ပင်မစာမျက်နှာများ

Sunday, November 3, 2013

၁၃၀၀ပြည့် ရေနံမြေအရေးတော်ပုံ (၇၅) နှစ်မြောက် စိန်ရတု အခမ်းအနားကျင်းပမည်

နှစ်တစ်ရာ တိုင်အောင် ကိုလိုနီနယ်ချဲ့ စနစ်အောက်မှာ ကျွန်ပြုခံခဲ့ရသောမြန်မာနိုင်ငံသည် ၁၃၀၀ပြည့် ရေနံမြေ အရေးတော်ပုံကြီးကနေ နိုးကြားလာခဲ့ပြီး ၁၀နှစ်ကြာသောအခါတွင် လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။  ကိုလိုနီနယ်ချဲ့ အစိုးရနှင့် အရင်းရှင်များ၏ မတရားဖိနှိပ်သွေးစုပ်မူကို ခေါင်းငုံမခံ တွန်းလှန်ခဲ့သော မြန်မာ့သမိုင်းမှ အထင်ကရ ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံကြီး၇၅ နှစ် ပြည့် စိန်ရတုအခမ်အနားအား ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ချေက်ရေနံမြေအရေးတော်ပုံတွင် ချေက်မြို့ မှနေပြီး ရန်ကုန်မြို့ ထိ မိုင် ၄၀၀ ကျော် ခြေလျင်ခရီးကြမ်းကြီးကို အခက်အခဲပေါင်းများစွာဖြင့် တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည်။ ရေနံမြေ အလုပ်သမားကြီးများ၊ သခင်သခင်မကြီးတို့ ရဲ့ အံ့မခန်း အံတုတွန်းလှန်မူ၊ ဇွဲသတ္တိ၊စွန့် လွတ်စွန့် စားအနစ်ခံသည့် စိတ်ဓါတ်တို့ သည် နောင်လာနောက်သားတို့ အတွက် စံ နမူနာယူဖွယ်လည်းဖြစ်သည်။
၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံကြီးသည် မြန်မာပြည်အနှံ လူထုလူတန်းစားပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးစုံတို့ ပါဝင်သော နယ်ချဲ့ တော်လှန်ရေးစိတ်ဓါတ်သည် ကိုလိုနီနယ်ချဲ့ စနစ်အား မြန်မာ့မြေပေါ်မှ အပြီးမောင်းထုတ်နိုင်ခဲ့သော သမိုင်းဝင်နေ့ ထူးနေ့ ရက်ပင်ဖြစ်သည်။
သမိုင်းဂုဏ်ရောင်ပြောင်ခဲ့သော ၁၃၀၀ ပြည့်ရေနံမြေအရေးတော်ပုံကြီးကို သမိုင်းအမွေခံယူပြီး ၇၅ နှစ်မြောက် စိန်ရတုအခမ်းအနားအား စုစည်းညီညွတ်စွာဖြင့် ကျင်းပသွားမည်ဟု ၁၃၀၀ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီ(ချေက်) မြိ့ မှကြေညာချက်ထုတ်ပြန်ထားသည်။
အခမ်းအနားအစီအစဉ်များတွင် သခင်ဖိုးလှကြီး၏ ကြေးသွန်းရုပ်တုအား ဖွင့်လှစ်ခြင်း၊ ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံပြခန်းများပြသခြင်း၊ သခင် သခင်မကြီးများ၏ မျိုးဆက်သားသမီးများအား ဂုဏ်ပြုငွေပေးအပ်ခြင်း၊
၁၃၀၀ပြည့် ရေနံမြေအရေးတော်ပုံသမိုင်း စာပေဟောပြောပွဲအစီအစဉ်များ၊နှင့် ဂုဏ်ပြဧည့်ခံဖျော်ဖြေရေးအစီအစဉ်များအား ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment