity Center

ရန်ကုန်မြို့ တွင်ရောက်ရှိနေသော အမေရိကန်နိုင်ငံ Asia Solidarity Center ၏ ဒါရိုက်တာ Timothy Ryan Regional နှင့် အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ နှင့် တွေ့ ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံ၏ အလုပ်သမားများ၊ သမဂများနှင့် အနာဂတ်မြန်မာနိုင်ငံ အလုပ်သမားအရေးကိစ္စများအား ဆွေးနွေးခဲ့ပါသည်။

Sunday, October 12, 2014

Training for Trade Unions at Madalay Division



၉-၁၀-၂၀၁၄ နှင့် ၁၀-၁၀-၂၀၁၂ တွင် မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပလိပ် အမှတ်(၂) အထည်ချူပ်မှာတောင့်တင်းခိုင်မာသော အလုပ်သမားသမဂ္ဂ များ ပေါ်ပေါက်ရေး ရည်ရွယ်၍ သွားရောက်သင်တန်းပေးခဲ့ပါတယ် ။ သင်တန်းဖြစ်မြောက်ရေးနဲ့ စည်းရုံးဆောင်ရွက်မှုကို  LRDP မှ တာဝန်ယူပြီး သင်တန်း ကုန်ကျစရိတ် နဲ့ သင်တန်းသားများ ခရီးစရိတ်ကို ILO မှ တာဝန်ယူဆောင်ရွက်ပါတယ် သင်တန်းပို့ချပေးသူများမှာ ILO ၏ FOA ဌာန တာဝန်ရှိသူ မစ္စတာခရစ်စတိုဖာလန်း ၊ ILO မှ ဆရာမလေးဖြိုး နှင့် LRDP မှ ဒေါ်အိရွှေစင်ညွှန့် တို့ မှ ပို့ချခဲ့ပါတယ် ။ တက်ရောက်သည့် သမဂ္ဂ ပေါင်း ၂၀ နီးပါးရှိပြီး တက်ရောက်သူ အလုပ်ရှင် အလုပ်သမား စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့ကြပါတယ် အပြန်အလှန်ဆွေးနွေးမှု များနှင့် အတူ ရှေ့အနာဂတ် အလုပ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ပေးနိုင်ဖို့ အားရစရာ သဘောထားများ အပြန်အလည်ရရှိခဲ့ပါတယ် ။ မြစ်သား၊ကျောက်ဆည် ၊မန္တလေး ၊ စဥ့်ကိုင် နှင့် စစ်ကိုင်းတိုင်းမှ အလုပ်သမားသမဂ္ဂများပါတက်ရောက်ခဲ့ကြပါတယ် ။


Monday, September 29, 2014

မည်သည့် အမည်ခံ အလုပ်သမားအဖွဲ့ ချုပ် နှင့် မျှမသက်ဆိုင်သော ဒေါက်တာ မင်းညို နှင့် ဒေါ်အိရွှေစင်ညွှန့်  LRDP အနေနှင့် အလုပ်သမားများအား သင်တန်းပို့ ချသွားမည်

၂၅- ၉-၂၀၁၄ မှာ ဒေါက်တာ မင်းညို နဲ့ အိရွှေစင်ညွန်ံ နှစ်ယောက် အုပ်ကံ မှာ အလုပ်သမား သမဂ္ဂတွေ ကို သင်တန်းပေးပါတယ် တချိန်က သမဂ္ဂ တခု မှာ အတူ ရှိပေ မဲ့ ကွဲ တော့ Dr မင်းညို ပါမလာ ဘူး အခု မြန်မာပြည်ထဲ ရောက်တော့ ပညာရှင် ဒေါက်တာ မင်းညိုကိုယ်တိုင် အာဏာရှင် --သမဂ္ဂအတု အယောင် ကို လက်မခံ တော့ ဘူး ဒါ့ကြောင့် ကျမ လက်တွဲပြီး သင်တန်း တူတူ ပေးတယ် လူထုအတွက် အလုပ်လုပ်ကြတယ် ကျမတို့ မှာ ပိုက်ဆံ မရှိဘူး ဆူညံနေတဲ့ နေပူနေတဲံ လိုင်းကားစီးပြီး ရန်ကုန်တိုင်း လှည်းကူး အုပ်ကံ အထိ သွားကြတယ် ပျော်တယ် ပြည်သူ နဲ့ အလုပ်သမား က အရမ်းလိုလားပါတယ်။

နေပြည်တော် လယ်ဝေးတွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေး သွားရောက်

၂၇- ၉-၂၀၁၄မှာ ကျမ ရဲ့ မွေးဇာတိဖြစ်တဲ့ နေပြည်တော်လယ်ဝေးနဲ့ အနီး အေလာမှာ လယ်သမားတွေ လယ်ရေမြုတ် မှု ရေဆိုးမြောင်းပြဿနာကို သွားရောက်ဖြေရှင်းရင် လယ်သမားတွေကို သမဂ`ဂ ဆိုင်ရာ သင်တန်းပို့ချခဲ့ပါတယ် အေလာ SB ကလည်းသူ့ တာဝန်အ၇ လာရောက်မေးမြန်းတဲ့ အခါ FOA ကို ၁၉၅၅ ထဲ ကမြန်မာက လက်မှတ်ထိုး ထားတာ ရှင်းပြလိုက်ပါတယ် ILO က အခမဲ့ စာအုပ်ဝေ ပေမဲ့ အစိုးရ ရဲ့တာဝန် ဆိုတာ သိအောင်ပြောပြလိုက်ပါတယ်။

LRDP မှ အလုပ်ရှင် အလုပ်သမား ပြဿ နာအား ၀င်ရောက်ဖြေရှင်း ညှိနှိုင်း အောင်မြင်

ဒီနေ့ အတော် ပျော်တယ် အလုပ်ရှင် အလုပ် သမားပြေလည်အောင်လို့ ကျမ တဦးတည်း စက်ရုံထဲ ၀င် ညှိနှိုင်းလိုက်တယ် တိုးမြင့်အောင် ကုမ္မဏီ က ဆန္ဒပြနေတာ တပတ်ကျော်ပြီ ကလေးတွေ က တောင်းဆို အလုပ်ရှင် က လိုက်လျောဖို့ ခက်ခဲ နဲ့ သေချာညှိနှိုင်းလိုက်တဲ့ အခါ ကျမ ကိုယ်တိုင် စက်၇ုံထဲ ကို ၀င်ခွင့်တောင်းပြီး အလုပ်ရှင် အလုပ်သမား လိုအပ်ချက်ကို မျှတ တဲ့ ပုံစံဆွေးနွေးတာ အောင်မြင်တယ် ပျော်လိုက်တာ အလုပ်သမား ၂ထောင် နီးပါး ဆန္ဒပြမှုရပ်ပြီး မနက် အလုပ်ဆင်းနိုင်တော့မယ် ရှားပါးစရိတ် ၄ထောင် ၅ထောင်ကနေ ၂သောင်းရပြီး ဒေးကြေး ၂၄၅ ကျပ် တိုးရရှိပါတယ် အလုပ်၇ှင် လည်း အတော် ညှိနှိုင်းရလွယ်တယ် သူ တကိုယ်ကောင်းစိတ် သိတ်မရှိဘူး အလုပ်သမားတွေ က လည်း စက်ရုံတွင်းပြေလည်ချင်တော့ ရလဒ်ကောင်းကို လှိုင်သာယာစက်မှုဇုံမှာ ဆန္ဒအကြီးအကျယ်မပြရပဲ အောင်မြင်ခဲ့ပါတယ်။